စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒က ေျပာၾကားလိုက္တဲ့ ဖားကန႔္ ေျမၿပိဳက်မႈ ျဖစ္စဥ္က ေရမေဆး သ မားမ်ား ေသဆုံးရသည့္ အေၾကာင္းရင္

စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒က ေျပာၾကားလိုက္တဲ့ ဖားကန႔္ ေျမၿပိဳက်မႈ ျဖစ္စဥ္က ေရမေဆး သ မားမ်ား ေသဆုံးရသည့္ အေၾကာင္းရင္း

ေလာဘေၾကာင့္ ေရမေဆးသမားမ်ား ေသဆုံးရဟု စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒ ေျပာ

ဖားကန႔္၊ ဇူလိုင္ ၅ လူရာခ်ီ ေသဆုံး ခဲ့ရသည့္ ဖားကန႔္ ေျမၿပိဳက်မႈ ျဖစ္စဥ္တြင္ ေရမေဆး သမားမ်ားသည္ ေလာဘေၾကာင့္ ေသဆုံးရျခင္း ျဖစ္ ေၾကာင္း စုံစမ္းစစ္ေဆးေရး အဖြဲ႕ ဥကၠ႒ သယံ ဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းက ေျပာၾကားသည္။

ဇူလိုင္လ ၅ ရက္ေန႕ နံနက္ပိုင္းတြင္ ေျမၿပိဳက်သည့္ေနရာသို႔ လာေရာက္စစ္ေဆးစဥ္ မီဒီယာမ်ားသို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ “ဇြန္လ ၂၀ ရက္ ကထဲက (ဆက္မလုပ္ ၾကဖို႔) သတိေပးထားၿပီးၿပီ။ ေလာဘေပါ့၊ လာၿပီး ရွာၾကတာ” ဟု ၎က ေျပာသည္။

ဇူလိုင္လ ၂ ရက္ နံနက္ ၈ နာရီခန႔္တြင္ ေဝွခါေမွာ္လုပ္ကြက္ ေျမၿပိဳက် မႈေၾကာင့္ ေသဆုံးသူ ၁၇၀ ဦးေက်ာ္ ရွိခဲ့ၿပီး ဖားကန႔္ သမိုင္းတြင္ လူအမ်ားဆုံး ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း ေဒသခံတို႔က ဆိုသည္။

စုံစမ္းစစ္ေဆးေရး အဖြဲ႕အေနျဖင့္ ေျမၿပိဳက်မႈမ်ား ထပ္မံမျဖစ္ ေစရန္ (သို႔မဟုတ္) အနည္းဆုံးျဖစ္ေစရန္ လုပ္ေဆာင္ရမည့္ အစီအမံမ်ားကို ေလ့လာသြားမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ‌ဆက္လက္ေျပာဆိုသည္။

ေျမၿပိဳက်မႈ ျဖစ္စဥ္မ်ား ေလွ်ာ့ခ် ေပးနိုင္ရန္ တြက္ ေဒသခံတို႔၏ ပူးေပါင္းပါဝင္မႈ အေပၚလဲမူတည္ေၾကာင္း ၎က ဆိုသည္။

တစ္ပိုင္တစ္နိုင္ လုပ္ကြက္မ်ား အျမန္ဆုံး ခ်ထားေပးမည္ဆိုလွ်င္ ယခုကဲ့သို႔ ေဘးအႏၲရာယ္ ဆိုးမ်ားကို ေလ်ာ့ခ်ေပး နိုင္မည္ျဖစ္ေၾကာင္း ဖားကန႔္ ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စား လွယ္ ဦးခင္ေမာင္ျမင့္က ေျပာသည္။

စုံစမ္းစစ္ေဆး ေရးအဖြဲ႕သည္ ၿပိဳက်ခဲ့သည့္ လုပ္ ကြက္အျပင္ ၿပိဳက်နိဳင္သည့္ ေနရာမ်ား သို႔လည္း သြားေရာက္ ၾကည့္ရႈမည္ ျဖစ္ၿပီး အခ်က္လက္ မ်ား ရရွိေစရန္တြက္ ဆက္လက္ ေမးျမန္းသြားမည္ ျဖစ္ေၾကာင္း ဝန္ႀကီး ဦးအုန္းဝင္းက ေျပာၾကားသည္။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားလိုက်တဲ့ ဖားကန့် မြေပြိုကျမှု ဖြစ်စဉ်က ရေမဆေး သ မားများ သေဆုံးရသည့် အကြောင်းရင်း

လောဘကြောင့် ရေမဆေးသမားများ သေဆုံးရဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြော

ဖားကန့်၊ ဇူလိုင် ၅ လူရာချီ သေဆုံး ခဲ့ရသည့် ဖားကန့် မြေပြိုကျမှု ဖြစ်စဉ်တွင် ရေမဆေး သမားများသည် လောဘကြောင့် သေဆုံးရခြင်း ဖြစ် ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြေပြိုကျသည့်နေရာသို့ လာရောက်စစ်ဆေးစဉ် မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ဇွန်လ ၂၀ ရက် ကထဲက (ဆက်မလုပ် ကြဖို့) သတိပေးထားပြီးပြီ။ လောဘပေါ့၊ လာပြီး ရှာကြတာ” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီခန့်တွင် ဝှေခါမှော်လုပ်ကွက် မြေပြိုကျ မှုကြောင့် သေဆုံးသူ ၁၇၀ ဦးကျော် ရှိခဲ့ပြီး ဖားကန့် သမိုင်းတွင် လူအများဆုံး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် မြေပြိုကျမှုများ ထပ်မံမဖြစ် စေရန် (သို့မဟုတ်) အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ရမည့် အစီအမံများကို လေ့လာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ‌ဆက်လက်ပြောဆိုသည်။

မြေပြိုကျမှု ဖြစ်စဉ်များ လျှော့ချ ပေးနိုင်ရန် တွက် ဒေသခံတို့၏ ပူးပေါင်းပါဝင်မှု အပေါ်လဲမူတည်ကြောင်း ၎င်းက ဆိုသည်။

တစ်ပိုင်တစ်နိုင် လုပ်ကွက်များ အမြန်ဆုံး ချထားပေးမည်ဆိုလျှင် ယခုကဲ့သို့ ဘေးအန္တရာယ် ဆိုးများကို လျော့ချပေး နိုင်မည်ဖြစ်ကြောင်း ဖားကန့် မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးခင်မောင်မြင့်က ပြောသည်။

စုံစမ်းစစ်ဆေး ရေးအဖွဲ့သည် ပြိုကျခဲ့သည့် လုပ် ကွက်အပြင် ပြိုကျနိုင်သည့် နေရာများ သို့လည်း သွားရောက် ကြည့်ရှုမည် ဖြစ်ပြီး အချက်လက် များ ရရှိစေရန်တွက် ဆက်လက် မေးမြန်းသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်

Tags:

Add a Comment

Your email address will not be published. Required fields are marked *