နယူးဒေလီမြို့တွင် စတင်ဖွင့်လှစ် လိုက်ပြီဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး  ကိုဗစ် – 19 ရောဂါ ကုသရေးစင်တာ အကြောင်း

နယူးဒေလီမြို့တွင် ကမ္ဘာ့အကြီးဆုံး  COVID – 19 ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်လိုက်ပြီ







Source ; the Indian Today / Ref; Delhi LG inaugurates world’s ‘largest’ coronavirus care centre

(Unicode version) နယူးဒေလီမြို့တွင် ကမ္ဘာ့အကြီးဆုံး  COVID – 19 ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်

ဒေလီ ဒုတိယအုပ် ချုပ်ရေးမှူး အနေးလ်ဘိုင်ဂျယ်လ်က ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖြစ်သော ခုတင် ၁၀၀၀၀ ဆန့် ဆာဒါပါတယ်လ် ကိုရိုနာဗိုင်းရပ်စ် ပြုစုစောင့်ရှောက် ရေးစင်တာကို ယနေ့ ဖွင့်လှစ် ပေးလိုက်ပြီ ဖြစ်သည်။

အဆိုပါ ပြုစုစောင့်ရှောက်ရေး စင်တာကို ကိုရိုနာဗိုင်းရပ်စ် ရောဂါမပြင်း ထန်သူများ လက္ခဏာမပြသူများ ကုသပေးရန် ချဟာတာပူ အရပ် ၌ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။

ယင်းစင်တာကို ဗိုင်းရပ်စ် လက္ခဏာ မပြသူများအပြင် နေအိမ်၌ သီးသန့်ခွဲနေရန် မတတ်နိုင်သူများအတွက် ကုသရေး ဌာနတစ်ခု အဖြစ်ထိဆောင်ရွက် မည်ဖြစ်သည်။

ယခုစင်တာမှာ အလျား ပေ ၁၇၀၀၊ အနံ ပေ ၇၀၀ ရှိပြီး အကြမ်းဖျင်း ဘောလုံးကွင်း ၂၀ စာခန့်ရှိကာ ခုတင် ၁၀၀၀၀ ပါရှိခြင်းကြောင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကုသရေးစင်တာဟု အာဏာ ပိုင်များက ပြောသည်။

ဒေလီအစိုးရက ဆေးရုံ၏ စီမံခန့်ခွဲမှုအပိုင်း တာဝန်ယူပြီး အိန္ဒိယ – တိဘက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (ITBP) က ကုသရေးစင်တာ လည်ပတ်ရေးအတွက် တာဝန်ရှိသော အဖွဲ့အစည်း ဖြစ်လာမည်ဖြစ်သည်။

ဘာသာရေးဂိုဏ်းတစ်ခုဖြစ်သော Radha Saomi Beas မှ စေတနာ့ဝန်ထမ်းများက အဆိုပါ ကိုရိုနာ ဗိုင်းရပ်စ် ပြုစုစောင့်ရှောက်ရေးစင်တာ လည်ပတ်ရာတွင် အကူအညီပေးမည်ဖြစ်သည်။

Source ; the Indian Today / Ref; Delhi LG inaugurates world’s ‘largest’ coronavirus care centr

Tags:

Add a Comment

Your email address will not be published. Required fields are marked *