နီေပါနိုင္ငံ၌ က်ိဳင္းေကာင္မ်ား ဝင္ေရာက္ ဖ်က္ ဆီး မႈေၾကာင့္ သီးႏွံစိုက္ခင္း ဟက္တာ ၁,၁၀၀ ေက်ာ္ ပ်က္စီးသြား

နီေပါနိုင္ငံ၌ က်ိဳင္းေကာင္မ်ား ဝင္ေရာက္ ဖ်က္ ဆီး မႈေၾကာင့္ သီးႏွံစိုက္ခင္း ဟက္တာ ၁,၁၀၀ ေက်ာ္ ပ်က္စီး

ၿပီးခဲ့ေသာ ရက္သတၱပတ္က အိႏၵိယနိုင္ငံ ဘက္မွ ဝင္ေရာက္ လာေသာ က်ိဳင္းေကာင္မ်ား၏ ဖ်က္ ဆီးမႈေၾကာင့္ နီေပါနိုင္ငံတြင္ သီးႏွံစိုက္ခင္း ဟက္ တာ ၁,၁၀၀ ေက်ာ္ပ်က္စီး သြားခဲ့ေၾကာင္း သိရသည္။

နီေပါနိုင္ငံ စိုက္ပ်ိဳးေရး ႏွင့္ ေမြးျမဴေရး ဝန္ႀကီး  ဌာန လက္ေအာက္ရွိ စိုက္ပ်ိဳးပင္ ထိန္းသိမ္းေရး ႏွင့္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ဗဟိုဌာန (P Q P M C) ၏ ေျပာၾကားခ်က္ အရ နိုင္ငံအတြင္း က်ိဳင္းေကာင္မ်ား ဝင္ေရာက္ ဖ်က္ဆီးမႈ ေၾကာင့္ သီးႏွံ စိုက္ခင္း ၁,၁၁၈ ဟက္တာ ပ်က္စီး သြားခဲ့ေၾကာင္း ဆိုသည္။

“ နီေပါနိုင္ငံ အတြင္းက ခရိုင္ ၅ ခုကို က်ိဳင္း ေကာင္ေတြ ဝင္ေရာက္ ဖ်က္ဆီး သြားတာပါ” ဟု P Q P M C ရွိ က်ိဳင္းေကာင္ ဆိုင္ရာ သတင္းအ ခ်က္အလက္ ထုတ္ျပန္ေရး ဌာနက ညွိႏွိုင္းေရးမႉး Ram Krishna Subedi က ေျပာၾကားခဲ့သည္။

နီေပါနိုင္ငံတြင္ က်ိဳင္းေကာင္ ဖ်က္ဆီး မႈဒဏ္အမ်ားဆုံး ခံစားခဲ့ရသည့္ Dang ခရိုင္တြင္ စိုက္ ပ်ိဳးေျမ ၅၈၀ ဟက္တာ ပ်က္စီး သြားခဲ့ၿပီး ယင္းေနာက္တြင္ Pyu than ခရိုင္က၂၈၃ ဟက္တာ၊ Mak wan pur ခရိုင္က ၁၀၅ ဟက္တာ၊ Arg hak han chi ခရိုင္က ဟက္တာ ၁၀၀ ႏွင့္ Pal pa ခရိုင္က ၅၀ ဟက္တာ အသီးသီး ပ်က္စီးသြား ခဲ့ရေၾကာင္း သိရသည္။

နီေပါနိုင္ငံတြင္ ခရိုင္ေပါင္း ၅၂ ခုသို႔က်ိဳင္း ေကာ င္ မ်ား ဝင္ေရာက္ ခဲ့ေသာ္လည္း ၎တို႔၏ အ ႐ြယ္အစားမွာ ေသးငယ္သျဖင့္ ထိခိုက္ ဆုံးရႈံးမႈ နည္းပါးခဲ့ ရျခင္း ျဖစ္ေၾကာင္း အစိုးရတာဝန္ရွိသူမ်ားက ဆိုသည္။

“ အဲဒီ က်ိဳင္းေကာင္ ေတြဟာ နိုင္ငံရဲ႕ အေနာက္ဘက္ ဆီကို ဦးတည္ၿပီး ဆက္လက္ ပ်ံသန္းသြားေနလို႔ သီးႏွံစိုက္ခင္းေတြ ထပ္ၿပီး ထိခိုက္ ပ်က္စီး ဆုံးရႈံးရဖို႔ ျဖစ္နိုင္ေခ် မ်ားေနပါတယ္” ဟု P Q P M C အႀကီးအကဲက ဆိုသည္။

အဆိုပါ က်ိဳင္းေကာင္ မ်ားသည္ နီေပါနိုင္ငံ အ တြင္းရွိ ေျပာင္းခင္းမ်ား၊ စပါးခင္းမ်ား၊ ဟင္းသီး ဟင္း႐ြက္ ပင္မ်ား ႏွင့္ ပဲခင္းမ်ားကို ဝင္ေရာက္ ဖ်က္ဆီး ခဲ့ေၾကာင္း ႏွင့္ နီေပါနိုင္ငံရွိ လယ္သမားမ်ားက အသံျဖင့္ ၿခိမ္းေျခာက္ျခင္း ႏွင့္ မီးခိုင္းမွိုင္း တိုက္ျခင္းျဖင့္ က်ိဳင္းေကာင္ မ်ားကို ေမာင္းထုတ္ ေနရၾက ေၾကာင္း သိရသည္။

က်ိဳင္းေကာင္ မ်ားသည္ Dang၊ Pyuthan၊ Rolpa၊ Rukum ၊ Salyan ႏွင့္ Surkhet ခရိုင္မ်ားသို႔ ဝင္ေရာက္ ဖ်က္ဆီးခဲ့ ေသာ္လည္း ထိ ခိုက္ ဆုံးရႈံးမႈ ပမာဏမွာ ေျပာပေလာက္ ေအာင္ မရွိေၾကာင္း ထုတ္ျပန္ ခဲ့သည္။ နီေပါနိုင္ငံ က်ိဳင္း ေကာင္ ႀကိဳတင္ ကာကြယ္ေရး ႏွင့္ ထိန္းခ်ဳပ္ေရး လုပ္ငန္းမွ ညွိႏွိုင္းေရးမႉး တစ္ဦးျဖစ္သူ

Humagain က က်ိဳင္းေကာင္ ဝင္ေရာက္ဖ်က္ ဆီးေသာ ခရိုင္အေရ အတြက္မွာ ဆက္လက္ျမင့္ တက္လာဖြယ္ မရွိေၾကာင္း ဆိုသည္။ —-P Q P M C ဌာန၊ ျပည္နယ္ ႏွင့္ ေဒသခံ အစိုးရမ်ားသို႔ က်ိဳင္းေကာင္ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္ေသာ ဝန္ထမ္း အေရအတြက္ ႏွင့္

အရင္းအျမစ္ မ်ားကို ေထာက္ပံ့ ေပးသြားရန္ တိုက္ရိုက္ ၫႊန္ၾကား ထားေၾကာင္း သိရသည္။ Crd : Xinhua

နီပေါနိုင်ငံ၌ ကျိုင်းကောင်များ ဝင်ရောက် ဖျက် ဆီး မှုကြောင့် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီးသွား

ပြီးခဲ့သော ရက်သတ္တပတ်က အိန္ဒိယနိုင်ငံ ဘက်မှ ဝင်ရောက် လာသော ကျိုင်းကောင်များ၏ ဖျက် ဆီးမှုကြောင့် နီပေါနိုင်ငံတွင် သီးနှံစိုက်ခင်း ဟက် တာ ၁,၁၀၀ ကျော်ပျက်စီး သွားခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံ စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီး  ဌာန လက်အောက်ရှိ စိုက်ပျိုးပင် ထိန်းသိမ်းရေး နှင့် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာန (P Q P M C) ၏ ပြောကြားချက် အရ နိုင်ငံအတွင်း ကျိုင်းကောင်များ ဝင်ရောက် ဖျက်ဆီးမှု ကြောင့် သီးနှံ စိုက်ခင်း ၁,၁၁၈ ဟက်တာ ပျက်စီး သွားခဲ့ကြောင်း ဆိုသည်။

“ နီပေါနိုင်ငံ အတွင်းက ခရိုင် ၅ ခုကို ကျိုင်း ကောင်တွေ ဝင်ရောက် ဖျက်ဆီး သွားတာပါ” ဟု P Q P M C ရှိ ကျိုင်းကောင် ဆိုင်ရာ သတင်းအ ချက်အလက် ထုတ်ပြန်ရေး ဌာနက ညှိနှိုင်းရေးမှူး Ram Krishna Subedi က ပြောကြားခဲ့သည်။

နီပေါနိုင်ငံတွင် ကျိုင်းကောင် ဖျက်ဆီး မှုဒဏ်အများဆုံး ခံစားခဲ့ရသည့် Dang ခရိုင်တွင် စိုက် ပျိုးမြေ ၅၈၀ ဟက်တာ ပျက်စီး သွားခဲ့ပြီး ယင်းနောက်တွင် Pyu than ခရိုင်က၂၈၃ ဟက်တာ၊ Mak wan pur ခရိုင်က ၁၀၅ ဟက်တာ၊ Arg hak han chi ခရိုင်က ဟက်တာ ၁၀၀ နှင့် Pal pa ခရိုင်က ၅၀ ဟက်တာ အသီးသီး ပျက်စီးသွား ခဲ့ရကြောင်း သိရသည်။

နီပေါနိုင်ငံတွင် ခရိုင်ပေါင်း ၅၂ ခုသို့ကျိုင်း ကော င် များ ဝင်ရောက် ခဲ့သော်လည်း ၎င်းတို့၏ အ ရွယ်အစားမှာ သေးငယ်သဖြင့် ထိခိုက် ဆုံးရှုံးမှု နည်းပါးခဲ့ ရခြင်း ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။

“ အဲဒီ ကျိုင်းကောင် တွေဟာ နိုင်ငံရဲ့ အနောက်ဘက် ဆီကို ဦးတည်ပြီး ဆက်လက် ပျံသန်းသွားနေလို့ သီးနှံစိုက်ခင်းတွေ ထပ်ပြီး ထိခိုက် ပျက်စီး ဆုံးရှုံးရဖို့ ဖြစ်နိုင်ချေ များနေပါတယ်” ဟု P Q P M C အကြီးအကဲက ဆိုသည်။

အဆိုပါ ကျိုင်းကောင် များသည် နီပေါနိုင်ငံ အ တွင်းရှိ ပြောင်းခင်းများ၊ စပါးခင်းများ၊ ဟင်းသီး ဟင်းရွက် ပင်များ နှင့် ပဲခင်းများကို ဝင်ရောက် ဖျက်ဆီး ခဲ့ကြောင်း နှင့် နီပေါနိုင်ငံရှိ လယ်သမားများက အသံဖြင့် ခြိမ်းခြောက်ခြင်း နှင့် မီးခိုင်းမှိုင်း တိုက်ခြင်းဖြင့် ကျိုင်းကောင် များကို မောင်းထုတ် နေရကြ ကြောင်း သိရသည်။

ကျိုင်းကောင် များသည် Dang၊ Pyuthan၊ Rolpa၊ Rukum ၊ Salyan နှင့် Surkhet ခရိုင်များသို့ ဝင်ရောက် ဖျက်ဆီးခဲ့ သော်လည်း ထိ ခိုက် ဆုံးရှုံးမှု ပမာဏမှာ ပြောပလောက် အောင် မရှိကြောင်း ထုတ်ပြန် ခဲ့သည်။ နီပေါနိုင်ငံ ကျိုင်း ကောင် ကြိုတင် ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး လုပ်ငန်းမှ ညှိနှိုင်းရေးမှူး တစ်ဦးဖြစ်သူ

Humagain က ကျိုင်းကောင် ဝင်ရောက်ဖျက် ဆီးသော ခရိုင်အရေ အတွက်မှာ ဆက်လက်မြင့် တက်လာဖွယ် မရှိကြောင်း ဆိုသည်။ —-P Q P M C ဌာန၊ ပြည်နယ် နှင့် ဒေသခံ အစိုးရများသို့ ကျိုင်းကောင်ထိန်းချုပ်ရေးအတွက် လိုအပ်သော ဝန်ထမ်း အရေအတွက် နှင့်

အရင်းအမြစ် များကို ထောက်ပံ့ ပေးသွားရန် တိုက်ရိုက် ညွှန်ကြား ထားကြောင်း သိရသည်။ Crd : Xinhu

Tags: