ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ မန္စီၿမိဳ႕နယ္က (၅) ေလာင္းၿပိဳင္ လူသတ္မႈမွ သံသယရွိသူ ၂ ဦးကို ေကအိုင္အိုက စစ္ေဆးေနၿပီ

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ မန္စီၿမိဳ႕နယ္က (၅) ေလာင္းၿပိဳင္ လူသတ္မႈမွ သံသယရွိသူ ၂ ဦးကို ေကအိုင္အိုက စစ္ေဆးေနၿပီ

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ မန္စီၿမိဳ႕နယ္ ေကအိုင္ေအ / ေကအိုင္အို ထိန္းခ်ဳပ္နယ္ ေျမအတြင္း မိသားစု ၅ ဦး အသတ္ခံရမႈနဲ႕ ပတ္သက္ၿပီး သံသယရွိသူ ၂ ဦးကို ဗန္းေမာ္ခရိုင္ ေကအိုင္အို အုပ္ခ်ဳပ္ေရး႐ုံးမွာ ထိန္းသိမ္းထားၿပီး စစ္ေဆးေနတာလို႔ သိရပါတယ္။

ေကအိုင္အို ေျပာခြင့္ရ ဗိုလ္မႉးႀကီးေနာ္ဘိုက “ဇြန္ ၃ ရက္ေန႕မွာ သံသယရွိတဲ့ အမ်ိဳးသား ၂ေယာက္ ကို ဖမ္းၿပီး စစ္ေဆးေနပါတယ္။ ေနာက္ထပ္ အ ေသးစိတ္ ကိုေတာ့ မသိရေသးပါဘူး။ သူတို႔႐ြာထဲကပါပဲ” လို႔ ေျပာပါတယ္။

မန္စီၿမိဳ႕နယ္ အင္ဘာပါ ေက်း႐ြာအနီးရွိ ဂိုင္ေဒၚေက်း႐ြာ မွာေနထိုင္တဲ့ မိသားစုဝင္ ၅ ဦး ဇူလိုင္ ၂ ရက္ ညပိုင္းက အသတ္ခံခဲ့ရၿပီး အသက္ ၁၃ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ထြက္ေျပးလြတ္ ေျမာက္ခဲ့ပါတယ္။

အခုျဖစ္ပြားတဲ့ လူသတ္မႈဟာ တ႐ုတ္ျပည္နယ္စပ္ ဗန္းေမာ္နဲ႕ မိုင္ ၂၀ အကြာမွာရွိၿပီး ေကအိုင္ေအ / ေကအိုင္အို ထိန္းခ်ဳပ္ နယ္ေျမျဖစ္ကာ ရဲတပ္ဖြဲ႕နဲ႕ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနလက္လွမ္းမမီတဲ့ ေဒသမွာရွိတာေၾကာင့္ ျဖစ္စဥ္ျဖစ္ပြား တာကိုသာသိၿပီး အေရးယူ ေဆာင္႐ြက္ဖို႔ အခက္ခဲ ရွိတယ္လို႔ မန္စီၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ခင္ေမာင္ခ်ိဳက ေျပာပါတယ္။

ေသဆုံးသူေတြကို ဒိန္စီတိုက္နယ္ တာဝန္ခံဘုန္းေတာ္ႀကီး နဲ႕ ပန္ခတ္တိုက္နယ္ တာဝန္ခံဘုန္းေတာ္ႀကီးတို႔က ဦးေဆာင္ၿပီး ဓမၼဆရာမ်ားသြားေရာက္ဆုေတာင္းေပးခဲ့ကာ ဇူလိုင္ ၃ ရက္ေန႕က မီးသျဂၤိုဟ္ေပးခဲ့ၾကတယ္လို႔ သိရပါတယ္။ မင္းခန႔္ကိုကို / DVB TV News

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်က (၅) လောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ ၂ ဦးကို ကေအိုင်အိုက စစ်ဆေးနေပြီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကေအိုင်အေ / ကေအိုင်အို ထိန်းချုပ်နယ် မြေအတွင်း မိသားစု ၅ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ဗန်းမော်ခရိုင် ကေအိုင်အို အုပ်ချုပ်ရေးရုံးမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတာလို့ သိရပါတယ်။

ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘိုက “ဇွန် ၃ ရက်နေ့မှာ သံသယရှိတဲ့ အမျိုးသား ၂ယောက် ကို ဖမ်းပြီး စစ်ဆေးနေပါတယ်။ နောက်ထပ် အ သေးစိတ် ကိုတော့ မသိရသေးပါဘူး။ သူတို့ရွာထဲကပါပဲ” လို့ ပြောပါတယ်။

မန်စီမြို့နယ် အင်ဘာပါ ကျေးရွာအနီးရှိ ဂိုင်ဒေါ်ကျေးရွာ မှာနေထိုင်တဲ့ မိသားစုဝင် ၅ ဦး ဇူလိုင် ၂ ရက် ညပိုင်းက အသတ်ခံခဲ့ရပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ထွက်ပြေးလွတ် မြောက်ခဲ့ပါတယ်။

အခုဖြစ်ပွားတဲ့ လူသတ်မှုဟာ တရုတ်ပြည်နယ်စပ် ဗန်းမော်နဲ့ မိုင် ၂၀ အကွာမှာရှိပြီး ကေအိုင်အေ / ကေအိုင်အို ထိန်းချုပ် နယ်မြေဖြစ်ကာ ရဲတပ်ဖွဲ့နဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနလက်လှမ်းမမီတဲ့ ဒေသမှာရှိတာကြောင့် ဖြစ်စဉ်ဖြစ်ပွား တာကိုသာသိပြီး အရေးယူ ဆောင်ရွက်ဖို့ အခက်ခဲ ရှိတယ်လို့ မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ချိုက ပြောပါတယ်။

သေဆုံးသူတွေကို ဒိန်စီတိုက်နယ် တာဝန်ခံဘုန်းတော်ကြီး နဲ့ ပန်ခတ်တိုက်နယ် တာဝန်ခံဘုန်းတော်ကြီးတို့က ဦးဆောင်ပြီး ဓမ္မဆရာများသွားရောက်ဆုတောင်းပေးခဲ့ကာ ဇူလိုင် ၃ ရက်နေ့က မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ မင်းခန့်ကိုကို / DVB TV New

Tags: