ဘားအံၿမိဳ႕နယ္ သံလြင္ေက်း႐ြာအနီး၌ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္နိုင္ငံသား မ်ားဖမ္းဆီးရမိ

ဘားအံၿမိဳ႕နယ္ သံလြင္ေက်း႐ြာအနီး၌ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္နိုင္ငံသား မ်ားဖမ္းဆီးရမိ

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ သံလြင္ေက်း႐ြာအနီး ဇာသျပင္ – က်ားကေလး ကားလမ္း၌ ဘားအံၿမိဳ႕ဘက္မွ ယာဥ္ေမာင္း ၿဖိဳးစည္သူေက်ာ္ (ဘ) ဦးေမာင္ေမာင္ေအာင္ ေမာင္းႏွင္ လာသည့္ အာရာဖက္ အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ အမွတ္၊ 9 K/—အား ဇူလိုင္ ၂ ရက္ နံနက္ ၈ နာရီ

ခန့္တြင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ရပ္တန့္ စစ္ ေဆးရာ ၎ယာဥ္ေပၚမွ မဇာနည္ခိုင္ထြန္း (ဘ) ဦးစံထြန္းဦးႏွင့္ တရားမဝင္ ဝင္ေရာက္လာ သည့္ တ႐ုတ္ နိုင္ငံသား ၅ ဦးတို႔ကို ေတြ႕ရွိဖမ္းဆီး ရမိခဲ့သည္။

အဆိုပါ ဖမ္းဆီးရမိ သူမ်ားအား ေကာ့ဘိန္းနယ္ ေျမ ရဲစခန္းမွ တစ္ဆင့္ ဂ်ိဳင္းနယ္ေျမ ရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံခဲ့ၿပီး တရားဥပေဒအရ အေရးယူနိုင္ေရး လုပ္ထုံးလုပ္နည္း ႏွင့္အညီ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။ သတင္းစဥ္

(Unicode version) ဘားအံမြို့နယ် သံလွင်ကျေးရွာအနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား များဖမ်းဆီးရမိ

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်ကျေးရွာအနီး ဇာသပြင် – ကျားကလေး ကားလမ်း၌ ဘားအံမြို့ဘက်မှ ယာဉ်မောင်း ဖြိုးစည်သူကျော် (ဘ) ဦးမောင်မောင်အောင် မောင်းနှင် လာသည့် အာရာဖက် အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 9 K/—အား ဇူလိုင် ၂ ရက် နံနက် ၈ နာရီ

ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရပ်တန့် စစ် ဆေးရာ ၎င်းယာဉ်ပေါ်မှ မဇာနည်ခိုင်ထွန်း (ဘ) ဦးစံထွန်းဦးနှင့် တရားမဝင် ဝင်ရောက်လာ သည့် တရုတ် နိုင်ငံသား ၅ ဦးတို့ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူများအား ကော့ဘိန်းနယ် မြေ ရဲစခန်းမှ တစ်ဆင့် ဂျိုင်းနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

Tags: