အိႏၵိယနိုင္ငံမွာ TikTok အပါအဝင္ တ႐ုတ္နိုင္ငံမွ ျဖန႔္ခ်ီလာေသာ Mobile Apps ၅၉ခုကို အသုံးမျပဳရန္ ပိတ္ပင္တားျမစ္ လိုက္တဲ့ အေၾကာင္းရင္းက

အိႏၵိယနိုင္ငံတြင္ TikTokအပါအဝင္ တျခား တ႐ုတ္နိုင္ငံမွ ျဖန႔္ခ်ီလာေသာ Mobile Apps ၅၉ ခုကို အသုံးမျပဳရန္ပိတ္ပင္တားျမစ္

တ႐ုတ္နဲ႕ အိႏၵိယ ႏွစ္နိုင္ၾကား နယ္စပ္အေရးတင္းမာေနခ်ိန္မွာ TikTok အပါဝင္ တ႐ုတ္နိုင္ငံထုတ္ မိုဘိုင္းဖုန္း Apps ၅၉ ခု အသုံးျပဳခြင့္ကို အိႏၵိယနိုင္ငံက ပိတ္ပင္လိုက္ပါတယ္။

အိႏၵိယနိုင္ငံ လွ်ပ္စစ္နဲ႕ IT နည္းပညာ ဝန္ႀကီးဌာန ေၾကညာခ်က္ထဲမွာေတာ့ တ႐ုတ္ရဲ႕ ဒီ Apps ၅၉ ခုဟာ အိႏၵိယနိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာတည္ ၿငိမ္ေရး အိႏၵိယ ကာကြယ္ေရးနဲ႕ နိုင္ငံေတာ္ လုံၿခဳံ ေရး တရားဥပေဒ စိုးမိုးေရးေတြကို ထိခိုက္နစ္နာ လာေစတဲ့အတြက္ အခုလို ပိတ္ပင္ဖို႔ ဆုံးျဖတ္ရတာလို႔ ဆိုပါတယ္။

လူႀကိဳက္မ်ားတဲ့ TikTok Apps ကို Byte Dance ဆိုတဲ့ တ႐ုတ္ကုမၸဏီက ပိုင္ဆိုင္တာျဖစ္ၿပီး အိႏၵိယဟာ TikTok ရဲ႕အႀကီးဆုံး ေစ်းကြက္ ျဖစ္ပါတယ္။

ဒီတားျမစ္မႈက ဘယ္အခ်ိန္မွာ စၿပီးအက်ိဳးသက္ ေရာက္မလဲ ၊ မိုဘိုင္းဖုန္း ကုမၸဏီေတြကေရာ ဒါကို လိုက္နာရမလား ဆိုတာကေတာ့ ရွင္းရွင္း လင္းလင္း မသိရေသးပါဘူး။

ပိတ္ပင္မယ္ဆိုတဲ့ အဲဒီ Apps ေတြကို တနလၤာ ညေနပိုင္းအထိ အိႏၵိယရဲ႕ Google’s Play နဲ႕ Apple App store မွာ ေဒါင္းလုပ္ လုပ္လို႔ရေနပါေသးတယ္။

အသုံးမျပဳရန္ ပိတ္ပင္ခဲ့တဲ့ စာရင္းမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

(Unicode version) အိန္ဒိယနိုင်ငံတွင် TikTok အပါအဝင် တခြား တရုတ်နိုင်ငံမှ ဖြန့်ချီလာသော Mobile Apps ၅၉ ခုကို အသုံးမပြုရန်ပိတ်ပင်တားမြစ်

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ကြား နယ်စပ်အရေးတင်းမာနေချိန်မှာ TikTok အပါဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်း Apps ၅၉ ခု အသုံးပြုခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ လျှပ်စစ်နဲ့ IT နည်းပညာ ဝန်ကြီးဌာန ကြေညာချက်ထဲမှာတော့ တရုတ်ရဲ့ ဒီ Apps ၅၉ ခုဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာ အာဏာတည် ငြိမ်ရေး အိန္ဒိယ ကာကွယ်ရေးနဲ့ နိုင်ငံတော် လုံခြုံ ရေး တရားဥပဒေ စိုးမိုးရေးတွေကို ထိခိုက်နစ်နာ လာစေတဲ့အတွက် အခုလို ပိတ်ပင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။

လူကြိုက်များတဲ့ TikTok Apps ကို ByteDance ဆိုတဲ့ တရုတ်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး အိန္ဒိယဟာ TikTok ရဲ့အကြီးဆုံး စျေးကွက် ဖြစ်ပါတယ်။

ဒီတားမြစ်မှုက ဘယ်အချိန်မှာ စပြီးအကျိုးသက် ရောက်မလဲ ၊ မိုဘိုင်းဖုန်း ကုမ္ပဏီတွေကရော ဒါကို လိုက်နာရမလား ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ပိတ်ပင်မယ်ဆိုတဲ့ အဲဒီ Apps တွေကို တနင်္လာ ညနေပိုင်းအထိ အိန္ဒိယရဲ့ Google’s Play နဲ့ Apple App store မှာ ဒေါင်းလုပ် လုပ်လို့ရနေပါသေးတယ်။

အသုံးမပြုရန် ပိတ်ပင်ခဲ့တဲ့ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ Crd : VOA

Tags: