မြန်မာ့ စပါးအုံးမြွေ ဖြစ်တဲ့ MMA ချန်ပီယံကြီး အောင်လအန်ဆန်မှာ COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ပိုးတေ
မြန်မာ့ စပါးအုံးမြွေ ဖြစ်တဲ့ MMA ချန်ပီယံကြီး အောင်လအန်ဆန်မှာ COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ပိုးကူးစက်ခံရ
မြန်မာ့စပါးအုံးလို့ လူသိများတဲ့ ကချင်လက်ဝှေ့သမား အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို အတည်ပြု စစ်ဆေးတွေ့ရှိ တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ၂ရက်နေ့က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ရောဂါပိုးရှိ မရှိစမ်းသပ်ခဲ့ပြီး မနေ့ကပဲ ရောဂါပိုးရှိတာ သေချာကြောင်း စစ်ဆေး တွေ့ရှိချက်ကို သိရတယ်လို့ ဆိုပါတယ်
ဒီအခြေ အနေကြောင့် သူနဲ့သူ့မိသားစုက အိမ်ကနေ ဘယ်ကိုမှ မထွက်ပဲ ၁၄ရက် သီးသန့်နေထိုင်တော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ရက်အတွင်း သူ့မှာ အဖျားအနည်းငယ် ရှိတယ်။ အသက်ရှူ နည်းနည်း ကြပ်တယ်။
ခန္ဓာကိုယ် ကိုက်ခဲတယ်။ ပင်ပမ်း နွမ်းနယ်တယ်။ ဒါတွေကလွဲပြီး သူတို့တမိသားစုလုံးဟာ ကောင်း ကောင်း မွန်မွန်ရှိပါတယ် လို့လည်း အောင်လအန်ဆန်က သူ့ရဲ့Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
အောင်လအန်ဆန်ဟာ လက်ရှိအချိန်မှာ အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်း မေရီလန်းပြည် နယ်က ဘောလ်တီမိုးမြို့မှာ မိသားစုနဲ့အတူ နေ ထိုင်နေပါတယ်။ Photo: Aung La Nsang (Burmese Python