ဘိုကေလးတြင္ အသက္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္ ၁ ဦး မိေခ်ာင္းဆြဲခံရ

ဘိုကေလးတြင္ အသက္ ၉ ႏွစ္အ႐ြယ္ ကေလး ၁ ဦး မိေခ်ာင္းဆြဲခံရ

ဧရာဝတီတိုင္း ဘိုကေလးၿမိဳ႕နယ္ ဂရမ္းေက်း႐ြာ အုပ္စု ႐ြာသစ္ေက်း႐ြာ ဇြန္လ ၂၉ ရက္ေန႕  နံနက္ပိုင္းက အသက္ ၉ ႏွစ္အ႐ြယ္ ကေလး ၁ ဦး မိေခ်ာင္းဆြဲခံရ ေၾကာင္း သတင္းရရွိသည္။

အသက္ ၉ႏွစ္အ႐ြယ္ရွိ မယမင္းသူသည္ အဘြား ျဖစ္သူႏွင့္အတူ ေနအိမ္ႏွင့္ ၉ ေပအကြာတြင္ ေရ ေျမာင္းအတြင္း ေရခ်ိဳးေနစဥ္ အလ်ား ၁၀ေတာင္ ခန႔္ရွိ အဝါေရာင္ မိေခ်ာင္းမွာ ကေလးအား ကိုက္ဆြဲယူျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

“က်မေတြ႕လိုက္ဆို လန႔္လဲလန႔္ ေၾကာက္လဲ ေၾက ာက္ ကေလးပါသြားမွာကို လည္းစိုးရိမ္ေတာ့က ေလး ကိုဆြဲၿပီးအတင္း ေအာ္တာေပါ့ သူ႕အေဖနဲ႕သူ႕အဖိုးေျပး ဆင္းလာလို႔ ဝိုင္းဆြဲ အတင္းပဲ ကန္ေၾကာက္ ေတာ့မွ ကေလးကို လႊတ္ၿပီးဆင္းသြားတာ” ဟု

အဖြားျဖစ္သူ ေဒၚသန္းဝင္းမွ ဧရာဝတီတိုင္းမ္သို႔ေျပာသည္။ မိေခ်ာင္း အဆြဲခံရစဥ္ အဖြားျဖစ္သူမွ ကေလးအားဆြဲပီး ေအာ္ဟစ္အကူညီေတာင္းခံခဲ့ရာ ကေလး၏ ဖခင္ ႏွင့္ အဘိုးျဖစ္သူတို႔ လာေရာက္ ကူဆြဲခဲ့သျဖင့္ မိေခ်ာင္းမွာ ကေလးကိုလႊတ္ၿပီး ျပန္ဆင္းသြားခဲ့ေသာ္လည္း

မိေခ်ာင္းဆြဲ ခံရမႈေၾကာင့္ ကေလးရဲ႕ ဘယ္ဘက္လက္ဖ်ံရိုးက်ိဳး ျပတ္ရွဒါဏ္ရာ မ်ားရရွိ၍ ဘိုက ေလးေဆး႐ုံသို႔ပို႔ေဆာင္ထားရေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။ “ကြၽန္ေတာ္တို႔ ႐ြာမွာဒါပထမဆုံး မိေခ်ာင္း အဆြဲခံရတာပါ တခါမွလဲမႀကဳံဘူးေတာ့ အတတ္နိူင္ဆုံး ေဆး႐ုံကိုေရာက္ေအာင္ အျမန္အကူအညီေပး ေဆာင္႐ြက္လိုက္ရပါတယ္။

ဒဏ္ရာကေတာ့ အျပင္းသား ကြဲသြားတာလဲ အ ႀကီးႀကီး၊ အရိုးလဲက်ိဳးသြားေတာ့ခြဲစိတ္ခန္း ထပ္ဝင္ရမယ္လို႔သိရပါတယ္”ဟု ေက်း႐ြာအုပ္ခ်ဴပ္ေရးမႉး ဦးသိန္းဝင္းမွ ဧရာဝတီတိုင္းမ္သို႔ ေျပာ သည္။ ယခုရာသီခ်ိန္မွာ မိေခ်ာင္းမ်ား အသိုက္ကိုက္သည့္ ရာသီျဖစ္ၿပီး မတ္လကုန္မွ စတင္ကာ မိေခ်ာင္းအႏၲရာယ္ သတိေပး

လက္ကမ္းေၾကာ္ညွာ ေဝငွျခင္း ႐ြာစဥ္လွည့္ေၾကညာျခင္းမ်ားကို ႏွစ္စဥ္ ေဆာင္႐ြက္လ်က္ ရွိၿပီး ဂရမ္းေက်း႐ြာအုပ္စု ႐ြာသစ္ေက်း႐ြာတြင္ မိေခ်ာင္း အႏၲရာယ္ သတိေပး ဆိုင္းဘုတ္ဆိုက္ ထူထားေပးေၾကာင္း ၎ကဆက္လက္ေျပာဆိုသည္။

ဘိုကေလးၿမိဳ႕နယ္၌ ၂၀၂၀ ခုႏွစ္တြင္ မိေခ်ာင္းအကိုက္ခံရမူမွာ ပထမအဦးဆုံး အႀကိမ္သာျဖစ္ ေၾကာင္း သဘာဝဝန္းက်င္ႏွင့္ သားငွကတိရစာၦန္ ထိန္းသိမ္းေရးဌာန၊မိန္းမလွကြၽန္းေတာရိုင္း တိရစာၦန္ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးမႉး ဦးသန႔္ဇင္ေအာင္ ထံမွသိရသည္။

မိေခ်ာင္း အဆြဲခံရ၍ ေဆး႐ုံ တက္ေရာက္ ေဆး ကုသေနရသည့္ အသက္ ၉ ႏွစ္အ႐ြယ္ မယမင္းသူ အတြက္ သဘာဝဝန္းက်င္ႏွင့္ သားငွက္ တိရ စာၦန္ ထိန္းသိမ္းေရးဌာန မိန္းမလွ ကြၽန္းေတာရိုင္းတိရစာၦန္ ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးမူးဦးသန႔္ဇင္ေအာင္ႏွင့္ ဝန္ထမ္းမ်ားမွ ေထာက္ပံ့ေငြက်ပ္ ၅၀၀၀၀ အားေဆး႐ုံသို႔သြားေရာက္ေပးအပ္ခဲ့ေၾကာင္း သိရသည္။ ဓာတ္ပုံ – ေက်ာ္လင္း (ဘိုကေလး)

(Unicode version) ဘိုကလေးတွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိချောင်းဆွဲခံရ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဂရမ်းကျေးရွာ အုပ်စု ရွာသစ်ကျေးရွာ ဇွန်လ ၂၉ ရက်နေ့  နံနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိချောင်းဆွဲခံရ ကြောင်း သတင်းရရှိသည်။

အသက် ၉နှစ်အရွယ်ရှိ မယမင်းသူသည် အဘွား ဖြစ်သူနှင့်အတူ နေအိမ်နှင့် ၉ ပေအကွာတွင် ရေ မြောင်းအတွင်း ရေချိုးနေစဉ် အလျား ၁၀တောင် ခန့်ရှိ အဝါရောင် မိချောင်းမှာ ကလေးအား ကိုက်ဆွဲယူခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျမတွေ့လိုက်ဆို လန့်လဲလန့် ကြောက်လဲ ကြေ ာက် ကလေးပါသွားမှာကို လည်းစိုးရိမ်တော့က လေး ကိုဆွဲပြီးအတင်း အော်တာပေါ့ သူ့အဖေနဲ့သူ့အဖိုးပြေး ဆင်းလာလို့ ဝိုင်းဆွဲ အတင်းပဲ ကန်ကြောက် တော့မှ ကလေးကို လွှတ်ပြီးဆင်းသွားတာ” ဟု

အဖွားဖြစ်သူ ဒေါ်သန်းဝင်းမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။ မိချောင်း အဆွဲခံရစဉ် အဖွားဖြစ်သူမှ ကလေးအားဆွဲပီး အော်ဟစ်အကူညီတောင်းခံခဲ့ရာ ကလေး၏ ဖခင် နှင့် အဘိုးဖြစ်သူတို့ လာရောက် ကူဆွဲခဲ့သဖြင့် မိချောင်းမှာ ကလေးကိုလွှတ်ပြီး ပြန်ဆင်းသွားခဲ့သော်လည်း

မိချောင်းဆွဲ ခံရမှုကြောင့် ကလေးရဲ့ ဘယ်ဘက်လက်ဖျံရိုးကျိုး ပြတ်ရှဒါဏ်ရာ များရရှိ၍ ဘိုက လေးဆေးရုံသို့ပို့ဆောင်ထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။ “ကျွန်တော်တို့ ရွာမှာဒါပထမဆုံး မိချောင်း အဆွဲခံရတာပါ တခါမှလဲမကြုံဘူးတော့ အတတ်နိူင်ဆုံး ဆေးရုံကိုရောက်အောင် အမြန်အကူအညီပေး ဆောင်ရွက်လိုက်ရပါတယ်။

ဒဏ်ရာကတော့ အပြင်းသား ကွဲသွားတာလဲ အ ကြီးကြီး၊ အရိုးလဲကျိုးသွားတော့ခွဲစိတ်ခန်း ထပ်ဝင်ရမယ်လို့သိရပါတယ်”ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းဝင်းမှ ဧရာဝတီတိုင်းမ်သို့ ပြော သည်။ ယခုရာသီချိန်မှာ မိချောင်းများ အသိုက်ကိုက်သည့် ရာသီဖြစ်ပြီး မတ်လကုန်မှ စတင်ကာ မိချောင်းအန္တရာယ် သတိပေး

လက်ကမ်းကြော်ညှာ ဝေငှခြင်း ရွာစဉ်လှည့်ကြေညာခြင်းများကို နှစ်စဉ် ဆောင်ရွက်လျက် ရှိပြီး ဂရမ်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် မိချောင်း အန္တရာယ် သတိပေး ဆိုင်းဘုတ်ဆိုက် ထူထားပေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဘိုကလေးမြို့နယ်၌ ၂၀၂၀ ခုနှစ်တွင် မိချောင်းအကိုက်ခံရမူမှာ ပထမအဦးဆုံး အကြိမ်သာဖြစ် ကြောင်း သဘာဝဝန်းကျင်နှင့် သားငှကတိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင် ထံမှသိရသည်။

မိချောင်း အဆွဲခံရ၍ ဆေးရုံ တက်ရောက် ဆေး ကုသနေရသည့် အသက် ၉ နှစ်အရွယ် မယမင်းသူ အတွက် သဘာဝဝန်းကျင်နှင့် သားငှက် တိရ စ္ဆာန် ထိန်းသိမ်းရေးဌာန မိန်းမလှ ကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမူးဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများမှ ထောက်ပံ့ငွေကျပ် ၅၀၀၀၀ အားဆေးရုံသို့ သွားရောက်ပေး အပ်ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ – ကျော်လင်း (ဘိုကလေး

Tags: