ဖားကန႔္ေျမၿပိဳမႈျဖစ္စဥ္မွ ေသဆုံးသူ ၁၇၄ ဦးအတြက္ တစ္ဦးလွ်င္ ေငြက်ပ္ ၅ သိန္း အစိုးရ ေထာက္ပံ့အပ္

ဖားကန႔္ေျမၿပိဳမႈျဖစ္စဥ္မွ ေသဆုံးသူ ၁၇၄ ဦးအတြက္ တစ္ဦးလွ်င္ ေငြက်ပ္ ၅ သိန္း အစိုးရ ေထာက္ပံ့အပ္

ဇူလိုင္ ၅ ကခ်င္ျပည္နယ္ ဖားကန႔္တြင္ ဇူလိုင္ လ ၂ ရက္ေန႕က ေျမၿပိဳမႈျဖစ္စဥ္ ျဖစ္ပြားခဲ့ၿပီး ယင္းေျမ ၿပိဳမႈျဖစ္စဥ္မွ ေသဆုံးသူ ၁၇၄ ဦးကို တစ္ဦးလွ်င္ ေငြက်ပ္ ၅သိန္းႏႈန္းျဖင့္ က်န္ရစ္သူ မိသား စုဝင္မ်ားကို အစိုးရက

ေထာက္ပံ့ေၾကာင္း အစိုးရလူကယ္ျပန္ ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက သူ၏ လူမႈကြန္ရက္မွတစ္ဆင့္ သတင္းထုတ္ျပန္သည္။ ဖါးကန႔္ေျမၿပိဳမႈျဖစ္စဥ္တြင္ ေသဆုံး ဒဏ္ရာရခဲ့ သူမ်ားအ တြက္ ေထာက္ပံ့မႈမ်ား ကယ္ဆယ္ေရး ေဆာင္ ႐ြက္ ေပးခဲ့ၾကသူမ်ားကို

ကူညီ ေထာက္ပံ့မႈမ်ား ေပးအပ္ခဲ့ေၾကာင္း ဒဏ္ ရာရသူမ်ားတြင္ အရိုးက်ိဳး ေၾကျခင္း ေရမြန္းျခင္း ကိုယ္ခႏၶာ စုတ္ၿပဲပြန္းပဲ့ ထိခိုက္ျခင္း အမ်ားဆုံး ျဖစ္ေၾကာင္း ဒဏ္ရာရသူ တစ္ဦးကိုေငြက်ပ္ ၂ သိန္း ေသဆုံးသူ တစ္ဦးအတြက္

ေငြက်ပ္ ၅ သိန္း စုစုေပါင္း စာရင္းအရ ေသဆုံးသူ ၁၇၄ ဦး ဒဏ္ရာရ ၅၄ဦး တို႔အတြက္ ေထာက္ ပံ့ေငြက်ပ္ ၉၇၈ သိန္း ျဖစ္ေၾကာင္း ကယ္ဆယ္ေရး ေဆာင္႐ြက္ ေပးခဲ့ေသာ လူမႈအဖြဲ႕မ်ားကိုလည္း က်ပ္သိန္း ၁၁၀ ေထာက္ပံ့ခဲ့ ေၾကာင္း

ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက သူ၏ လူမႈကြန္ရက္ စာမ်က္ႏွာမွတစ္ဆင့္ သတင္းထုတ္ ျပန္သည္။ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ျမန္မာ နိုင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ာ းအ သင္းခ်ဳပ္ႏွင့္ ျမန္မာသူရ ေက်ာက္မ်က္ ကုမၸဏီတို႔ကလည္း ေထာက္ပံ့ေငြမ်ား

ေပးအပ္ခဲ့ေၾကာင္း၊ ေထာက္ပံ့ခဲ့သည့္ နိုင္ငံေတာ္ေငြသည္ ျပည္သူ႕ေငြ ျဖစ္၍ ဒုကၡခံစား ေနရေသာျပည္သူ မ်ားအတြက္ ျပည္သူမွ ျပည္သူသို႔ ကူညီျခင္းျဖင့္ ကုသိုလ္ရယူခဲ့ျခင္း ျဖစ္သည္ဟု ဝန္ႀကီ ၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Ref; Khit Thit Media / Photo : Prof Win Myat Aye

ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ သေဆုံးသူ ၁၇၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅ သိန်း အစိုးရ ထောက်ပံ့အပ်

ဇူလိုင် ၅ ကချင်ပြည်နယ် ဖားကန့်တွင် ဇူလိုင် လ ၂ ရက်နေ့က မြေပြိုမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းမြေ ပြိုမှုဖြစ်စဉ်မှ သေဆုံးသူ ၁၇၄ ဦးကို တစ်ဦးလျှင် ငွေကျပ် ၅သိန်းနှုန်းဖြင့် ကျန်ရစ်သူ မိသား စုဝင်များကို အစိုးရက

ထောက်ပံ့ကြောင်း အစိုးရလူကယ်ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ဖါးကန့်မြေပြိုမှုဖြစ်စဉ်တွင် သေဆုံး ဒဏ်ရာရခဲ့ သူများအ တွက် ထောက်ပံ့မှုများ ကယ်ဆယ်ရေး ဆောင် ရွက် ပေးခဲ့ကြသူများကို

ကူညီ ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ဒဏ် ရာရသူများတွင် အရိုးကျိုး ကြေခြင်း ရေမွန်းခြင်း ကိုယ်ခန္ဓာ စုတ်ပြဲပွန်းပဲ့ ထိခိုက်ခြင်း အများဆုံး ဖြစ်ကြောင်း ဒဏ်ရာရသူ တစ်ဦးကိုငွေကျပ် ၂ သိန်း သေဆုံးသူ တစ်ဦးအတွက်

ငွေကျပ် ၅ သိန်း စုစုပေါင်း စာရင်းအရ သေဆုံးသူ ၁၇၄ ဦး ဒဏ်ရာရ ၅၄ဦး တို့အတွက် ထောက် ပံ့ငွေကျပ် ၉၇၈ သိန်း ဖြစ်ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက် ပေးခဲ့သော လူမှုအဖွဲ့များကိုလည်း ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ ကြောင်း

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတင်းထုတ် ပြန်သည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ မြန်မာ နိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်မျာ းအ သင်းချုပ်နှင့် မြန်မာသူရ ကျောက်မျက် ကုမ္ပဏီတို့ကလည်း ထောက်ပံ့ငွေများ

ပေးအပ်ခဲ့ကြောင်း၊ ထောက်ပံ့ခဲ့သည့် နိုင်ငံတော်ငွေသည် ပြည်သူ့ငွေ ဖြစ်၍ ဒုက္ခခံစား နေရသောပြည်သူ များအတွက် ပြည်သူမှ ပြည်သူသို့ ကူညီခြင်းဖြင့် ကုသိုလ်ရယူခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref; Khit Thit Media / Photo : Prof Win Myat Ay

Tags: