ကိုဗစ္ကုသေပးတဲ့ ဆရာဝန္ေတြ အတြက္ ဂုဏ္ျပဳတဲ့ ခ်ီးျမႇင့္ေငြနဲ႕ အလြန္အံ့ၾသစရာ ေကာင္းပီး ႐ြံရွာစရာ ျဖစ္ရပ္

ပိုက္ဆံ ငါးေသာင္းကို မမက္ပါဘူး ရင္နာလို႔ ေရးတာပါ ဆိုတဲ့ ဆရာဝန္တစ္ဦးရဲ႕ ရင္ဖြင့္စာ

ကိုဗစ္ကုသေပးတဲ့ ဆရာဝန္ေတြ အတြက္ အတိုင္ ပင္ခံ ဂုဏ္ျပဳတဲ့ ခ်ီးျမႇင့္ေငြနဲ႕ အလြန္ကို အံ့ၾသစ ရာေကာင္းပီး ႐ြံရွာစရာ ျဖစ္ရပ္ ထိုက္ေသာ သူတို႔ရၾကပါေစ …..

နိုင္ငံေတာ္ အေနနဲ႕တတ္နိုင္ သေလာက္ ဂုဏ္ျပဳတဲ့ သေဘာပါ။ အဲဒီေနာက္ေတာ့ ထုံးစံအတိုင္း သတင္းစုံၾကား ရေတာ့တာပါပဲ။ အဆိုး႐ြားဆုံးက တကယ္ျပဳစု ကုသေနရတဲ့ ဆရာဝန္ေတြကပိုက္ဆံ မရတာပါ။ က်ေနာ္နဲ႕ေတာ့ တိုက္ရိုက္မဆိုင္ေပမယ့္ မိတ္ေဆြ သူငယ္ခ်င္းေတြ အတြက္၊မတရားတာဆို ၾကည့္မေန တတ္တဲ့အတြက္ ဒီစာကို ေရးပါတယ္။

တခ်ိဳ႕နယ္ ေဆး႐ုံေလးေတြမွာပါ အကုန္နီးပါးရၾကေပမယ့္ တကယ့္ေရွ႕တန္းက ကုေနရတဲ့ရန္ကုန္ ျပည္သူ႕ေဆး႐ုံႀကီးက ေရွ႕တန္းက တခ်ိဳ႕ဆရာဝန္ေတြ၊ ေျမာက္ဥကၠလာ ေဆး႐ုံအပါဝင္ ေဆး ၂ ဘက္က တခ်ိဳ႕ဆရာဝန္ေတြ မႏၲေလးေဆး႐ုံႀကီးက တခ်ိဳ႕ဆရာဝန္ေတြ ပိုက္ဆံမရဘူးဆိုပီး ေျပာၾကတာေတြ ၾကားေနရပါတယ္။

ဒါဟာ ပိုက္ဆံ ၅၀၀၀၀ ကို မက္လို႔ ေျပာေနၾကတာ မဟုတ္ပါဘူး။ နိုင္ငံေတာ္ရဲ႕ ဂုဏ္ျပဳမႈကို ငါတို႔ ရရွိပါလား ဆိုတဲ့ ခံစားခ်က္ကို လိုခ်င္လို႔ သူတို႔ ေတာင္းဆိုၾကတာပါ။ ဒီအခ်ိန္မွာ စာထုတ္တာ ေနာက္က်လိဳ႕ အမိန႔္ထြက္တာက ေနာက္က်လိဳ႕ မေပးဘူး ဆိုတာေတြက မျဖစ္သင့္ ပါဘူး။

ဒီဆရာဝန္ေတြက ရာထူးအမိန႔္က မထြက္ေသးလို႔ ငါတို႔ COVID လူနာေတြကို မကုဘူးဆိုပီး ေရွာင္ေနၾကတာမဟုတ္ၾက ပါဘူး။ မတ္လ၊ ဧၿပီလ တလလုံး ျပည္သူေတြ Stay Home ေနေနတုန္း အသက္ကို စြန႔္ပီး ဒီေရာဂါဆိုးႀကီးကို ေရွ႕တန္းက ကုသေပး ေနၾကတဲ့ သူေတြပါ။ ဒီလူေတြက မရဘူး ဆိုတာက အလြန္ကို အံ့ၾသစရာ ေကာင္းပီး ႐ြံရွာစရာ ျဖစ္ေနပါတယ္။ တခ်ိဳ႕ ေဆး႐ုံေတြမွာက အသနားခံစာ ေရးတင္ရင္ ေပးတယ္လို႔ သိရ ပါတယ္။

ပိုေတာင္ အံ့ၾသစရာပါပဲ။ လက္ထဲမွာ ပိုက္ဆံရွိေနရဲ႕သားနဲ႕ ေဆး႐ုံအုပ္ခ်ဳပ္ေရး ပိုင္းက တမင္မေပးသလို ျဖစ္ေနပါတယ္။ ကိုယ့္ေဆး႐ုံမွာဆရာ ဝန္ ဘယ္ႏွေယာက္ ရွိတယ္။ ဘယ္သူေတြက ဒီေရာဂါကို ေရွ႕တန္းက ျပဳစုကုသ ေပးေနရတယ္။ ဒါကို သူတို႔သိထားရပါမယ္။ အခုထိလဲ ကုေနရတုန္းပါ။ ေနာက္ပီး ဒီဆရာဝန္ေတြကပဲ ေဝဘာဂီတို႔ ေတာင္ဥကၠလာ တို႔ကိုပါ အလွည့္က် သြားကုေပးေနရ ပါေသးတယ္။

ဒီေလာက္ COVID ပိုးေတြ႕လူနာေတြၾကား PPE ေတြနဲ႕ သက္စြန႔္ဆံဖ်ားကုသေပးေနသူေတြကို မေပးဘူးဆိုရင္ေတာ့ အေတာ္လြဲမွားေနပါပီ။သူတို႔ထက္ ပိုရသင့္တာ ဘယ္သူေတြရွိေသးလို႔လဲ။ ေနျပည္ေတာ္က ခ်ေပးလိုက္တဲ့ ပိုက္ဆံေတြက ဘယ္ေလာက္လဲ။ဘယ္သူေတြကို ဘယ္လို Procedure နဲ႕ ေပးလဲဆိုတာ ေမးခြန္းထုတ္စရာပါ။

ဒီပိုက္ဆံေတြက နိုင္ငံေတာ္အစိုးရ နဲ႕ ဝန္ႀကီးဌာနကေန ျပည္သူ႕ပိုက္ဆံနဲ႕ ခ်ေပးလိုက္တာပါ။ ျပည္သူေတြရဲ႕ အခြန္အခနဲ႕ ရတဲ့ ေငြေတြျဖစ္ပါတယ္။ ျပည္သူေတြကလဲ သူတို႔အတြက္ ေပးဆပ္ေနသူေတြကို ေက်းဇူးဆပ္ၾကတဲ့ သေဘာပါပဲ။ ဒါေပမယ့္ တကယ္ကုသေနရ တဲ့ ေရွ႕ဆုံးက လူေတြ မရဘူးဆို တာကေတာ့ လက္ခံနိုင္စရာကို လုံး၀ မရွိပါဘူး။

ေသခ်ာ စာရင္းလုပ္ပီး ကုသေနသူေတြ ကို ဘာအသနားခံစာ မွ တင္စရာမလိုပဲ ေပးကို ေပးရမယ့္ ကိစၥျဖစ္ ပါတယ္။ ဒီျပသနာဟာ ေနျပည္ ေတာ္က ျပသနာ မဟုတ္ပါဘူး ။ သက္ဆိုင္ရာ ေဆး႐ုံေတြ ရဲ႕ အားနည္းခ်က္ေတြပါ။ ဒီလို မေပးလို႔လဲ သူတို႔က မလုပ္ေတာ့ဘူး ဆိုပီး လူနာေတြကို ပစ္ထားၾကမွာ မဟုတ္ပါဘူး။ သူတို႔အလုပ္ သူတို႔ ဆက္လုပ္ေနမွာ ပါပဲ။

ဒါေပမယ့္ နာက်င္ခံစားရမႈက အတိုင္းအဆ မရွိပါဘူး။ သက္ဆိုင္ရာ ေဆး႐ုံေတြက အုပ္ခ်ဳပ္သူေတြကို ေျပာခ်င္တာက မကုသရတဲ့ သူေတြကို မေပးတာ ကိစၥမရွိေပမယ့္ တကယ္ ေရွ႕တန္းကေန လနဲ႕ ခ်ီပီး ကုသေပးခဲ့ရ ၊ကုသေပးေနဆဲ လူေတြကို ဒီလိုအခ်ိဳးမ်ိဳးလုပ္တာကေတာ့ လက္ခံနိုင္စရာ မရွိဘူးလို႔ ျပတ္ျပတ္ သားသားေျပာလိုက္ပါရေစ။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရဲ႕ စကားအတိုင္းေျပာရရင္ ခင္ဗ်ား တို႔ ေ-ာက္က်င့္ေတြ ကို ျပင္ဖို႔လိုေနပီ လို႔ တခြန္းထဲေျပာ လိုက္ပါမယ္။ Credit-shwe tha din

(Unicode versions) ပိုက်ဆံ ငါးသောင်းကို မမက်ပါဘူး ရင်နာလို့ ရေးတာပါ ဆိုတဲ့ ဆရာဝန်တစ်ဦးရဲ့ ရင်ဖွင့်စာ

ကိုဗစ်ကုသပေးတဲ့ ဆရာဝန်တွေ အတွက် အတိုင် ပင်ခံ ဂုဏ်ပြုတဲ့ ချီးမြှင့်ငွေနဲ့ အလွန်ကို အံ့သြစ ရာကောင်းပီး ရွံရှာစရာ ဖြစ်ရပ် ထိုက်သော သူတို့ရကြပါစေ …..

နိုင်ငံတော် အနေနဲ့တတ်နိုင် သလောက် ဂုဏ်ပြုတဲ့ သဘောပါ။ အဲဒီနောက်တော့ ထုံးစံအတိုင်း သတင်းစုံကြား ရတော့တာပါပဲ။ အဆိုးရွားဆုံးက တကယ်ပြုစု ကုသနေရတဲ့ ဆရာဝန်တွေကပိုက်ဆံ မရတာပါ။ ကျနော်နဲ့တော့ တိုက်ရိုက်မဆိုင်ပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေ အတွက်၊မတရားတာဆို ကြည့်မနေ တတ်တဲ့အတွက် ဒီစာကို ရေးပါတယ်။

တချို့နယ် ဆေးရုံလေးတွေမှာပါ အကုန်နီးပါးရကြပေမယ့် တကယ့်ရှေ့တန်းက ကုနေရတဲ့ရန်ကုန် ပြည်သူ့ဆေးရုံကြီးက ရှေ့တန်းက တချို့ဆရာဝန်တွေ၊ မြောက်ဥက္ကလာ ဆေးရုံအပါဝင် ဆေး ၂ ဘက်က တချို့ဆရာဝန်တွေ မန္တလေးဆေးရုံကြီးက တချို့ဆရာဝန်တွေ ပိုက်ဆံမရဘူးဆိုပီး ပြောကြတာတွေ ကြားနေရပါတယ်။

ဒါဟာ ပိုက်ဆံ ၅၀၀၀၀ ကို မက်လို့ ပြောနေကြတာ မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ဂုဏ်ပြုမှုကို ငါတို့ ရရှိပါလား ဆိုတဲ့ ခံစားချက်ကို လိုချင်လို့ သူတို့ တောင်းဆိုကြတာပါ။ ဒီအချိန်မှာ စာထုတ်တာ နောက်ကျလို့ အမိန့်ထွက်တာက နောက်ကျလို့ မပေးဘူး ဆိုတာတွေက မဖြစ်သင့် ပါဘူး။

ဒီဆရာဝန်တွေက ရာထူးအမိန့်က မထွက်သေးလို့ ငါတို့ COVID လူနာတွေကို မကုဘူးဆိုပီး ရှောင်နေကြတာမဟုတ်ကြ ပါဘူး။ မတ်လ၊ ဧပြီလ တလလုံး ပြည်သူတွေ Stay Home နေနေတုန်း အသက်ကို စွန့်ပီး ဒီရောဂါဆိုးကြီးကို ရှေ့တန်းက ကုသပေး နေကြတဲ့ သူတွေပါ။ ဒီလူတွေက မရဘူး ဆိုတာက အလွန်ကို အံ့သြစရာ ကောင်းပီး ရွံရှာစရာ ဖြစ်နေပါတယ်။ တချို့ ဆေးရုံတွေမှာက အသနားခံစာ ရေးတင်ရင် ပေးတယ်လို့ သိရ ပါတယ်။

ပိုတောင် အံ့သြစရာပါပဲ။ လက်ထဲမှာ ပိုက်ဆံရှိနေရဲ့သားနဲ့ ဆေးရုံအုပ်ချုပ်ရေး ပိုင်းက တမင်မပေးသလို ဖြစ်နေပါတယ်။ ကိုယ့်ဆေးရုံမှာဆရာ ဝန် ဘယ်နှယောက် ရှိတယ်။ ဘယ်သူတွေက ဒီရောဂါကို ရှေ့တန်းက ပြုစုကုသ ပေးနေရတယ်။ ဒါကို သူတို့သိထားရပါမယ်။ အခုထိလဲ ကုနေရတုန်းပါ။ နောက်ပီး ဒီဆရာဝန်တွေကပဲ ဝေဘာဂီတို့ တောင်ဥက္ကလာ တို့ကိုပါ အလှည့်ကျ သွားကုပေးနေရ ပါသေးတယ်။

ဒီလောက် COVID ပိုးတွေ့လူနာတွေကြား PPE တွေနဲ့ သက်စွန့်ဆံဖျားကုသပေးနေသူတွေကို မပေးဘူးဆိုရင်တော့ အတော်လွဲမှားနေပါပီ။သူတို့ထက် ပိုရသင့်တာ ဘယ်သူတွေရှိသေးလို့လဲ။ နေပြည်တော်က ချပေးလိုက်တဲ့ ပိုက်ဆံတွေက ဘယ်လောက်လဲ။ဘယ်သူတွေကို ဘယ်လို Procedure နဲ့ ပေးလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီပိုက်ဆံတွေက နိုင်ငံတော်အစိုးရ နဲ့ ဝန်ကြီးဌာနကနေ ပြည်သူ့ပိုက်ဆံနဲ့ ချပေးလိုက်တာပါ။ ပြည်သူတွေရဲ့ အခွန်အခနဲ့ ရတဲ့ ငွေတွေဖြစ်ပါတယ်။ ပြည်သူတွေကလဲ သူတို့အတွက် ပေးဆပ်နေသူတွေကို ကျေးဇူးဆပ်ကြတဲ့ သဘောပါပဲ။ ဒါပေမယ့် တကယ်ကုသနေရ တဲ့ ရှေ့ဆုံးက လူတွေ မရဘူးဆို တာကတော့ လက်ခံနိုင်စရာကို လုံး၀ မရှိပါဘူး။

သေချာ စာရင်းလုပ်ပီး ကုသနေသူတွေ ကို ဘာအသနားခံစာ မှ တင်စရာမလိုပဲ ပေးကို ပေးရမယ့် ကိစ္စဖြစ် ပါတယ်။ ဒီပြသနာဟာ နေပြည် တော်က ပြသနာ မဟုတ်ပါဘူး ။ သက်ဆိုင်ရာ ဆေးရုံတွေ ရဲ့ အားနည်းချက်တွေပါ။ ဒီလို မပေးလို့လဲ သူတို့က မလုပ်တော့ဘူး ဆိုပီး လူနာတွေကို ပစ်ထားကြမှာ မဟုတ်ပါဘူး။ သူတို့အလုပ် သူတို့ ဆက်လုပ်နေမှာ ပါပဲ။

ဒါပေမယ့် နာကျင်ခံစားရမှုက အတိုင်းအဆ မရှိပါဘူး။ သက်ဆိုင်ရာ ဆေးရုံတွေက အုပ်ချုပ်သူတွေကို ပြောချင်တာက မကုသရတဲ့ သူတွေကို မပေးတာ ကိစ္စမရှိပေမယ့် တကယ် ရှေ့တန်းကနေ လနဲ့ ချီပီး ကုသပေးခဲ့ရ ၊ကုသပေးနေဆဲ လူတွေကို ဒီလိုအချိုးမျိုးလုပ်တာကတော့ လက်ခံနိုင်စရာ မရှိဘူးလို့ ပြတ်ပြတ် သားသားပြောလိုက်ပါရစေ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စကားအတိုင်းပြောရရင် ခင်ဗျား တို့ ေ-ာက်ကျင့်တွေ ကို ပြင်ဖို့လိုနေပီ လို့ တခွန်းထဲပြော လိုက်ပါမယ်။ Credit-shwe tha di

Tags: