ထိုင်ခုံမှာ အိပ်နေတဲ့ပုံစံနဲ့ သေဆုံးနေတဲ့ ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသူလေးရဲ့ အဖြစ်ဆိုး
ယခု သတင်းကို ( social action for children and women – saw ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။
ကြယ်စင်ကြွေတဲ့နေ့ ဆေးခတ် မုဒိမ်းကျင့်ခံရပြီး ဆေးဆိပ်တက် သေဆုံးခဲ့ရတဲ့ အထက်တန်း ကျောင်းသူလေးပါ သူမဟာ အထက်ကျောင်းမှာအလှဆုံး မိန်းကလေးလို့ သတ်မှတ်ခံ ထားရသူပါ။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အတွင်းက အထက် တန်း ကျောင်းသူ အသက် ၁၈ နှစ်အရွယ် နောင်းဒေါင် (ကြယ်စင်) ဇွန်လ ၁၆ရက်နေ့က သူငယ် ချင်းက ကားနဲ့ လာခေါ်သွားခဲ့ကြတာပါ။ နောက်တနေ့ ဇွန်လ ၁၇ ရက်နေ့မှာတော့ ကြယ်စင်ဟာ သူမရဲ့ နေအိမ်အရှေ့က ထိုင်းခုံမှာ အိပ်နေတဲ့ပုံစံနဲ့ သေဆုံးနေတာ ကို သူ့မိဘတွေက တွေ့ မြင်သွားခဲ့ကြပါတယ်၊
နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးတွေ ယိုစိမ့်ထွက်ပြီး သေဆုံးနေတဲ့ ကြယ်စင် အလောင်းကို ဆေး ရုံပို့ပြီး ဆေးစစ်တဲ့ အခါမှာတော့ သူမသေဆုံးရတာဟာ မူးယစ်ဆေးဝါးနဲ့ လိင်စိတ်ကြွဆေးတွေ အလွန်ကျွံ သုံးစွဲထားတာ တွေ့ရတယ်
နောက်ပြီး သူမသတိမေ့ သေဆုံးမသွားခင် အုပ်စုလိုက် ကာမဆက်ဆံ ခံထားခံရတယ်လို့ ဆေးမှတ်တမ်း ထွက်လာပါတယ်။ ကြယ်စင် မိဘတွေကတော့ ကြယ်စင်ကို ခေါ်သွားတဲ့ လူငယ်တွေကို အမှုစစ်ဆေးပေးဘို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ကြယ်စင်ကို ခေါ်သွားခဲ့ ယောကျ်ာလေး သူငယ်ချင် ( ချစ်သူ)နဲ့
နောက်ထပ်အမျိုးသားနှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာ ကြယ်စင်နဲ့အတူ မိန်းကလေးတစ်ဦးဟာ သတိလက်လွတ်ကခုန်နေတာတွေရပြီး အနီးမှာ လူငယ်သုံးဦးက ဝိုင်းအားပေး နေကြတာ တွေ့ရပါတယ်။ မိန်းက လေးတွေကို ဘိန်းဖြူနဲ့
လိင်စိတ်ကြွ ဆေးတွေကို ဝိုင်အရက်ထဲမှာ ထည့်တိုက်ပြီး သူ့ရီးစား ငါ့ရီးစား အလဲအလှယ်လုပ် အုပ်စုလိုက်ကာမ ဆက်ဆံကြတဲ့ ပါတီလို့ သိရပါတယ်။ ကြယ်စင်ဟာ ဘိန်းဖြူနဲ့ လိင်စိတ်ကြွ ဆေး ဆေးခတ်ခံရလို့ အမူးလွန် သတိလစ်နေပြီး ကာမပါတီ ပွဲအပြီးမှာတော့
သူငယ်ချင်းတွေက လူကြီးတွေ မသိခင် အိမ်ရှေ့မှာ တိတ်တဆိတ် လာချသွားခဲ့ ကြတာဖြစ်ပါတယ်။ ဘယ်လောက် အချိန်ကြာကြာ သတိလစ်နေလဲမသိ ဘယ်အချိန်မှာ ဆုံးပါးသွားသလဲ မသိတဲ့ သမီးရဲ့အဖြစ်ကို မိဘတွေက ရင်ကျိုးလုမ တတ် နာကျင်နေကြပါတယ် မိန်းကလေးငယ်တွေ သတိထားကြပါ။
ချစ်သူ ရည်စားဆို တိုင်းလည်း မယုံရပါဘူး။ငယ်ရွယ်တဲ့ မိန်းကလေးတွေ အတွက် စဉ်းစားမဆင်ခြင် နိုင်သေးတဲ့ အရွယ်မှာ ချစ်သူရည်းစား ဆိုတာကိုလည်း အယုံမလွယ်ဖို့နဲ့ မူးယစ်စေတဲ့ အရက်တွေ ဝိုင်တွေလည်း မသောက်ဖို့ လိုပါတယ်။ သတိထား သင့်တဲ့အရာပါ။
အုပ်စုလိုက် မုဒိမ်းကျင့် မူတွေက ယဉ်ကျေးမူလို ဖြစ်လာတဲ့ ကာလမှာ မိန်းကလေးတွေ အတွက် ပိုပြီး သတိထားသင့်သလို မုဒိမ်းမူကို ကျုးလွန်သူ ဘယ်သူကို ပဲဖြစ်ဖြစ် အသက်မပြည့် သေးသူပဲဖြစ်ဖြစ် ထိရောက်တဲ့ အရေးယူမူ့ ပညာပေးမူတွေ လိုအပ်ပါတယ်။
ကြယ်စင်လေးတွေ နောက်ထပ် မကြွေပါစေနဲ့တော့!!! SAW 28 June 2020
Tags:
Add a Comment
Your email address will not be published. Required fields are marked *