ရန္ကုန္ၿမိဳလယ္တြင္ တကၠစီယာဥ္ေမာင္းကို ေသာ့ႏွင့္ေထာက္ၿပီး ကားလုယက္သူကို မူးယစ္ေဆးဝါးႏွင့္ ဖမ္းမိ

ရန္ကုန္ၿမိဳလယ္တြင္ တကၠစီယာဥ္ေမာင္းကို ေသာ့ႏွင့္ေထာက္ၿပီး ကားလုယက္သူကို မူးယစ္ေဆးဝါးႏွင့္ ဖမ္းမိ

ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ (၃၈)လမ္းနဲ႕ (၃၉) လမ္းၾကား အေနာ္ရထာ လမ္းမေပၚမွာ ဇူလိုင္ (၄) ရက္ ည (၉) နာရီခြဲေလာက္က အဌားယာဥ္ေမာင္း အမ်ိဳးသားကို ေသာ့တြဲနဲ႕ ေထာက္ၿပီး ကားလုယူ ေမာင္းေျပးတဲ့ လူငယ္အမ်ိဳးသားကို နာရီပိုင္းအတြင္း ဖမ္းမိခဲ့တယ္လို႔

ေက်ာက္တံတားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉ းမ်ိဳးသက္က ေျပာပါတယ္။ အဌား ယာဥ္ေမာင္းက အခင္း ျဖစ္ၿပီး နာရီဝက္အၾကာ ရဲစခန္းကိုလာေရာက္ တိုင္တန္းခဲ့ ၿပီးေနာက္ က်ဴးလြန္သူကို စီစီတီဗီ ကြန္ထရိုးလ္ စင္တာကေန ေျခရာခံကာ ဗိုလ္ေအာင္ေက်ာ္လမ္းမွာ ပိတ္ဆို႔ ဖမ္းဆီးခဲ့တာလို႔ ရဲမႉးမ်ိဳးသက္က ေျပာပါတယ္။

“ ကားသမားက (၃၈) လမ္းနဲ႕ (၃၉) လမ္းမွာ ပါကင္ထိုးတာ။ ကားသမားက ကားေပၚက ဆင္းခါနီးမွာ အဲ့မွာက်ဴးလြန္သူက ေသာ့နဲ႕ လည္ပင္းကိုေထာက္လိုက္ေတာ့ ဟိုကဘာမွန္း မသိဘဲေၾကာ က္ ၿပီးေတာ့ ထြက္ေျပးတာ။ အဲ့ဒီမွာ ဟိုကကားထဲ ဝင္ၿပီးေတာ့ ကားကို ေမာင္းသြားတာ။

နာရီဝက္ အၾကာမွ စခန္းကို လာတိုင္တယ္ေလ။ အဲ့ဒီမွာ ကြန္ထရိုးလ္ စင္တာကေန ကားသြားတဲ့ ေနရာ လိုက္ၿပီးေတာ့ အကုန္ဝိုင္းပိတ္ ဖမ္းတာမိသြားတယ္။ သူကိုတိုင္ၿပီးၿပီးခ်င္း မိနစ္ပိုင္းတြင္းမွာဖမ္းမိတာ” လို႔ ရဲမႉးမ်ိဳးသက္က ေျပာပါတယ္။

က်ဴးလြန္သူ အမ်ိဳးသားဟာ (၃၉) လမ္းမွာေန ထိုင္ သူျဖစ္ၿပီး သူရဲ႕ေနအိမ္ကေန WY စာတမ္းပါ မူးယစ္ေဆးျပား (၁၀) ျပားကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔လည္း ရဲမႉးမ်ိဳးသက္က ေျပာပါတယ္။

အခင္း ျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး ကာယကံရွင္အဌား ယာဥ္ေမာင္းက အမႈမဖြင့္ေပ မယ့္လည္းမူး ယစ္ေဆးဝါးနဲ႕ ေတြ႕ရွိတာေၾကာင့္ မူးယစ္ပုဒ္မနဲ႕ ေက်ာက္တံတားၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အ ေရးယူမွာ ျဖစ္တယ္လို႔ ရဲမႉး မ်ိဳးသက္က ေျပာပါတယ္။ သတင္း- ေဝယံထက္ဝင္း / ဓာတ္ပုံ -Shine Win

ရန်ကုန်မြိုလယ်တွင် တက္ကစီယာဉ်မောင်းကို သော့နှင့်ထောက်ပြီး ကားလုယက်သူကို မူးယစ်ဆေးဝါးနှင့် ဖမ်းမိ

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် (၃၈)လမ်းနဲ့ (၃၉) လမ်းကြား အနော်ရထာ လမ်းမပေါ်မှာ ဇူလိုင် (၄) ရက် ည (၉) နာရီခွဲလောက်က အဌားယာဉ်မောင်း အမျိုးသားကို သော့တွဲနဲ့ ထောက်ပြီး ကားလုယူ မောင်းပြေးတဲ့ လူငယ်အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့တယ်လို့

ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူ းမျိုးသက်က ပြောပါတယ်။ အဌား ယာဉ်မောင်းက အခင်း ဖြစ်ပြီး နာရီဝက်အကြာ ရဲစခန်းကိုလာရောက် တိုင်တန်းခဲ့ ပြီးနောက် ကျူးလွန်သူကို စီစီတီဗီ ကွန်ထရိုးလ် စင်တာကနေ ခြေရာခံကာ ဗိုလ်အောင်ကျော်လမ်းမှာ ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ ရဲမှူးမျိုးသက်က ပြောပါတယ်။

“ ကားသမားက (၃၈) လမ်းနဲ့ (၃၉) လမ်းမှာ ပါကင်ထိုးတာ။ ကားသမားက ကားပေါ်က ဆင်းခါနီးမှာ အဲ့မှာကျူးလွန်သူက သော့နဲ့ လည်ပင်းကိုထောက်လိုက်တော့ ဟိုကဘာမှန်း မသိဘဲကြော က် ပြီးတော့ ထွက်ပြေးတာ။ အဲ့ဒီမှာ ဟိုကကားထဲ ဝင်ပြီးတော့ ကားကို မောင်းသွားတာ။

နာရီဝက် အကြာမှ စခန်းကို လာတိုင်တယ်လေ။ အဲ့ဒီမှာ ကွန်ထရိုးလ် စင်တာကနေ ကားသွားတဲ့ နေရာ လိုက်ပြီးတော့ အကုန်ဝိုင်းပိတ် ဖမ်းတာမိသွားတယ်။ သူကိုတိုင်ပြီးပြီးချင်း မိနစ်ပိုင်းတွင်းမှာဖမ်းမိတာ” လို့ ရဲမှူးမျိုးသက်က ပြောပါတယ်။

ကျူးလွန်သူ အမျိုးသားဟာ (၃၉) လမ်းမှာနေ ထိုင် သူဖြစ်ပြီး သူရဲ့နေအိမ်ကနေ WY စာတမ်းပါ မူးယစ်ဆေးပြား (၁၀) ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း ရဲမှူးမျိုးသက်က ပြောပါတယ်။

အခင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကာယကံရှင်အဌား ယာဉ်မောင်းက အမှုမဖွင့်ပေ မယ့်လည်းမူး ယစ်ဆေးဝါးနဲ့ တွေ့ရှိတာကြောင့် မူးယစ်ပုဒ်မနဲ့ ကျောက်တံတားမြို့မရဲစခန်းမှာ အမှုဖွင့်အ ရေးယူမှာ ဖြစ်တယ်လို့ ရဲမှူး မျိုးသက်က ပြောပါတယ်။ သတင်း- ဝေယံထက်ဝင်း / ဓာတ်ပုံ -Shine Win

Tags: