ေလွထဲသို႔ ပစၥည္းႏွင့္ ေငြမ်ားသြားပို႔ရာက ပညာ ေရးေကာလိပ္ ဒုတိယႏွစ္ ေက်ာင္းသားတစ္ဦး ေရထဲျပဳတ္ က်ေပ်ာက္ဆုံးေန

ေလွထဲသို႔ ပစၥည္းႏွင့္ ေငြမ်ားသြားပို႔ရာက ပညာ ေရးေကာလိပ္ ဒုတိယႏွစ္ တက္ေနသူတစ္ဦး ေရထဲျပဳတ္ကေပ်ာက္ဆုံးေန

ေရးၿမိဳ႕နယ္ ေခ်ာင္းေတာင္ေက်း႐ြာ အကြက္ (၃) တြင္ေနထိုင္သည့္ ပညာေရး ေကာလိပ္ ဒုတိယႏွစ္သို႔ တက္ေရာက္ေနေသာ အသက္ (၁၇) ႏွစ္အ႐ြယ္ရွိ ေမာင္သီဟဦးသည္ ဂ်ဴလိုင္လ ၂ ရက္ေန႕ နံနက္ ၁၀ နာရီခြဲ

အခ်ိန္ခန႔္က ေလွဆင္း တံတားေပၚမွ ျပဳတ္က်ကာ ေပ်ာက္ဆုံးလ်က္ ရွိေနေၾကာင္း သိရသည္။ေရးၿမိဳ႕နယ္ အေဘာ္ေက်း႐ြာ အုပ္စုအပိုင္ ကင္းဘုရား နယ္ေျမ (အေနာက္ကင္း) ရွိ ငါးဖမ္း စက္ေလွႀကီးမ်ား ဆိုက္ကပ္ရာ ေနရာသို႔ ေငြႏွင့္ မူလီေခ်ာင္းမ်ား ေပးပို႔ရန္ သြားေရာက္ရာက

ေလွဆင္းတံတားေပၚမွ ျပဳတ္က်ကာ ေပ်ာက္ဆုံး လ်က္ ရွိေနေၾကာင္း ရွာေဖြကယ္ဆယ္ေရး လုပ္ ေဆာင္ ေနသည့္ ေရးၿမိဳ႕နယ္ မီးသတ္ တပ္ဖြဲ႕မွ မီးသတ္တပ္ၾကပ္ႀကီး

ဦးသက္လြင္က သံလြင္တိုင္းမ္ကို ေျပာၾကား သည္။ ငါးဖမ္း စက္ေလွေတြက ပင္လယ္ထြက္ ခ်ိန္မဟုတ္ေတာ့ ၁၀ စီးေက်ာ္ ေလာက္က ပိတ္ကပ္ထားတာမို႔ ရွာေဖြရတာ ခက္ခဲတဲ့ အေနအ ထားပါ

ပထမဆုံး ေလွႀကီးကို အကူးမွက်တာ အဲ့ေနရာက ေခ်ာက္လို ျဖစ္ေနတယ္လို႔ ေျပာၾကတယ္၊ ျဖစ္ျဖစ္ခ်င္းေတာ့ ေလွသားေတြက ရွာၾကတယ္၊ က်ၿပီးတာနဲ႕ လုံးဝျမႇုပ္သြားတယ္ ပိုက္ဆံထုတ္က ေတာ့ေပၚလာတယ္ လက္ရွိ

အေနအထားက စက္ေလွေတြကို ခြာခိုင္းတာ ထိမိမွာစိုးလို႔ မခြာရဲၾကဘူး၊ စက္လွသမားေတြက ေရ ငုပ္ရွာေဖြေရး ေတြလုပ္ၾကတယ္ ေလွေတြကကပ္ေနေတာ့ ခက္တယ္၊ ေလွေတြရဲ႕ေအာက္ထဲမွာ ရွာဖို႔ကလည္း မလြယ္ဘူးျဖစ္ေနတယ္

လို႔ သံလြင္တိုင္းမ္ကို ေျပာၾကားသည္။ ညေနအထိ မေတြ႕ေသးပါဘူး မနက္ျဖန္ဆက္ၿပီး ရွာ ေဖြေရးေတြ ျပန္လုပ္ၾကပါမယ္ဟု ေခ်ာင္းေတာင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ဆန္းက ေျပာၾကားသည္။

ေမာင္သီဟဦးသည္ ေခ်ာင္းေတာင္ ေက်း႐ြာေန လုပ္ငန္းရွင္ တစ္ဦးပိုင္ဆိုင္သည့္ ေရလုပ္ငန္းတြင္ ေက်ာင္းပိတ္ခ်ိန္ အတြင္း စာရင္းကိုင္အျဖစ္ ဝင္ေရာက္ လုပ္ကိုင္ေနသူ တစ္ဦး ျဖစ္ေၾကာင္းႏွင့္ မနက္ျဖန္တြင္ ရွာေဖြကယ္

ဆယ္ေရး လုပ္ငန္းမ်ားကို ဆက္လက္ ၿပီးေတာ့ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ေခ်ာင္းေတာင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉ႐ုံးမွ သိရသည္။ သတင္း – ရဲနိုင္ဆ ယ္ပလာသတင္းစုံ #ZMT

(Unicode version) လှေထဲသို့ ပစ္စည်းနှင့် ငွေများသွားပို့ရာက ပညာ ရေးကောလိပ် ဒုတိယနှစ် တက်နေသူတစ်ဦး ရေထဲပြုတ်ကပျောက်ဆုံးနေ

ရေးမြို့နယ် ချောင်းတောင်ကျေးရွာ အကွက် (၃) တွင်နေထိုင်သည့် ပညာရေး ကောလိပ် ဒုတိယနှစ်သို့ တက်ရောက်နေသော အသက် (၁၇) နှစ်အရွယ်ရှိ မောင်သီဟဦးသည် ဂျူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲ

အချိန်ခန့်က လှေဆင်း တံတားပေါ်မှ ပြုတ်ကျကာ ပျောက်ဆုံးလျက် ရှိနေကြောင်း သိရသည်။ရေးမြို့နယ် အဘော်ကျေးရွာ အုပ်စုအပိုင် ကင်းဘုရား နယ်မြေ (အနောက်ကင်း) ရှိ ငါးဖမ်း စက်လှေကြီးများ ဆိုက်ကပ်ရာ နေရာသို့ ငွေနှင့် မူလီချောင်းများ ပေးပို့ရန် သွားရောက်ရာက

လှေဆင်းတံတားပေါ်မှ ပြုတ်ကျကာ ပျောက်ဆုံး လျက် ရှိနေကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ် ဆောင် နေသည့် ရေးမြို့နယ် မီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ကြပ်ကြီး

ဦးသက်လွင်က သံလွင်တိုင်းမ်ကို ပြောကြား သည်။ ငါးဖမ်း စက်လှေတွေက ပင်လယ်ထွက် ချိန်မဟုတ်တော့ ၁၀ စီးကျော် လောက်က ပိတ်ကပ်ထားတာမို့ ရှာဖွေရတာ ခက်ခဲတဲ့ အနေအ ထားပါ

ပထမဆုံး လှေကြီးကို အကူးမှကျတာ အဲ့နေရာက ချောက်လို ဖြစ်နေတယ်လို့ ပြောကြတယ်၊ ဖြစ်ဖြစ်ချင်းတော့ လှေသားတွေက ရှာကြတယ်၊ ကျပြီးတာနဲ့ လုံးဝမြှုပ်သွားတယ် ပိုက်ဆံထုတ်က တော့ပေါ်လာတယ် လက်ရှိ

အနေအထားက စက်လှေတွေကို ခွာခိုင်းတာ ထိမိမှာစိုးလို့ မခွာရဲကြဘူး၊ စက်လှသမားတွေက ရေ ငုပ်ရှာဖွေရေး တွေလုပ်ကြတယ် လှေတွေကကပ်နေတော့ ခက်တယ်၊ လှေတွေရဲ့အောက်ထဲမှာ ရှာဖို့ကလည်း မလွယ်ဘူးဖြစ်နေတယ်

လို့ သံလွင်တိုင်းမ်ကို ပြောကြားသည်။ ညနေအထိ မတွေ့သေးပါဘူး မနက်ဖြန်ဆက်ပြီး ရှာ ဖွေရေးတွေ ပြန်လုပ်ကြပါမယ်ဟု ချောင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆန်းက ပြောကြားသည်။

မောင်သီဟဦးသည် ချောင်းတောင် ကျေးရွာနေ လုပ်ငန်းရှင် တစ်ဦးပိုင်ဆိုင်သည့် ရေလုပ်ငန်းတွင် ကျောင်းပိတ်ချိန် အတွင်း စာရင်းကိုင်အဖြစ် ဝင်ရောက် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ကြောင်းနှင့် မနက်ဖြန်တွင် ရှာဖွေကယ်

ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ပြီးတော့ လုပ်ဆောင်မည် ဖြစ်ကြောင်း ချောင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူရုံးမှ သိရသည်။ သတင်း – ရဲနိုင်ဆ ယ်ပလာသတင်းစုံ #ZM

Add a Comment

Your email address will not be published. Required fields are marked *