လူပျို သီချင်း MTV နဲ့ပတ်သတ်ပြီး ရတနာပုံတက္ကသိုလ် ကျောင်းသား တွေကို တောင်းပန်လိုက်တဲ့ မနော
ယခု သတင်းကို ( မနော ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်
မင်္ဂလာပါ🙏 လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျနော် တောင်းပန်ပါ့မယ် ခင်ဗျာ🙏 အခုလို လမ်းအမှန်ကို ထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်🙏
ဒီလူပျို သီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူး ခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာ စေအောင် ရည်ရွယ်ပြီး မပြု လုပ်ခဲ့ပါ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်း သား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင် အနူး အညွတ် တောင်းပန်အပ် ပါတယ်ခင်ဗျာ 🙏🙏🙏
တောင်းပန် ရသည့် ရည်ရွယ်ချက် များမှာ 🙏 ၁။ အနုပညာ အလုပ်ကို လုပ်သူ (သို့) ထင်ပေါ်ကျော်ကြား သူတစ်ဦးဟာ အရာရာ သတိထားရပါမယ် မိမိကြောင့် လူငယ်လူရွယ် လေးများ မသိအမြင်မမှား စေချင်သောဆန္ဒ၊ အတုမြင် အတတ် သင် မပြုစေချင် သောဆန္ဒနှင့် ရတနာပုံ တက္ ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ✍️
၂။ ကျနော်ကိုးကွယ် ဆည်းကပ်သော ဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်း ကောင်းများ အစုံစုံကို လေးစား တန်ဖိုးထားခြင်း ဆုံးမသွန်သင်မှု ညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကို ကျနော် ကြောင့်မထိခိုက် စေလိုပါ🙏
၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက်စေချင်ပါ ကျနော့်ကို ချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာ ရောက်ပါတယ် ခင်ဗျာ🙏
၄။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေ ယျာဝစ္စ ပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းကို မေတ္တာပို့ပါတယ် မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူ့ဘဝအ ချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ် ✍️
ဒါကြောင့် ကျနော့်ရဲ့အမှားကို ပြုပြင်ပေးသည့် ညီလေး ညီမလေးများ ကျေနပ်သည် အထိတောင်းပန်ပါ့မယ်🙏 ဒီကျနော့်ရဲ့ မနော Manaaw Like Page မှတောင်းပန်တာ အားရကျေနပ်မှု မရှိသေးလျှင် ကိုယ်တိုင် လာရောက်တောင်းပန် ဆိုလည်း ကျနော် တောင်းပန်ပါ့မယ်ခင်ဗျား🙏🙏 အားလုံး သာယာချမ်းမြေ့ ပါစေ 🙏 မနော