(Unicode version) အသက် ( ၅ ) နှစ်သာ ရှိသေးသောကလေးငယ်ကို ပိုင်ရှင်မဲ့ခွေး ( ၈ ) ကောင် ဝိုင်းကိုက်မှု ရန်ကုန်မြို့တွင် ဖြစ်ပွား
လူမှု့ပတ်ဝန်းကျင်မှာ ခွေးများကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူ ကြပါတယ်။ သို့ပေမဲ့ ပိုင်ရှင်မဲ့ခွေးများ၊ ခွေး လေခွေးလွင့်များကို လမ်းတော်တော်များများတွင် တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သဃ်န်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ရိပ်သာလမ်း အပိုင်း ၈ နှင့် အပိုင်း ၂ ကြား တွင် အသက် ( ၅ ) နှစ်သာရှိသေးသော
မအေးချမ်းမိုး ဆိုသူအား ပိုင်ရှင်မဲ့ခွေး ၈ ကောင် ဝိုင်းကိုက်သော ကြောင့် ဒဏ်ရာ အမြောက်အမြားရရှိခဲ့ပြီး စံပြဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမူ ပြုလုပ်လျက် ရှိသည်။
ဖြစ်စဉ်မှာ 29.6.20 တနင်္လာနေ့ မနက် 7 နာရီ 10 မိနစ် အချိန်ခန့်တွင် ဈေးရောင်းနေသော မိခင်နောက်သို့ မအေးချမ်းမိုးလိုက်သွားရာမှ ပိုင်ရှင်မဲ့ ခွေး ၈ ကောင်မှ ဝိုင်းကိုက်ဆွဲခဲ့ရတယ်လို့သိရပါတယ်။
ပုံမှန်ဆို ကလေးက အစ်ကိုဖြစ်သူနဲ့ အိမ်ရှေ့မှာဆော့နေကျ ဖြစ်ချင်လို့ အဲနေ့က သူ့အစ်ကိုဖြစ်သူက လာမဆော့တော့ ကလေးက တစ်ယောက်ထဲထွက်သွားတာကို အိမ်ကလူတွေမသိလိုက်ဖူးလို့ အဒေါ်ဖြစ်သူမှ ဆိုပါတယ်။
ယခုအချိန်မှာတော့ ကလေးငယ်ကတော့ သက်သာနေပြီ။ ထို့ကြောင့် ခွေးလေခွေးလွင့်များ၊ ပိုင်ရှင်မဲ့ခွေးများ အန္တရာယ်ကို သတိထားရန်အတွက် ကလေးမိဘများအနေဖြင့် ဒီလိုအဖြစ်မျိုး မဖြစ်ရလေအောင်
ကလေးများကို သေချာကြည့်ရှု့စောင့်ရှောက်ပေးဖို့နဲ့ လွှတ်မထားဖို့ကို တိုက်တွန်းချင်ပါတယ်နော်။ Ref ; Popolay
Tags: