








(Unicode version) အောင်ဆန်း ရုပ်ရှင်တွင် ဂဠုန်ဦးစော အဖြစ် သရုပ်ဆောင်ရန် သရုပ်ဆောင် ဆုပန်ထွာ၏ ခင်ပွန်းရွေးချယ်ခံရ

အောင်ဆန်း ရုပ်ရှင်တွင် ဂဠုန်ဦးစော အဖြစ်သ ရုပ်ဆောင်ရန် ရွေးချယ်ရာတွင် သရုပ်ဆောင် ဆုပန်ထွာ၏ ခင်ပွန်း ကိုဥက္ကာကျော်အား ရွေး ချယ် ခဲ့ကြောင်း

ဒါရိုက်တာ ပန်ချီစိုးမိုးက မြန်မာတိုင်းမ်းသို့ ပြော သည်။ ကျွန်တော်တို့ အနေနဲ့ အဆင့်ဆင့် ရွေး ချယ်မှုတွေ လုပ်ဆောင်ခဲ့ တာပါ။ ကျွန်တော်တို့ မနက်ဖန်မှာ လူတွေ့စစ်ဆေးမူတွေ လုပ်ဆောင်သွားမှာပါဟု ၎င်းကပြောသည်။

ဂဠုန်ဦးစောအဖြစ် ပါဝင် သရုပ်ဆောင်ရန် အ တွက် သရုပ်ဆောင်များအား ၂၀၂၀ခုနှစ် ဇွန် ၅ ရက်တွင် ကြော်ငြာခေါ်ယူခဲ့ပြီး Message Boxမှသော်လည်ကောင်း

စာတိုက်မှ သော်လည်ကောင်း လာရောက်ပြီး လျှောက်ထားသော ရှောက်လွာပေါင်း ၂၉ စောင်ကို လက်ခံရရှိခဲ့ကြောင်း အောင်ဆန်းရုပ်ရှင် ၏ page တွင် တရားဝင် ကြေငြာခဲ့သည်။

လျှောက်ထား သူများထဲမှ အသက်အရွယ် အရပ် အမောင်း ရုပ်ရည်ဆင်တူမှု စသည်တို့ အပေါ် မူ တည်၍ Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ဒါရိုက်တာ လူမင်းတို့က

စိစစ် ရွေးချယ်ခဲ့ရာ ကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ ခြင်းဖြစ်သည်။ သိုဖြစ်ပါ၍ ကိုဥက္ကာကျော်အား ပထမဆင့် အနေဖြင့် ဂုဏ်ယူစွာ ရွေးချယ်လိုက်ပါသည်။

ဒုတိယအဆင့် အနေဖြင့် လူတွေ့စစ်ဆေးခြင်း သရုပ်ဆောင်မှု စစ်ဆေးခြင်း Character Make Up Test ပြုလုပ်ခြင်းများကို မကြာမီ ရက်ပိုင်းတွင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်

Add a Comment

Your email address will not be published. Required fields are marked *