စိတ္က်န္းမာေရး မေကာင္းသူ အမ်ိဳးသမီးကို နင့္အ ေမဆီ လိုက္ပို႔ေပးမယ္ ဟုေျပာေခၚကာ ျပဳက်င့္မႈျဖစ္ပြား

စိတ္က်န္းမာေရး မေကာင္းသူ အမ်ိဳးသမီးအား နင့္အေမဆီ လိုက္ပို႔ေပးမယ္ ဟုေျပာေခၚကာ သားမယားျပဳက်င့္

၂၅-၆-၂ဝ၂ဝ ရက္ေန႕ ည (၇) နာရီခြဲအခ်ိန္ခန႔္ ပဲခူးၿမိဳ႕ေန မ—- (၃၄) ႏွစ္ (စိတ္က်န္းမာေရး မေကာင္းသူ) သည္ ပဲခူးၿမိဳ႕တြင္းဘက္သို႔ ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္း အတိုင္းလမ္း ေလွ်ာက္လာစဥ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းထိပ္အေရာက္ အမည္မသိ အမ်ိဳးသား တစ္ဦး (လူျမင္လွ်င္ မွတ္မိ)မွ

“နင့္အေမဆီ လိုက္ပို႔ေပးမယ္” ဟုေျပာၿပီး ပဲခူးၿမိဳ႕ ဥသာၿမိဳ႕သစ္ အမွတ္(၈)ရပ္ကြက္ ၿမိဳ႕ေရွာင္လမ္း အနီးရွိ လူမေနသည့္ တဲေဟာင္းတစ္ လုံး အတြင္းသို႔ ေခၚေဆာင္ကာ သားမယားအျဖစ္ (၁) ႀကိမ္ျပဳက်င့္ခဲ့သျဖင့္ ၂၇-၆-၂၀၂၀ ရက္ေန႕ ၁၃၁၀ အခ်ိန္ ပဲခူးၿမိဳ႕ အမွတ္(၃) နယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ခဲ့ပါသည္ ။

အမႈႏွင့္ ပတ္သက္၍ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး ၏ လမ္းၫႊန္ ခ်က္ႏွင့္အညီ တရားခံအျမန္ ဖမ္း ဆီး ရမိေရးအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ စုံစမ္းေဆ ာင္႐ြက္ခ်က္အရ ၂၈-၆-၂၀၂၀ ရက္ေန႕ (၀၃: ၃၀) အခ်ိန္ မသကၤာ တရားခံ ဒီလုံး (ခ) ေမာ္စီတုံ (ခ) ေအာင္မိုး (၄၆)ႏွစ္၊ ကလိေက်း႐ြာ အေရွ႕ပိုင္း၊ ပဲခူးၿမိဳ႕ေနသူအား ၎ေနထိုင္ရာ ေက်း႐ြာတြင္ ဖမ္းဆီးရမိ ခဲ့ပါသည္။

ဒီလုံး(ခ) ေမာ္စီတုံး(ခ) ေအာင္မိုး အား စစ္ေဆးေမးျမန္းရာ ျပစ္မႈက်ဴးလြန္ ခဲ့ေၾကာင္း ထြက္ဆိုခဲ့ၿပီး က်ဴးလြန္ခံ ရသူမွလည္း ဒီလုံး (ခ) ေမာ္စီတုံး (ခ) ေအာင္မိုး ျဖစ္ေၾကာင္း အတည္ျပဳ ခဲ့သျဖင့္ ဥပေဒႏွင့္အညီ တရားစြဲတင္နိုင္ေရး ဆက္လက္
ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရရွိခဲ့ပါ သည္ ။ #ပဲခူးတိုင္းရဲတပ္ဖြဲ႕

စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးအား နင့်အမေဆီ လိုက်ပို့ပေးမယ် ဟုပြောခေါ်ကာ သားမယားပြုကျင့်

၂၅-၆-၂ဝ၂ဝ ရက်နေ့ ည (၇) နာရီခွဲအချိန်ခန့် ပဲခူးမြို့နေ မ—- (၃၄) နှစ် (စိတ်ကျန်းမာရေး မကောင်းသူ) သည် ပဲခူးမြို့တွင်းဘက်သို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း အတိုင်းလမ်း လျှောက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်း လမ်းထိပ်အရောက် အမည်မသိ အမျိုးသား တစ်ဦး (လူမြင်လျှင် မှတ်မိ)မှ

“နင့်အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောပြီး ပဲခူးမြို့ ဥသာမြို့သစ် အမှတ်(၈)ရပ်ကွက် မြို့ရှောင်လမ်း အနီးရှိ လူမနေသည့် တဲဟောင်းတစ် လုံး အတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် (၁) ကြိမ်ပြုကျင့်ခဲ့သဖြင့် ၂၇-၆-၂၀၂၀ ရက်နေ့ ၁၃၁၀ အချိန် ပဲခူးမြို့ အမှတ်(၃) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည် ။

အမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ၏ လမ်းညွှန် ချက်နှင့်အညီ တရားခံအမြန် ဖမ်း ဆီး ရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဆေ ာင်ရွက်ချက်အရ ၂၈-၆-၂၀၂၀ ရက်နေ့ (၀၃: ၃၀) အချိန် မသင်္ကာ တရားခံ ဒီလုံး (ခ) မော်စီတုံ (ခ) အောင်မိုး (၄၆)နှစ်၊ ကလိကျေးရွာ အရှေ့ပိုင်း၊ ပဲခူးမြို့နေသူအား ၎င်းနေထိုင်ရာ ကျေးရွာတွင် ဖမ်းဆီးရမိ ခဲ့ပါသည်။

ဒီလုံး(ခ) မော်စီတုံး(ခ) အောင်မိုး အား စစ်ဆေးမေးမြန်းရာ ပြစ်မှုကျူးလွန် ခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး ကျူးလွန်ခံ ရသူမှလည်း ဒီလုံး (ခ) မော်စီတုံး (ခ) အောင်မိုး ဖြစ်ကြောင်း အတည်ပြု ခဲ့သဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး ဆက်လက်
ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိခဲ့ပါ သည် ။ #ပဲခူးတိုင်းရဲတပ်ဖွဲ့

Tags: