ဂျပန်တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းရန် ထောင်ချီသော ကယ်ဆယ်ရေးတပ်ဖွဲ့များ စေလွှတ်ထားရ
ဂျပန်မိုးလေဝသဌာနက ကနဦးတွင် သတိပေး ချက်များကို အဆင့်လျော့ချ ခဲ့သော်လည်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုများ၊ မြေပြိုကျ မှုများက ဒေသတွင်း ယခင်က မမြင်တွေ့ ဖူးကြောင်း အင်န်အိတ်ခ်ျကေ သတင်းဌာနက ဆိုသည်။
ဂျပန်တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနှစ်သိန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းရန် ထောင်ချီသော ကယ်ဆယ်ရေးတပ်ဖွဲ့များ စေလွှတ်ထားရ
ဂျပန် တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရှစ်ဦးပျောက် ဆုံးကာ သုံးဦး ဒဏ် ရာရ၍ ထောင်နှင့်ချီသော ကယ်ဆယ်ရေး တပ်ဖွဲ့ များ စေလွှတ်ထားသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူသုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကာ ရှစ်ဦး ပျောက်ဆုံးပြီးနောက် ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းသို့ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ထောင်နှင့်ချီသော တပ်ဖွဲ့များ စေလွှတ်နေကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။
“မနက်ဖြန် အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်လို့ ပြည်သူတွေ အနေနဲ့ အမြင့်ဆုံးအဆင့် သတိရှိဖို့ လိုအပ် ပါတယ်။ တပ်ဖွဲ့ဝင် ၁၀၀၀၀ ကို ကူမာမိုတိုဒေသကို စေလွှတ်မှာဖြစ်ပါတယ်” ဟု ရှင်ဇိုအာဘေးက ပြောသည်။
ရုပ်သံဖိုင်များတွင် နေအိမ်များ၊ ကားများ ရေအောက်နစ်မြှုပ်သွားခဲ့ပြီး ကူးမားမြစ်ရေကြောင့် နေအိမ်အ ချို့နှင့် တံတားတစ်စင်း ရေစီးနှင့်မျောပါသွားခဲ့သည်။
ဂျပန်မိုးလေဝသဌာနက ကနဦးတွင် သတိပေး ချက်များကို အဆင့်လျော့ချ ခဲ့သော်လည်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုများ၊ မြေပြိုကျ မှုများက ဒေသတွင်း ယခင်က မမြင်တွေ့ ဖူးကြောင်း အင်န်အိတ်ချ်ကေ သတင်းဌာနက ဆိုသည်။
ကူမာမိုတိုနှင့် ကုဂိုရှီးမား စီရင်စုများမှ နေအိမ် ထောင်စု ၉၂၂၀၀ ကျော်မှ ပြည်သူ နှစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
Crd – EPN #Myanmar_Online_Ne
Tags: