ျမန္မာ့ ဂုဏ္ေဆာင္ႀကီး ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု ကာကြယ္ပြဲကို ေအာက္တိုဘာလတြင္ က်င္းပဖြယ္ရွိ

ျမန္မာ့ ဂုဏ္ေဆာင္ႀကီး ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု ကာကြယ္ပြဲကို ေအာက္တိုဘာလတြင္ က်င္းပဖြယ္ရွိ

ONE Championship ၏ ဝိတ္တန္းႏွစ္ခု ခ်န္ပီ ယံ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲကို ေအာက္တိုဘာတြင္ က်င္းပဖြယ္ ရွိေန သည္။

ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္ တန္းကမာၻ႔ ခ်န္ပီယံကာကြယ္ပြဲ အျဖစ္ ၿပိဳင္ဘက္ေဟာင္ း႐ုရွားနိုင္ငံသား ဗစ္တာလီဘစ္ဒက္ရွ္ ႏွင့္ ယွဥ္ ၿပိဳင္ရမည္ ျဖစ္ၿပီး ယခင္က ဧၿပီ ၁၀ ရက္တြင္ က်င္းပရန္ စီစဥ္ထားေသာ္လည္း

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေ႐ႊ႕ဆိုင္း ထားျခင္းျဖစ္ၿပီး ေမလထဲတြင္ က်င္းပရန္ ေျပာင္းလဲစီစဥ္ခဲ့ေသာ္လည္း ေရာဂါအေျခအေန တည္ၿငိမ္မႈ မရွိေသာေၾကာင့္ ထပ္မံေ႐ႊ႕ဆိုင္းခဲ့ ျခင္းျဖစ္သည္။ ONE Championship သည္

ၿပီးခဲ့သည့္ ရက္ပိုင္းက ယခုႏွစ္အတြင္း က်င္းပမည့္ ၿပိဳင္ပြဲမ်ားကို ထုတ္ျပန္ခဲ့ရာ ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲ ပါဝင္သည့္ ONE Infinity – 1 ၿပိဳင္ပြဲကို ေအာက္တိုဘာ ၂၅ ရက္တြင္ ဂ်ပန္နိုင္ငံ၌ က်င္း ပရန္ စီစဥ္ထားျခင္း ျဖစ္သည္။

ကိုဗစ္ – ၁၉ ေရာဂါေၾကာင့္ လအနည္းငယ္ၾကာ ၿပိဳင္ပြဲမ်ား က်င္းပနိုင္ျခင္း မရွိခဲ့ေသာ္ လည္း ONE Champion ship သည္ ဇူလိုင္ ၃၁ ရက္တြင္ ထိုင္းနိုင္ငံ၌ ၿပိဳင္ပြဲ စတင္က်င္းပမည္ ျဖစ္ၿပီး ပရိသတ္မပါဘဲ က်င္းပမည္ ျဖစ္သည္။

ေအာင္လအန္ဆန္သည္ လက္ရွိတြင္ ကိုဗစ္-၁၉ ေရာဂါ ခံစားေနရ ေသာ္လည္း ၿပိဳင္ပြဲအမီ ျပန္ လည္ ေလ့က်င့္နိုင္ဖြယ္ ရွိေနၿပီး က်န္းမာေရးအေျခအေန တိုးတက္မႈ ရွိေၾကာင္း သိရသည္။

ေအာင္လအန္ဆန္ႏွင့္ ဘစ္ဒက္ရွ္သည္ သုံးႀကိမ္ေျမာက္ ေတြ႕ဆုံျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္ႀကိမ္တြင္ တစ္ႀကိမ္စီ အနိုင္ရခဲ့သည္။ ေအာင္လအန္ဆန္သည္ ပထမအႀကိမ္ ေတြ႕ဆုံရာတြင္ ျပင္ဆင္မႈအခ်ိန္ နည္းပါးခဲ့၍ ဘစ္ဒက္ရွ္ကို

အေရးနိမ့္ခဲ့ေသာ္လည္း ေျခာက္လ အၾကာတြင္ ျပန္လည္ စိန္ေခၚရာတြင္ အမွတ္ျဖင့္ ျပန္လည္အနိုင္ယူၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ရယူနိုင္ခဲ့သည္။ ေအာင္လအန္ဆန္ သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ၂၀၁၇ ခုႏွစ္ ဇြန္လတြင္ ရယူနိုင္ခဲ့ၿပီး

ယင္းေနာက္ပိုင္း ခ်န္ပီယံကာကြယ္ပြဲ သုံးပြဲထိုးသတ္ခဲ့ရာ ဂ်ပန္နိုင္ငံသား ဟဆဲဂါဝါကိုႏွစ္ပြဲ၊ လက္ဘႏြန္နိုင္ငံသား ကရာကီကို တစ္ပြဲ အနိုင္ရခဲ့သည္။ Ref ; Myanmar Digital News

မြန်မာ့ ဂုဏ်ဆောင်ကြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို အောက်တိုဘာလတွင် ကျင်းပဖွယ်ရှိ

ONE Championship ၏ ဝိတ်တန်းနှစ်ခု ချန်ပီ ယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာတွင် ကျင်းပဖွယ် ရှိနေ သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ် တန်းကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲ အဖြစ် ပြိုင်ဘက်ဟောင် းရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် နှင့် ယှဉ် ပြိုင်ရမည် ဖြစ်ပြီး ယခင်က ဧပြီ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း

ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်း ထားခြင်းဖြစ်ပြီး မေလထဲတွင် ကျင်းပရန် ပြောင်းလဲစီစဉ်ခဲ့သော်လည်း ရောဂါအခြေအနေ တည်ငြိမ်မှု မရှိသောကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ ခြင်းဖြစ်သည်။ ONE Championship သည်

ပြီးခဲ့သည့် ရက်ပိုင်းက ယခုနှစ်အတွင်း ကျင်းပမည့် ပြိုင်ပွဲများကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ ပါဝင်သည့် ONE Infinity – 1 ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်း ပရန် စီစဉ်ထားခြင်း ဖြစ်သည်။

ကိုဗစ် – ၁၉ ရောဂါကြောင့် လအနည်းငယ်ကြာ ပြိုင်ပွဲများ ကျင်းပနိုင်ခြင်း မရှိခဲ့သော် လည်း ONE Champion ship သည် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံ၌ ပြိုင်ပွဲ စတင်ကျင်းပမည် ဖြစ်ပြီး ပရိသတ်မပါဘဲ ကျင်းပမည် ဖြစ်သည်။

အောင်လအန်ဆန်သည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ခံစားနေရ သော်လည်း ပြိုင်ပွဲအမီ ပြန် လည် လေ့ကျင့်နိုင်ဖွယ် ရှိနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်မှု ရှိကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ပထမအကြိမ် တွေ့ဆုံရာတွင် ပြင်ဆင်မှုအချိန် နည်းပါးခဲ့၍ ဘစ်ဒက်ရှ်ကို

အရေးနိမ့်ခဲ့သော်လည်း ခြောက်လ အကြာတွင် ပြန်လည် စိန်ခေါ်ရာတွင် အမှတ်ဖြင့် ပြန်လည်အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ အောင်လအန်ဆန် သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရယူနိုင်ခဲ့ပြီး

ယင်းနောက်ပိုင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲထိုးသတ်ခဲ့ရာ ဂျပန်နိုင်ငံသား ဟဆဲဂါဝါကိုနှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီကို တစ်ပွဲ အနိုင်ရခဲ့သည်။ Ref ; Myanmar Digital New

Add a Comment

Your email address will not be published. Required fields are marked *