ပဲခူးတိုင္း တံခြန္တိုင္ေက်း႐ြာမွာ တရားမဝင္ ခိုးျပန္လာတဲ့ သူတစ္ဦးနဲ႕ ထိေတြ႕ထားတဲ့ ကိုဗစ္-၁၉ သံသယ လူနာတစ္ဦးေသဆုံး

ပဲခူးတိုင္း တံခြန္တိုင္ေက်း႐ြာမွာ တရားမဝင္ ခိုးျပန္လာတဲ့ သူတစ္ဦးနဲ႕ ထိေတြ႕ထားတဲ့ ကိုဗစ္-၁၉ သံသယ လူနာတစ္ဦးေသဆုံး

တရားမဝင္ လမ္းေၾကာင္းက ျပန္လာသူနဲ႕ အနီး ကပ္ ထိေတြ႕မႈေၾကာင့္ ကိုဗစ္ လမ္းၫႊန္ခ်က္ နဲ႕အညီ စနစ္တက် သၿဂိဳလ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာ နိုင္ငံထဲကို တရားမဝင္ လမ္းေၾကာင္းနဲ႕ ခိုးၿပီး ျပန္ေရာက္လာတဲ့ လာအိုျပန္ တစ္ဦးနဲ႕ ထိေတြဆက္စပ္ခဲ့သူ အမ်ိဳးသား တစ္ဦး ပဲခူးတိုင္းေဒသႀကီး သဲကုန္းၿမိဳ႕နယ္ တံခြန္တိုင္ ေက်း႐ြာ ကူႀကီးဓမၼာ႐ုံမွာ ေစာင့္ၾကည့္မႈ

ခံယူေနစဥ္ ဇူလိုင္လ ၂ ရက္ေန႕က ႐ုတ္တရက္ေသဆုံး သြားခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးအမ်ိဳးသားကို ဇူလိုင္လ၂ ရက္ေန႕မွာပဲ ခ်က္ျခင္း သၿဂိဳလ္ခဲ့ပါတယ္။ သၿဂိဳလ္တဲ့ ေနရာမွာလည္း ေသဆုံးသူဟာ တရားမဝင္

လမ္းေၾကာင္းက ျပန္လာသူနဲ႕ အနီးကပ္ ထိေတြ႕မႈေၾကာင့္ ကိုဗစ္လမ္းၫႊန္ ခ်က္နဲ႕အညီ စနစ္တက် သၿဂိဳလ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ေသ ဆုံးသူက လာအိုျပန္မဟုတ္ပါဘူး၊လာအိုျပန္နဲ႕ ထိေတြ႕ခဲ့သူပါ။ လာအိုျပန္ကလည္း

အစိုးရရဲ႕ အစီအစဥ္နဲ႕ လာသူမဟုတ္ဘူး၊ သူ႕ဘာ သာ တရားမဝင္ လမ္းေၾကာင္းက ေနျပန္လာတယ္ ဒါကိုရပ္ကြက္က သိေတာ့ ကြၽန္ေတာ့္ဆီကို အေၾကာင္း ၾကားေတာ့မွ သိရၿပီး ခ်က္ျခင္းကြာရန္တင္း ထားခဲ့တယ္။

ေရာက္တာ ခ်က္ျခင္း မသိတာေၾကာင့္ သူနဲ႕ထိစပ္ ခဲ့သူေတြရွိခဲ့တယ္။ လာအိုျပန္ ကိုသြားႀကိဳခဲ့သူ ထိေတြ႕ခဲ့သူက ေသဆုံးသူ အပါအဝင္ ၅ ဦးရွိပါတယ္” လို႔ သဲကုန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ ၂ ကိုေဇာ္သက္ထြန္းက ေျပာပါတယ္။

ထိေတြ႕ ဆက္စပ္ခဲ့သူေတြ အားလုံးကို ကြာရန္တင္း ထားခဲ့သလို စိတ္ခ်ရေအာင္ က်န္းမာေရးစစ္ေဆးဖို႔ ႏွာေခါင္းတို႔ဖတ္ အာေခါင္တို႔ဖတ္ ပို႔ထားေၾကာင္း၊ ေဆးစစ္ခ်က္ ရလဒ္အေျဖ ဒီေန႕ညရနိုင္ဖို႔ မ်ားတယ္လို႔ သိရပါတယ္။

လာအိုျပန္ဟာ ၿပီခဲ့တဲ့ ၈ ရက္ေလာက္ ကထဲက ကြာရန္တင္း ဝင္ခဲ့သူ ျဖစ္ပါတယ္။ သဲကုန္းၿမိဳ႕ နယ္မွာ ကြာရန္တင္းထား အသြားအလာကန႔္ သတ္ေစာင့္ၾကည့္ ထားသူဟာ ၿပီးခဲ့တဲ့တပတ္အထိကို ၈၀ ေက်ာ္ ရွိတယ္လို႔သိရပါတယ္။

ဇူလိုင္ ၂ ရက္ေန႕ စာရင္းေတြအရ ပဲခူးတိုင္း တစ္ခုလုံးမွာ Facility Quarantine ၂၉၃ ခုျဖင့္ အ သြားအလာ ကန႔္သတ္ ေစာင့္ၾကည့္ေနတဲ့ ျပည္ပမွျပန္လာသူ ျမန္မာနိုင္ငံသား ၃၃၀၉ဦးနဲ႕ သံသယလူနာ တစ္ဦးရွိေန ပါတယ္

ပိုးေတြ႕လူနာ ၉ ဦးအထိရွိခဲ့ၿပီး တစ္ဦးက ေသဆုံးျဖစ္ပါတယ္။ လက္ရွိ ျမန္မာနိုင္ငံမွာကိုဗစ္-၁၉ အတည္ျပဳ လူနာ ၃၀၄ ဦးရွိေနၿပီး ဒီထဲမွာ ေသ ဆုံးက၆ ဦး ေရာဂါသက္သာျဖင့္ ျပန္လည္ေကာင္ မြန္သူ ၂၂၃ ဦးရွိပါတယ္။

ေရာဂါေပ်ာက္ကင္းၿပီးမွ ေရာဂါပိုး ျပန္လည္ေတြ႕ရွိသူတစ္ဦးလည္း ရွိေနပါတယ္။ Source : Duwun

ပဲခူးတိုင်း တံခွန်တိုင်ကျေးရွာမှာ တရားမဝင် ခိုးပြန်လာတဲ့ သူတစ်ဦးနဲ့ ထိတွေ့ထားတဲ့ ကိုဗစ်-၁၉ သံသယ လူနာတစ်ဦးသေဆုံး

တရားမဝင် လမ်းကြောင်းက ပြန်လာသူနဲ့ အနီး ကပ် ထိတွေ့မှုကြောင့် ကိုဗစ် လမ်းညွှန်ချက် နဲ့အညီ စနစ်တကျ သဂြိုလ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံထဲကို တရားမဝင် လမ်းကြောင်းနဲ့ ခိုးပြီး ပြန်ရောက်လာတဲ့ လာအိုပြန် တစ်ဦးနဲ့ ထိတွေဆက်စပ်ခဲ့သူ အမျိုးသား တစ်ဦး ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် တံခွန်တိုင် ကျေးရွာ ကူကြီးဓမ္မာရုံမှာ စောင့်ကြည့်မှု

ခံယူနေစဉ် ဇူလိုင်လ ၂ ရက်နေ့က ရုတ်တရက်သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးအမျိုးသားကို ဇူလိုင်လ၂ ရက်နေ့မှာပဲ ချက်ခြင်း သဂြိုလ်ခဲ့ပါတယ်။ သဂြိုလ်တဲ့ နေရာမှာလည်း သေဆုံးသူဟာ တရားမဝင်

လမ်းကြောင်းက ပြန်လာသူနဲ့ အနီးကပ် ထိတွေ့မှုကြောင့် ကိုဗစ်လမ်းညွှန် ချက်နဲ့အညီ စနစ်တကျ သဂြိုလ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သေ ဆုံးသူက လာအိုပြန်မဟုတ်ပါဘူး၊လာအိုပြန်နဲ့ ထိတွေ့ခဲ့သူပါ။ လာအိုပြန်ကလည်း

အစိုးရရဲ့ အစီအစဉ်နဲ့ လာသူမဟုတ်ဘူး၊ သူ့ဘာ သာ တရားမဝင် လမ်းကြောင်းက နေပြန်လာတယ် ဒါကိုရပ်ကွက်က သိတော့ ကျွန်တော့်ဆီကို အကြောင်း ကြားတော့မှ သိရပြီး ချက်ခြင်းကွာရန်တင်း ထားခဲ့တယ်။

ရောက်တာ ချက်ခြင်း မသိတာကြောင့် သူနဲ့ထိစပ် ခဲ့သူတွေရှိခဲ့တယ်။ လာအိုပြန် ကိုသွားကြိုခဲ့သူ ထိတွေ့ခဲ့သူက သေဆုံးသူ အပါအဝင် ၅ ဦးရှိပါတယ်” လို့ သဲကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ကိုဇော်သက်ထွန်းက ပြောပါတယ်။

ထိတွေ့ ဆက်စပ်ခဲ့သူတွေ အားလုံးကို ကွာရန်တင်း ထားခဲ့သလို စိတ်ချရအောင် ကျန်းမာရေးစစ်ဆေးဖို့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ပို့ထားကြောင်း၊ ဆေးစစ်ချက် ရလဒ်အဖြေ ဒီနေ့ညရနိုင်ဖို့ များတယ်လို့ သိရပါတယ်။

လာအိုပြန်ဟာ ပြီခဲ့တဲ့ ၈ ရက်လောက် ကထဲက ကွာရန်တင်း ဝင်ခဲ့သူ ဖြစ်ပါတယ်။ သဲကုန်းမြို့ နယ်မှာ ကွာရန်တင်းထား အသွားအလာကန့် သတ်စောင့်ကြည့် ထားသူဟာ ပြီးခဲ့တဲ့တပတ်အထိကို ၈၀ ကျော် ရှိတယ်လို့သိရပါတယ်။

ဇူလိုင် ၂ ရက်နေ့ စာရင်းတွေအရ ပဲခူးတိုင်း တစ်ခုလုံးမှာ Facility Quarantine ၂၉၃ ခုဖြင့် အ သွားအလာ ကန့်သတ် စောင့်ကြည့်နေတဲ့ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား ၃၃၀၉ဦးနဲ့ သံသယလူနာ တစ်ဦးရှိနေ ပါတယ်

ပိုးတွေ့လူနာ ၉ ဦးအထိရှိခဲ့ပြီး တစ်ဦးက သေဆုံးဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာကိုဗစ်-၁၉ အတည်ပြု လူနာ ၃၀၄ ဦးရှိနေပြီး ဒီထဲမှာ သေ ဆုံးက၆ ဦး ရောဂါသက်သာဖြင့် ပြန်လည်ကောင် မွန်သူ ၂၂၃ ဦးရှိပါတယ်။

ရောဂါပျောက်ကင်းပြီးမှ ရောဂါပိုး ပြန်လည်တွေ့ရှိသူတစ်ဦးလည်း ရှိနေပါတယ်။ Source : Duwun

Tags:

Add a Comment

Your email address will not be published. Required fields are marked *