ရွမ္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕ရဲ႕ ရပ္ ကြက္ တခုမွာ အိမ္ေပၚထိ တက္ကာ အႏုၾကမ္းစီးမႈ ျဖစ္ပြ

ရွမ္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕ရဲ႕ ရပ္ ကြက္ တခုမွာ အိမ္ေပၚထိ တက္ကာ အႏုၾကမ္းစီးမႈ ျဖစ္ပား

ရွမ္းျပည္နယ္ ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕ ခ်မ္းျမသာစည္ရပ္ကြက္ နယ္ေျမ (၁၂) အတြင္းရွိ ေန အိမ္တစ္လုံးတြင္ ယေန႕ ဇူလိုင္လ ၆ ရက္ နံနက္ပိုင္း အႏုၾကမ္းစီးမႈ တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မနက္ ၆ နာရီေလာက္မွာ ေအာ္သံၾကားေတာ့ ေဘးအိမ္က လူေတြထြက္ လာၾကၿပီး ေရွ႕မွာဝိုင္း ထားသလို ျဖစ္သြားေတာ့ အိမ္အေနာက္ ဘက္ကို ျပတင္းေပါက္ကေန ထြက္ ေျပးသြားတယ္။ သက္ေသခံ ဓါးတစ္ေခ်ာင္းေတာ့ ရဲလက္ထဲ အပ္လိုက္တယ္။ က်ဴးလြန္သူက

တစ္ေယာက္ထဲပါပဲ” ဟု အႏုၾကမ္းစီးခံရသည့္ ေနအိမ္အနီး ေနထိုင္သူ တစ္ဦးက ေျပာသည္။ “ျဖစ္တာက မနက္ ၆ နာရီ ၅ မိနစ္‌ ေလာက္မွာပါ။ ခ်မ္းျမသာစည္၊ နယ္ေျမ (၁၂)၊ ေ႐ႊဂူလမ္းထဲမွာပါ။ ဘာမွလည္း မပါသြားဘူး။ အိမ္ရွင္ အမ်ိဳး သမီးက စိတ္ထဲမွာ မတင္မက် ျဖစ္ေနလို႔ အမႈမဖြင့္ဘူး။ ရဲတပ္ဖြဲ႕ကို သတင္း

ေပးတဲ့ အေနနဲ႕ပဲ ေျပာထားတာ ရွိပါတယ္” ဟု ခ်မ္းျမသာစည္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းမင္းစိုးက ကေမာၻဇတိုင္းသို႔ ေျပာသည္။ အဆို ပါ အႏုၾကမ္း စီးခံရသည့္ ေနအိမ္တြင္ အိမ္ ရွင္ အမ်ိဳးသမီးႏွင့္ ၎၏ သမီးငယ္ ၂ ဦးတည္း ရွိေနစဥ္ အမည္မသိ အမ်ိဳးသားဟု ယူဆရသူတစ္ဦးက ေနအိမ္အတြင္းသို႔

တိတ္တဆိတ္ ဝင္ေရာက္လာၿပီး အိမ္ရွင္အမ်ိဳး သမီးအား ဓါးျဖင့္ ခ်ိန္႐ြယ္၍ ဆြဲႀကိဳးခြၽတ္ေပးရန္ ေျပာဆိုစဥ္ သမီးျဖစ္သူမွ ပတ္ဝန္းက်င္သို႔ ေအာ္ဟစ္ အကူအညီ ေတာင္း ခံခဲ့ရာ အႏုၾကမ္း စီးသူမွာ ထြက္ေျပး လြတ္ေျမာက္ သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ေနအိမ္အတြင္း ဝင္ေရာက္၍ ဓါးေထာက္လုယူမႈႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ႐ုံးႏွင့္ ရဲတပ္ဖြဲ႕စခန္းသို႔ အမႈဖြင့္တိုင္တန္းျခင္း မရွိဘဲ အသိေပးအေၾကာင္းၾကားမႈသာ ျပဳလုပ္ခဲ့သည္ဟု သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေတာင္ႀကီးနယ္ေျမရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းရာတြင္ ျဖစ္စဥ္အား သိရွိျခင္း မရွိေသးေၾကာင္း ျပန္လည္ေျဖ ၾကားခဲ့သည္။ #KBZTai #Shan #Taunggyi

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ ရပ် ကွက် တခုမှာ အိမ်ပေါ်ထိ တက်ကာ အနုကြမ်းစီးမှု ဖြစ်ပွား

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် နယ်မြေ (၁၂) အတွင်းရှိ နေ အိမ်တစ်လုံးတွင် ယနေ့ ဇူလိုင်လ ၆ ရက် နံနက်ပိုင်း အနုကြမ်းစီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မနက် ၆ နာရီလောက်မှာ အော်သံကြားတော့ ဘေးအိမ်က လူတွေထွက် လာကြပြီး ရှေ့မှာဝိုင်း ထားသလို ဖြစ်သွားတော့ အိမ်အနောက် ဘက်ကို ပြတင်းပေါက်ကနေ ထွက် ပြေးသွားတယ်။ သက်သေခံ ဓါးတစ်ချောင်းတော့ ရဲလက်ထဲ အပ်လိုက်တယ်။ ကျူးလွန်သူက

တစ်ယောက်ထဲပါပဲ” ဟု အနုကြမ်းစီးခံရသည့် နေအိမ်အနီး နေထိုင်သူ တစ်ဦးက ပြောသည်။ “ဖြစ်တာက မနက် ၆ နာရီ ၅ မိနစ်‌ လောက်မှာပါ။ ချမ်းမြသာစည်၊ နယ်မြေ (၁၂)၊ ရွှေဂူလမ်းထဲမှာပါ။ ဘာမှလည်း မပါသွားဘူး။ အိမ်ရှင် အမျိုး သမီးက စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ အမှုမဖွင့်ဘူး။ ရဲတပ်ဖွဲ့ကို သတင်း

ပေးတဲ့ အနေနဲ့ပဲ ပြောထားတာ ရှိပါတယ်” ဟု ချမ်းမြသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။ အဆို ပါ အနုကြမ်း စီးခံရသည့် နေအိမ်တွင် အိမ် ရှင် အမျိုးသမီးနှင့် ၎င်း၏ သမီးငယ် ၂ ဦးတည်း ရှိနေစဉ် အမည်မသိ အမျိုးသားဟု ယူဆရသူတစ်ဦးက နေအိမ်အတွင်းသို့

တိတ်တဆိတ် ဝင်ရောက်လာပြီး အိမ်ရှင်အမျိုး သမီးအား ဓါးဖြင့် ချိန်ရွယ်၍ ဆွဲကြိုးချွတ်ပေးရန် ပြောဆိုစဉ် သမီးဖြစ်သူမှ ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်း ခံခဲ့ရာ အနုကြမ်း စီးသူမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နေအိမ်အတွင်း ဝင်ရောက်၍ ဓါးထောက်လုယူမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် ရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့်တိုင်တန်းခြင်း မရှိဘဲ အသိပေးအကြောင်းကြားမှုသာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဖြစ်စဉ်အား သိရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။ #KBZTai #Shan #Taunggy