အင္ဒိုနီးရွာက ေငြေရာင္လူသား ေတာင္းရမ္းသူမ်ား အေၾကာင္း

အင္ဒိုက ေငြေရာင္လူသား ေတာင္းရမ္းသူမ်ား အေၾကာင္း

ေတာင္းရမ္း စားေသာက္ သူေတြကို ကမာၻအႏွံ႕က ၿမိဳ႕တိုင္းလိုလိုမွာ ေတြ႕ရၿပီး ဒါဟာသိပ္အထူး အဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အင္ဒိုနီရွားက ၿမိဳ႕တိုင္လိုလိုမွာေတာ့ တမူထူးတဲ့ ေတာင္း ရမ္းသူ အမ်ိဳးအစား

တမ်ိဳး ရွိေနပါတယ္။ ဒါကေတာ့ ေငြေရာင္ လူ သား လို႔ေခၚတဲ့ ေတာင္းရမ္း သူေတြျဖစ္ၿပီး သူတို႔ကို Manusia Silver လို႔သိၾကပါတယ္။ တျခားေနရာေတြမွာေတာ့ အထူးအဆန္း ျဖစ္မွာျဖစ္ေပမယ့္ အင္ဒိုနီးရွားမွာေတာ့ ဒီလိုမ်ိဳး ခႏၶာကိုယ္ ကို ေငြမင္ေရာင္ ျခယ္သထားတဲ့ ေတာင္းရမ္းသူေတြကို

ၿမိဳ႕တိုင္း လိုလိုမွာ ေတြ႕ရေလ့ရွိတဲ့ အတြက္ ပုံမွန္ေတြ႕ေနၾက အရာတခုျဖစ္ေနပါၿပီ။ ေတာင္းရမ္းသူ ေတြကေတာ့ ဒီလိုျခယ္သ ထားျခင္းအား ျဖင့္ သူတို႔ကို လူေတြက ပိုမိုသတိထားမိၿပီး ပိုက္ဆံမ်ားမ်ား ပိုရနိုင္တဲ့ အခြင့္အေရး ရွိတယ္လို႔ ဆိုၾကပါတယ္။

သူတို႔အတြက္ေတာ့ ေငြေရာင္ လူသားအျဖစ္ ကိုေျပာင္းလဲဖို႔က လြယ္ကူပါတယ္။ ေငြမင္ေရာင္ေဆးဘူး တဘူးကို ယူၿပီး တကိုယ္လုံးကို သုတ္ လိမ္း လိုက္တာနဲ႕ ေျပာင္းလဲ ပစ္နိုင္ပါတယ္။ အဲဒီေနာက္ေတာ့ လမ္းမေပၚက ကားႀကိဳ ကားၾကား မွာ ေငြေရာင္တလက္လက္

ေတာက္ေနၿပီး စကၠဴပုံးကိုင္ကာ လိုက္လံ ေတာင္း ရမ္းေနတဲ့ သူတို႔ကို ျမင္ၾကရမွာပါ။ အင္ဒိုနီးရွားမွာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ ကစလို႔ ဒီအေလ့အ ထကို စတင္သုံးစြဲ ခဲ့ၾကၿပီး အခုအခ်ိန္မွာေတာ့ ေတာင္းရမ္းသူ အားလုံးလိုလိုဟာ ဒီနည္းနဲ႕ေတာင္းရမ္း ေနၾကပါတယ္။

အစပိုင္းမွာေတာ့ တမ်ိဳးထူးျခားေနေပမယ့္ ဒီလိုေငြေရာင္လူသားေတြ အဆမတန္မ်ားျပားလာတဲ့အခါမွာေတာ့ သူတို႔ကိုေတြ႕တဲ့သူေတြအဖို႔ ျမင္တာနဲ႕ စိတ္မသက္မသာျဖစ္ၾကရပါတယ္။ ၿပီးခဲ့တဲ့ လက ဆိုရွယ္မီဒီယာေပၚ ပ်ံႏွံ႕သြားတဲ့ ေငြမင္ေရာင္ျခယ္သထားတဲ့

၄ႏွစ္အ႐ြယ္ ကေလးငယ္ရဲ႕ ဗီဒီယိုေၾကာင့္ ျခား နိုင္ငံေတြက လူေတြကပါ သတိထားမိ သြားခဲ့ၾကပါတယ္။ ေတာင္းရမ္းသူ ၄ႏွစ္အ႐ြယ္ ကေလးငယ္ဟာ သြားလာေနတဲ့ ကားေတြၾကားမွာ ေျပး လႊားေနလ်က္ ရွိတာပါ။ အခ်ိန္အေ႐ြး အႏၲရာယ္ျဖစ္သြားေစ နိုင္တဲ့အတြက္ လူအမ်ားက ခိုင္းစားတဲ့ သူေတြအေပၚမွာ ေဒါသထြက္ခဲ့ ၾကပါတယ္။

ဒီျဖစ္ရပ္ဟာ သတင္းစာေတြ ထဲအထိေတာင္ ပါ လာခဲ့ၾကၿပီး သူတို႔ကို ဖမ္းဆီးျခင္း ၊ ဒါဏ္ရိုက္ျခင္း နဲ႕ လမ္းေတြေပၚမွာ ေလ်ာ့က်သြားေစဖို႔ အင္ဒို ရဲေတြဟာ ႀကိဳးစားခဲ့ၾကပါတယ္။ အဓိကအ ေၾကာင္းကေတာ့ လူေတြဆီက ေငြကို မေပးမခ်င္း နားပူနားဆာလုပ္ကာ ေတာင္းတတ္ၾကလို႔ပါ။ Tags: amazing / Discussion about this post သုတဇုန္

(Unicode) အင်ဒိုက ငွေရောင်လူသား တောင်း ရမ်းသူများ အကြောင်း

တောင်းရမ်း စားသောက် သူတွေကို ကမ္ဘာအနှံ့က မြို့တိုင်းလိုလိုမှာ တွေ့ရပြီး ဒါဟာသိပ်အထူး အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အင်ဒိုနီရှားက မြို့တိုင်လိုလိုမှာတော့ တမူထူးတဲ့ တောင်း ရမ်းသူ အမျိုးအစား

တမျိုး ရှိနေပါတယ်။ ဒါကတော့ ငွေရောင် လူ သား လို့ခေါ်တဲ့ တောင်းရမ်း သူတွေဖြစ်ပြီး သူတို့ကို Manusia Silver လို့သိကြပါတယ်။ တခြားနေရာတွေမှာတော့ အထူးအဆန်း ဖြစ်မှာဖြစ်ပေမယ့် အင်ဒိုနီးရှားမှာတော့ ဒီလိုမျိုး ခန္ဓာကိုယ် ကို ငွေမင်ရောင် ခြယ်သထားတဲ့ တောင်းရမ်းသူတွေကို

မြို့တိုင်း လိုလိုမှာ တွေ့ရလေ့ရှိတဲ့ အတွက် ပုံမှန်တွေ့နေကြ အရာတခုဖြစ်နေပါပြီ။ တောင်းရမ်းသူ တွေကတော့ ဒီလိုခြယ်သ ထားခြင်းအား ဖြင့် သူတို့ကို လူတွေက ပိုမိုသတိထားမိပြီး ပိုက်ဆံများများ ပိုရနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ဆိုကြပါတယ်။

သူတို့အတွက်တော့ ငွေရောင် လူသားအဖြစ် ကိုပြောင်းလဲဖို့က လွယ်ကူပါတယ်။ ငွေမင်ရောင်ဆေးဘူး တဘူးကို ယူပြီး တကိုယ်လုံးကို သုတ် လိမ်း လိုက်တာနဲ့ ပြောင်းလဲ ပစ်နိုင်ပါတယ်။ အဲဒီနောက်တော့ လမ်းမပေါ်က ကားကြို ကားကြား မှာ ငွေရောင်တလက်လက်

တောက်နေပြီး စက္ကူပုံးကိုင်ကာ လိုက်လံ တောင်း ရမ်းနေတဲ့ သူတို့ကို မြင်ကြရမှာပါ။ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် ကစလို့ ဒီအလေ့အ ထကို စတင်သုံးစွဲ ခဲ့ကြပြီး အခုအချိန်မှာတော့ တောင်းရမ်းသူ အားလုံးလိုလိုဟာ ဒီနည်းနဲ့တောင်းရမ်း နေကြပါတယ်။

အစပိုင်းမှာတော့ တမျိုးထူးခြားနေပေမယ့် ဒီလိုငွေရောင်လူသားတွေ အဆမတန်များပြားလာတဲ့အခါမှာတော့ သူတို့ကိုတွေ့တဲ့သူတွေအဖို့ မြင်တာနဲ့ စိတ်မသက်မသာဖြစ်ကြရပါတယ်။ ပြီးခဲ့တဲ့ လက ဆိုရှယ်မီဒီယာပေါ် ပျံနှံ့သွားတဲ့ ငွေမင်ရောင်ခြယ်သထားတဲ့

၄နှစ်အရွယ် ကလေးငယ်ရဲ့ ဗီဒီယိုကြောင့် ခြား နိုင်ငံတွေက လူတွေကပါ သတိထားမိ သွားခဲ့ကြပါတယ်။ တောင်းရမ်းသူ ၄နှစ်အရွယ် ကလေးငယ်ဟာ သွားလာနေတဲ့ ကားတွေကြားမှာ ပြေး လွှားနေလျက် ရှိတာပါ။ အချိန်အရွေး အန္တရာယ်ဖြစ်သွားစေ နိုင်တဲ့အတွက် လူအများက ခိုင်းစားတဲ့ သူတွေအပေါ်မှာ ဒေါသထွက်ခဲ့ ကြပါတယ်။

ဒီဖြစ်ရပ်ဟာ သတင်းစာတွေ ထဲအထိတောင် ပါ လာခဲ့ကြပြီး သူတို့ကို ဖမ်းဆီးခြင်း ၊ ဒါဏ်ရိုက်ခြင်း နဲ့ လမ်းတွေပေါ်မှာ လျော့ကျသွားစေဖို့ အင်ဒို ရဲတွေဟာ ကြိုးစားခဲ့ကြပါတယ်။ အဓိကအ ကြောင်းကတော့ လူတွေဆီက ငွေကို မပေးမချင်း နားပူနားဆာလုပ်ကာ တောင်းတတ်ကြလို့ပါ။ Tags: amazing / Discussion about this post သုတဇုန

Tags: