မဲဆောက်မြို့တွင် မြန်မာနိုင်ငံသူ (၅) နှစ်အရွယ်  သမီးငယ်လေး တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
မြန်မာ – ထိုင်းနယ်စပ် မဲဆောက်မြို့တွင် (၅) နှစ်အရွယ် မြန်မာနိုင်ငံသား သမီးငယ်လေး တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရပြီး ကျူးလွန်ခဲ့သူ ဟာအသက် ၃၃ နှစ်ခန့်ရှိသူသည် ယနေ့နံနက် ပိုင်းက မဲဆောက်ရှိ ရဲစခန်းတွင် ဝန်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ကလေးငယ်မှာ မဲဆောက်မြို့ မူဂျာဟေဒင် ရပ်ကွက်နေ ဦးကာဆင် ဒေါ်ဟာတီမာ တို့၏သမီး မစူဟာနာ ဖြစ်သည်။ ယမန်နေ့ည ၈ နာရီခန့်က ပျောက်ဆုံး သွားသည့် သေဆုံးသူကလေးမလေးကို ယနေ့နံက်ပိုင်းက အိမ်နှင့်မလှမ်မကမ်း ချုံပုတ်ထဲတွင်
လက်နောက်ပြန် ကျိုးတုတ် ထားလျှက် ပါးစပ်ထဲတွင် အဝတ်စ ထည့်ထားသည့် အပြင်ခြေနှစ်ဖက် ကိုလည်း ကြိုးဖြင့် တုတ်ထားလျက် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လာရောက် စစ်ဆေးခဲ့သည့် မှုခင်းဆရာဝန်က တရားဝင် ပြောကြားခြင်း မရှိသေးသော်လည်း စစ်ဆေးမှုတွင် ပါဝင်သည့် အရာရှိ တစ်ဦးက ကလေးမလေးမှာ အသက်ရှူမရ၍ သေဆုံးရခြင်းဖြစ်သလို မုဒိမ်းပြုကျင့် ခံထားရ
သည်ကိုလည်း စစ်ဆေးတွေ့ရှိ ရသည်ဟု ထိုင်းသတင်းထောက် တစ်ဦး၏ အမေးကို ပြန်လည်ပြောဆိုခဲ့သည်။ ကလေးမလေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ မြန်မာနိုင်ငံသား စလင်းသည် မြန်မာနိုင်ငံတွင် ကလေးငယ်တဦး
(ကျား)ကို အလိုမတူဘဲ မုဒိမ်းကျင့်ခဲ့ သည့်အ တွက် ထောင်ဒဏ် (၈) နှစ်ကျခံခဲ့ရာမှ ပြန်လည်လွတ်မြောက် လာကာ မဲဆောက်မြို့သို့ လွန်ခဲ့သည့် (၁) လကျော်က ရောက်ရှိလာ သူလည်းဖြစ်သည်။
သေဆုံးသူ မိသားစု ဝင်များနှင့် စလင်းသည် ရပ် ဆွေရပ်မျိုး များဖြစ်သည်။ အမှုဖြစ်စဉ်နှင့် ပတ် သက်၍ မဲဆောက် ရဲ က အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက် လျှက်ရှိသည်။ crd- ကရင်အမျိုးသားမီဒီယာ #Myanmar_Online_Ne
Tags:
Add a Comment
Your email address will not be published. Required fields are marked *