စင်္ကာပူမှာ အသက်၉၀ကျော် အိမ်ရှင် အမျိုးသ မီး ကြီးကို သတ်ခဲ့တဲ့ မြန်မာအိမ်အကူ
စင်္ကာပူနိုင်ငံတွင် မြန်မာအိမ်အကူကို လူသတ်မှုကျုးလွန်ခဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီး
စင်္ကာပူနိုင်ငံတွင် ဇူလိုင်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ကျော်လောက်မှာ အသက် ၃၄ နှစ်အရွယ် မြန်မာ အိမ်အကူကို Upper Seran goon ကနေ အိမ်မှာ အသက် ၉၅နှစ်အရွယ်
အမျိုးသမီးကြီးအား လူသတ်မှု ကျုးလွန်ခဲ့သည့် အတွက် ရဲက ဖမ်းဆီးလိုက်ပြီဘဲ ဖြစ်ပါတယ်။ ရဲ တပ်ဖွဲ့ရဲ့ ထုတ်ပြန်တဲ့ သတင်းအရ Recreation လမ်းမှာရှိတဲ့ အဆိုပါနေအိမ်မှာ
ဓားထိုးမှု ဖြစ်ရပ်အတွက် တိုင်ကြားသည့်ကို လာရောက် စစ်ဆေးခဲ့ရာမှ လူသတ်မှု ကျုးလွန်တာကို တွေ့ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ အဆိုပါဖြစ် ရပ်ကို လူသတ်မှုအဖြစ် သတ်မှတ်လိုက်ပါတယ်။
မှုခင်း စုံစမ်းချက်တွေ အရ သေဆုံးသူနဲ့ အိမ်အ ကူတို့ဟာ တစ်အိမ်ထဲ နေသူတွေလို့ ဆိုပါတယ်။ အမှုကို လာမည့် ဗုဒ္ဓဟူးနေ့မှာ တရားရုံးမှာ စွဲ ချက် တင်ပါလိမ့်မယ်။
အိမ်နီးချင်းတွေ ပြောပြချက် အရကတော့ အိမ် သားတွေနဲ့ အိမ်အကူတို့ကြား အဆင်မပြေတာတွေ မတွေ့ရသလို ထူးထူးခြားခြား ဖြစ်စဉ်တွေလည်း မရှိဘူးလို့ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးကြီးဟာ သားဖြစ်သူနဲ့အ တူ နေထိုင်တယ်လို့ သိရပါတယ်။ Source – Si Thu Maun
Tags: