မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်းက မီးပွိုင့်လမ်းဆုံ လမ်းခွများတွင် တောင်းရမ်း စားသောက် သူများအား ဖမ်းဆီး ရှင်းလင်း လိုက်ပြီ

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်းက မီးပွိုင့်လမ်းဆုံ လမ်းခွများတွင် တောင်းရမ်း စားသောက် သူများအား ဖမ်းဆီး ရှင်းလင်း လိုက်ပြီ






မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်းက မီးပွိုင့်လမ်းဆုံ လမ်းခွများတွင် တောင်းရမ်းကာ စားသောက် သူများအားရှင်းလင်း

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ မီးပွိုင့်လမ်းဆုံ လမ်းခွများတွင် တောင်း ရမ်းစား သောက်သူများအား ဇွန်လ ၂၉ ရက် နံနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းရှင်းလင်း နေကြောင်း

မင်္ဂလာတောင်ညွှန့် မြို့နယ် စည်ပင်ဥက္ကဌ ဦးခင်လှိုင်က ပြောသည်။ ယင်းရှင်းလင်းမှုတွင် ရင်ခွင် ပိုက် ကလေးအပါအ၀င် ကလေး ၁၁ ဦး လူကြီး ၈ ဦး စုစုပေါင်း ၁၉ ဦး အား ထိန်းသိမ်းကာ ခံ၀န်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။

“ဒီနေ့အဓိက လုပ်ချင်တာက လူကြီးတွေကို ဖမ်းချင်တာ။ လူကြီးရော ကလေးရော ၁၉ ယောက်ဖမ်း မိတယ်။ ကလေးတွေက သူတို့ သားသမီး အရင်းလား ငှားလာတာလားဆိုတာ ကလေး တွေက မပြော တက်ဘူး။

တောင်းဆိုတောင်း ရပ်ဆိုရပ်ပေါ့။ အရေးယူမှုအနေနဲ့ ခံ၀န်လုပ် လိုက်တယ်။ အရင်တုန်း ကဆို ကလေးတွေကို သင်တန်းကျောင်းတို့ဘာတို့ ပို့လို့ရတယ်။ အခုကျတော့ COVID ကာလမို့လို့ ဌာနတွေကလည်း လက်မခံဘူး။

အဲ့ဒီအတွက် အခက်အခဲရှိတယ်။ သက်ဆိုင်ရာ ကြီးကြပ်တဲ့လူလာ ရင်တော့ အမခံလုပ်ပေးလိုက်တယ်” ဟု ယင်းက ပြောသည်။ ကောင်းမြတ်ရာ ဓာတ်ပုံ- မင်္ဂလာ တောင်ညွှန့်မြို့နယ် စည်ပင်ဥက္ကဌ

Tags: