






(Unicode version) အိပ်မက်ထဲမှာ ဂဏန်း ၆ လုံး ဒဲ့လာပေလို့ ထီနှစ်စောင် ထိုးရာ ထိုင်းဘတ် ၁၂ သန်း ထီပေါက် သွားတဲ့ ကီလိုအမှိုက်ကောက် သမားကြီး

ဂျူလိုင်လ ၂ ရက် ထိုင်းနိုင်ငံ ဖိစနုလို့ မြို့မှာနေ ထိုင် တဲ့အသက် အသက် (၅၅) နှစ်အရွယ် Prayak Romsantiea သည် ဂျူလိုင်လ ၁ ရက်နေ့ ညနေ ၁၆:၃၀ ချိန်တွင် ထိုင်းအစိုးရရဲ့

ထီလက်မှတ် နှစ်စောင်ကို ကိုင်ကာ ပထုန်ဌာနီခရိုင် ခလောင်းဟာ့ ရဲတပ်ဖွဲ့ စခန်းထဲ ဝင်လာပြီး ထီပထမဆု ကြီးဖြစ်တဲ့ ထီနံပါတ် 347258 နှစ်စောင် ၊ ဘတ် ၁၂ သန်းပေါက်ကြောင်း

လာရောက် သတင်းပို့ကာ ရဲစခန်းတွင် မှတ်တမ်း ရေးသွင်းခဲ့ တယ်လို့ သိရပါတယ်။ သူဟာ ဘန် ကောက်မြို့နှင့် မနီးမဝေး ပထုန်ဌာနီ ခရိုင်တွင်လာရောက်၍ မိသားစုစားဝတ်နေရေး အတွက် အမှိုက်ပုံများတွင် စွန့်ပစ်ပစ္စည်း

အဟောင်းများ လိုက်လံ စုဆောင်း ကောက်ယူပြီးကီလို အဟောင်းဆိုင်တွင် ပြန်ရောင်းလေ့ ရှိသူတစ်ဦးဖြစ်ပါသည် ။

ဒီထီနံပါတ်ကိုတော့ သူ့ရဲ့အိပ်မက်ထဲတွင် ဂဏန်း ၆ လုံးစလုံး လာရောက် ပေးခဲ့သဖြင့် ထိုးဖြစ်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။ Photo Credit-SiThuMaung (ထိုင်းထီ)

Tags: