(Unicode version) မတရား အသတ်ခံ လိုက်ရတဲ့ ဗန်မော် ( မန်စီခရိုင်) က (၅) လောင်းပြိုင် လူ သတ်မှု အကြောင်း
အသတ်ခံ ရသော မိသားစုဝင် (၅) ဦးအတွက် အ ထူး သတိရ ဆုတောင်း ပေးကြပါရန် မေတ္တာ ရပ်ခံခြင်း
(၅) လောင်းပြိုင်လူသတ်မှူ  . .3/7/2020 ဗန်မော် ( မန်စီခရိုင်) မန်ဂျယ် ဒိန်စီ အင်ဘပါလမ်း ဂိုင်ဒေါ်ကျေးရွာ၌ ဂျူလိုင်လ ၂ ရက်နေ့ ညပိုင်းက မိ သားစုဝင် ၅ ဦး ဓားခုတ်သတ်ခံရ ကြောင်းကြား သိရပါတယ်။
အသတ်ခံရ သောသူများမှာ – ၁။ ဒေါ်ယမ်ထု အသက်- ၇၀) / ၂။ ဦးယာကုလန်ဇိန် တန်ဂွန် (ဖခင်) / ၃။ ဒေါ်မော်ရိန်းဆွမ် လွတ်ထုနန် (မိခင်) / ၄။ မောင်လန်ဇိန် ဆန်လီနော် / ၅။ မောင်လန်ဇိန် ဒွဲဆန်အောင် တို့ဖြစ်ကြ ပါတယ်။
သားကြီး ဖြစ်သူ အသက် (၁၃) နှစ် အရွယ် တစ်ဦး တည်းသာ ထွက်ပြေး လွတ်မြောက် ခဲ့သော်လဲ ထိတ်လန့် ကြောက်ရွံ့ စိတ်ကြောင့် စကားမပြော နိုင်တော့ပါ။ ယခု အသတ်ခံ ရသော မိသားစုဝင်များ နေအိမ်သို့ ဒိန်စီတိုက်နယ်မှ
တာဝန်ခံ ဘုန်းတော်ကြီး Rev. Fr Sunday Aung, ပန်ခတ် တိုက်နယ် တာဝန်ခံ ဘုန်းတော်ကြီး Rev. Fr Paul Lahpai Aung Dang. နှင့် ဓမ္မဆရာများ သွားရောက် ဆုတောင်းပေး‌ နေကြပါတယ်။
မတရား အသတ်ခံကြ ရသော မိသားစုဝင်များ ၏ ဝိညာဉ်အတွက်နှင့် အမှူမှန် တရားခံ အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ဝိုင်ဝန်း ဆုတောင်း ပေးကြပါရန် ခရစ်တော်၏နာမတော်၌ မေတ္တာရပ်ခံအပ်ပါတယ်။ Credit to RVA, Kachin /Mai Joe Lay (source – D Nae khit)
Tags: