မြန္ျပည္နယ္တြင္ ဘတ္ဂ်က္ အခက္အခဲေၾကာင့္ ျပည္ပျပန္မ်ားကို ကိုဗစ္-၁၉ ေရာဂါရွိမရွိ ကိုတႀကိမ္သာ စစ္ေဆးေပးေတာ့မည္

မြန္ျပည္နယ္တြင္ ဘတ္ဂ်က္ အခက္အခဲေၾကာင့္ ျပည္ပျပန္မ်ားကို ကိုဗစ္-၁၉ ေရာဂါရွိမရွိ ကိုတႀကိမ္သာ စစ္ေဆးေပးေတာ့မည္

ဘတ္ဂ်က္နဲ႕ လုပ္အား အရင္းအျမစ္ အခက္အခဲေၾကာင့္ နိုင္ငံရပ္ျခားက ျပန္လာသူေတြမွာ ကိုဗစ္ -၁၉ ေရာဂါပိုး ရွိမရွိ တႀကိမ္ပဲ စစ္ေဆးေတာ့မယ္ လို႔ မြန္ျပည္နယ္ ကုသေရးနဲ႕ ျပည္သူ႕က်န္းမာေရး ဦးစီးဌာနျပည္နယ္ ဦးစီးမႉးက ေျပာပါတယ္။

နိုင္ငံရပ္ျခား ျပန္လာသူေတြကို အရင္တုန္းကဆို ကိုဗစ္-၁၉ ေရာဂါပိုး ရွိ၊ မရွိကို အသြားအလာကန႔္ သတ္ ေစာင့္ၾကည့္ထားခ်ိန္ Quarantine Camp စေရာက္ၿပီး ၅ ရက္မွာ တႀကိမ္၊ Quarantine Camp မွ မထြက္ခင္ ၅ ရက္အလိုမွာ

တစ္ႀကိမ္ စုစုေပါင္း ႏွစ္ႀကိမ္ စစ္ေဆးခဲ့တာပါ။ ဒါေပမဲ့ အဲဒီလို စစ္ေဆးရာမွာ တစ္ႀကိမ္စစ္ေဆးရင္ လူတဦးကို က်ပ္ ၂ သိန္းေက်ာ္ ကုန္က်ေနပါတယ္။ ဒါေၾကာင့္ နိုင္ငံရပ္ျခား ျပန္လာသူေတြကို ဘတ္ဂ်က္နဲ႕ လုပ္အားအရင္း

အျမစ္ အခက္အခဲ ေၾကာင့္ ကိုဗစ္-၁၉ ေရာဂါး ရွိမရွိ တစ္ႀကိမ္ပဲ စစ္ေဆးေတာ့မယ္လို႔ မြန္ျပည္ နယ္ ကုသေရးနဲ႕ ျပည္သူ႕ က်န္းမာေရး ဦးစီးဌာန ျပည္နယ္ဦးစီးမႉး ေဒါက္တာ ထြန္းေအာင္ၾကည္က ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးရာမွာေတာ့ ေရာဂါျဖစ္သူတဲ့ ထိေတြ႕ခဲ့တဲ့ သူေတြကို အရင္တိုင္း ႏွစ္ႀကိမ္ ဆက္လက္ စစ္ေဆးသြားမွာ ျဖစ္ပါတယ္။မြန္ျပည္နယ္ မွာေတာ့ ကိုဗစ္-၁၉ ေရာဂါပိုး ရွိမရွိကို ေမာ္လၿမိဳင္ ဓာတ္ခြဲခန္းမွာ ဇြန္ ၄ ရက္ေန႕က တည္းက စတင္စစ္ေဆးေပးေနတာပါ။

အဲဒီလို စစ္ေဆးရာမွာ ရန္ကုန္ ဓာတ္ခြဲခန္းရဲ႕ အ ခက္အခဲေၾကာင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႕ တနသၤာရီတိုင္းက ကိုဗစ္-၁၉ လူနာေတြကို ေမာ္လၿမိဳင္ ဓာတ္ခြဲခန္းမွာ ေန႕စဥ္ စစ္ေဆးေပးေနတာလို႔ ေမာ္လၿမိဳင္ ျပည္သူ႕ က်န္းမာေရး ဆိုင္ရာ ဓာတ္ခြဲမႈဌာန တာဝန္ခံ ေဒါက္တာနီနီဟန္က ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါပိုး ရွိ၊ မရွိကို ေမာ္လၿမိဳင္ဓာတ္ခြဲခန္းမွာ တစ္ေန႕ကို လူဦးေရ ၃၀၀ နီးပါးအထိ စစ္ေဆးေပးေနတာ ျဖစ္ပါတယ္။ ေမာ္လၿမိဳင္က ကိုဗစ္-၁၉ ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ ဓာတ္ခြဲခန္းဟာ ဇီဝလုံၿခဳံမႈအဆင့္ ၃ ရွိတဲ့ ဓာတ္ခြဲခန္း အမ်ိဳးအစား ျဖစ္ၿပီး ပိုးေမြးနိုင္တဲ့ အခန္းေတြလည္း ပါဝင္ပါတယ္။ ဒီၿဗီဘီ

မွန်ပြည်နယ်တွင် ဘတ်ဂျက် အခက်အခဲကြောင့် ပြည်ပပြန်များကို ကိုဗစ်-၁၉ ရောဂါရှိမရှိ ကိုတကြိမ်သာ စစ်ဆေးပေးတော့မည်

ဘတ်ဂျက်နဲ့ လုပ်အား အရင်းအမြစ် အခက်အခဲကြောင့် နိုင်ငံရပ်ခြားက ပြန်လာသူတွေမှာ ကိုဗစ် -၁၉ ရောဂါပိုး ရှိမရှိ တကြိမ်ပဲ စစ်ဆေးတော့မယ် လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနပြည်နယ် ဦးစီးမှူးက ပြောပါတယ်။

နိုင်ငံရပ်ခြား ပြန်လာသူတွေကို အရင်တုန်းကဆို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို အသွားအလာကန့် သတ် စောင့်ကြည့်ထားချိန် Quarantine Camp စရောက်ပြီး ၅ ရက်မှာ တကြိမ်၊ Quarantine Camp မှ မထွက်ခင် ၅ ရက်အလိုမှာ

တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် စစ်ဆေးခဲ့တာပါ။
ဒါပေမဲ့ အဲဒီလို စစ်ဆေးရာမှာ တစ်ကြိမ်စစ်ဆေးရင် လူတဦးကို ကျပ် ၂ သိန်းကျော် ကုန်ကျနေပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြား ပြန်လာသူတွေကို ဘတ်ဂျက်နဲ့ လုပ်အားအရင်း

အမြစ် အခက်အခဲ ကြောင့် ကိုဗစ်-၁၉ ရောဂါး ရှိမရှိ တစ်ကြိမ်ပဲ စစ်ဆေးတော့မယ်လို့ မွန်ပြည် နယ် ကုသရေးနဲ့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာမှာတော့ ရောဂါဖြစ်သူတဲ့ ထိတွေ့ခဲ့တဲ့ သူတွေကို အရင်တိုင်း နှစ်ကြိမ် ဆက်လက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။မွန်ပြည်နယ် မှာတော့ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိကို မော်လမြိုင် ဓာတ်ခွဲခန်းမှာ ဇွန် ၄ ရက်နေ့က တည်းက စတင်စစ်ဆေးပေးနေတာပါ။

အဲဒီလို စစ်ဆေးရာမှာ ရန်ကုန် ဓာတ်ခွဲခန်းရဲ့ အ ခက်အခဲကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ကိုဗစ်-၁၉ လူနာတွေကို မော်လမြိုင် ဓာတ်ခွဲခန်းမှာ နေ့စဉ် စစ်ဆေးပေးနေတာလို့ မော်လမြိုင် ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ ဓာတ်ခွဲမှုဌာန တာဝန်ခံ ဒေါက်တာနီနီဟန်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို မော်လမြိုင်ဓာတ်ခွဲခန်းမှာ တစ်နေ့ကို လူဦးရေ ၃၀၀ နီးပါးအထိ စစ်ဆေးပေးနေတာ ဖြစ်ပါတယ်။ မော်လမြိုင်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ဓာတ်ခွဲခန်းဟာ ဇီဝလုံခြုံမှုအဆင့် ၃ ရှိတဲ့ ဓာတ်ခွဲခန်း အမျိုးအစား ဖြစ်ပြီး ပိုးမွေးနိုင်တဲ့ အခန်းတွေလည်း ပါဝင်ပါတယ်။ ဒီဗြီဘီ

Tags: