ကုန်ကားတစ်စီးကို ဓားထောက် ခေါ်ဆောင်ကာ ငွေတောင်းသူများအဖွဲ့ကို မဲဇလီနယ်မြေရဲတပ်ဖွဲ့နှင့် ရွာသားများကမှ ဝိုင်းဝန်းဖမ်းဆီး
ရန်ကုန် မှ ကုန်ကားတစ်စီးကို ဓားထောက်ခေါ်ဆောင် ငွေတောင်းသူများအဖွဲ့ကို မဲဇလီနယ်မြေရဲတပ်ဖွဲ့နှင့် ရွာသားများကမှ ဝိုင်းဝန်းဖမ်းဆီး
၂၀၂၀ ၊ ဇွန်(၃၀) ယမန်နေ့ညက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းကနေ ကုန်ကားတစ်စီးနှင့် ယာဉ်ပေါ် ပါသူများကို ဓားထောက်ကာ ကားနဲ့လူကို ခေါ်ဆောင်သွားပြီး ဖုန်းဆက်ငွေတောင်းတဲ့အဖွဲ့ ဧရာဝတီတိုင်း ဒေသကြီး ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်း လာစဉ်
ညောင်တုန်းမြို့နယ် မဲဇလီနယ်မြေ ရဲစခန်းအပိုင်သို့ အရောက်မှာ မဲဇလီနယ်မြေ ရဲစခန်းမှ နယ် မြေ စခန်းမှူးနှင့် အဖွဲ့များက ဝိုင်းဝန်းဖမ်းဆီးရာ တရားခံ ၁ယောက်နဲ့ ကားစပါယ်ယာ တော့ရရှိပြီး (စပါယ်ယာ ပေါင်မှာ ဓားဒဏ်ရာတော့ ရရှိထား)
ကျန်တဲ့ ကောင်တွေ ချောင်းကူးဖြတ် ပြေးလို့ နယ်ထိန်းခေါင်းဆောင်နဲ့အဖွဲ့
ရွာသားတွေနဲ့အတူ ရွာထဲ ပတ်ရှာနေတုန်း ထန်း တပင်နဲ့ တက်သစ်ရဲစခန်း ကအဖွဲ့တွေလည်း ရောက်လာရှိလာပြီး မနက်ပိုင်းအထိ ဆက်လက်ဝိုင်းဝန်းရှာဖွေနေကြောင်း သတင်းရရှိပါသည် ။ #မအူပင်သတင်းပုံရိပ်
Tags: