အင္းဝတံတား ေပၚမွ ခုန္ခ်ရန္ ႀကံစည္ခဲ့သည့္ ဘူမိေဗဒ (စတုတၳႏွစ္) ေက်ာင္းသား လွည့္ကင္းရဲ တပ္ဖြဲ႕ႏွင့္ ဆုံေသာအခါ

အင္း၀တံတား ေပၚမွ ခုန္ခ်ရန္ ႀကံစည္ခဲ့သည့္ ဘူမိေဗဒ (စတုတၳႏွစ္) ေက်ာင္းသားအား လွည့္ ကင္းရဲ တပ္ဖြဲ႕မွကယ္တင္နိုင္ခဲ

အင္း၀တံတား ေပၚမွခုန္ခ်ရန္ ႀကံစည္ခဲ့သည့္ မႏၲေလး တကၠသိုလ္ မွ ဘူမိေဗဒ (စတုတၳႏွစ္)က ေက်ာင္းသားအား လွည့္ကင္း ရဲတပ္ဖြဲ႕မွ ကယ္ တင္နိုင္ခဲ့ေၾကာင္း ဇြန္ ၂၉တြင္ စစ္ကိုင္းၿမိဳ႕မ ရဲစ ခန္းမွသိရသည္။

ဇြန္ ၂၈ ည ဆယ္နာရီခြဲခန့္က စစ္ကိုင္းၿမိဳ႕ အင္း ၀တံတား ငါး‌ကုန္းႏွင့္ ေျခာက္ကုန္ းၾကားေနရာတြင္ တံတားေပၚမွ ခုန္ခ်ရန္ ႀကံစည္ခဲ့ေသာ အသ က္၂၁ႏွစ္အ႐ြယ္ အဆိုပါေက်ာင္းသားအား စစ္ကိုင္းၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေအးသက္ေမာင္ဦးစီးေသာ လွည့္ကင္းတပ္ဖြဲ႕မွ အခ်ိန္မွီကယ္ ဆယ္ နိုင္ခဲ့ေၾကာင္းသိရသည္။

“မေန႕ည ဆယ္နာရီ ေက်ာ္ေလာက္က ကြၽန္ေတာ္တို႔ အင္း၀တံတားေပၚ လွည့္ကင္းလွည့္ခ်ိန္ ဆယ္နာရီ ေက်ာ္ေလာက္မွာ မႏၲေလးဘက္က လာရင္ အင္း၀တံတား ငါးကုန္းနဲ႕ ေျခာက္ကုန္းၾကားမွာ လူတစ္ေယာက္နဲ႕ ဆိုင္ကယ္ရပ္ထား တာကိုေတြ႕တယ္။

ဆိုင္ကယ္ေပၚ မတ္တပ္ရပ္ၿပီး တံတက္လက္ရန္းကို ‌တက္ဖို႔လုပ္‌ ေနတာျမင္လို႔ တံတားထိပ္ကေနဆိုင္ကယ္ကို အျမန္ေမာင္းၿပီး သူရွိတဲ့ေနရာဆီသြားတယ္။ ေရာက္ေတာ့ ေဟ့ ဘာလုပ္ေနတာလည္း ဆိုင္ကယ္ေပၚက အတင္းဆင္းခိုင္းဆြဲခ်ၿပီးေမးတယ္။

ကြၽန္ေတာ္ စိတ္ညစ္စရာ မ်ားတယ္ ကြၽန္ေတာ္ကိုသြားခြင့္ျပဳပါလို႔ ေျပာတယ္။ မင္းက ဘယ္ကလည္း ဘာစိတ္ညစ္ စရာရွိလဲလို႔ ကြၽန္ေတာ္ေမးေတာ့ မႏၲေလးၿမိဳ႕က လို႔သိရတယ္။ ဆိုင္ကယ္ကိုအင္း၀တံတားလာယူ ငါသြားၿပီလို႔ သူ႕ရဲ႕ သူငယ္ ခ်င္းကိုဖုန္းဆက္

မက္ေဆ့ခ္်ပိဳ႕ထားတာ‌ ေတြ႕လို႔ သူ႕ကို ကြၽန္ေတာ္တို႔ တံတားရဲကင္း ဆီ‌ဆြဲေခၚခဲ့တယ္ သူစိတ္ေျပေအာင္ အားေပးစကား ေတြေျပာခဲ့တယ္။ ေနာက္စခန္းကိုေခၚ သူ႕မိဘေတြကို အေၾကာင္းၾကားခဲ့ၿပီ းမိဘေတြဆီ လက္ေရာက္ အပ္ခဲ့ပါတယ္” ဟု စစ္ကိုင္းၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေအးသက္ေမာင္ ကေျပာၾကားသည္။

အင္း၀တံတားႏွင့္ရတနာပုံတံတား ေပၚမွခုန္ခ်သက္ေသမႈ မ်ားရွိလာေသာေၾကာင့္စစ္ကိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ အဆိုပါတံတားႏွစ္စင္းတြင္လွည့္ကင္း၊ပတ္ကင္းမ်ားခ်၍ေစာင့္ၾကည့္ေနရေၾကာင္း၊ ၎အေနျဖင့္ တံတားေပၚမွ ခုန္ခ်ရန္ႀကံစည္မႈ ငါးႀကိမ္အား အခ်ိန္မွီတားဆီးနိုင္ခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေအးသက္ေမာင္ကဆက္လက္ေျပာၾကားသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္းကလည္း အင္းဝတံတား (စစ္ကိုင္း)ေပၚမွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ (၅)ႀကိမ္၊ ဧရာဝတီတံတား (ရတ နာပုံ) ေပၚ မွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး

ယခုႏွစ္ ၂၀၂၀ အတြင္း ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ခုန္ခ်ေသဆုံးမႈ တစ္ႀကိမ္၊ အင္း၀တံတားေပၚမွ အမႊာ ညီအမႏွစ္ဦး ခုန္ခ်ေသဆုံးမႈ ျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။ ေစာရန္ပိုင္ ဓာတ္ပုံ- ဒုရဲအုပ္ ေအးသက္ေမာင္ #ေဇယ်ာတိုင္းမ္ #အင္း၀တံတားမွ ခုန္ခ်ရန္ႀကံစည္မႈျဖစ္ပြား

(Unicode version) အင်း၀တံတား ပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သည့် ဘူမိဗေဒ (စတုတ္ထနှစ်) ကျောင် းသားအား လှည့် ကင်းရဲ တပ်ဖွဲ့မှကယ်တင်နိုင်ခဲ့

အင်း၀တံတား ပေါ်မှခုန်ချရန် ကြံစည်ခဲ့သည့် မန္တလေး တက္ကသိုလ် မှ ဘူမိဗေဒ (စတုတ္ထနှစ်)က ကျောင်းသားအား လှည့်ကင်း ရဲတပ်ဖွဲ့မှ ကယ် တင်နိုင်ခဲ့ကြောင်း ဇွန် ၂၉တွင် စစ်ကိုင်းမြို့မ ရဲစ ခန်းမှသိရသည်။

ဇွန် ၂၈ ည ဆယ်နာရီခွဲခန့်က စစ်ကိုင်းမြို့ အင်း ၀တံတား ငါး‌ကုန်းနှင့် ခြောက်ကုန် းကြားနေရာတွင် တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သော အသ က်၂၁နှစ်အရွယ် အဆိုပါကျောင်းသားအား စစ်ကိုင်းမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ် အေးသက်မောင်ဦးစီးသော လှည့်ကင်းတပ်ဖွဲ့မှ အချိန်မှီကယ် ဆယ် နိုင်ခဲ့ကြောင်းသိရသည်။

“မနေ့ည ဆယ်နာရီ ကျော်လောက်က ကျွန်တော်တို့ အင်း၀တံတားပေါ် လှည့်ကင်းလှည့်ချိန် ဆယ်နာရီ ကျော်လောက်မှာ မန္တလေးဘက်က လာရင် အင်း၀တံတား ငါးကုန်းနဲ့ ခြောက်ကုန်းကြားမှာ လူတစ်ယောက်နဲ့ ဆိုင်ကယ်ရပ်ထား တာကိုတွေ့တယ်။

ဆိုင်ကယ်ပေါ် မတ်တပ်ရပ်ပြီး တံတက်လက်ရန်းကို ‌တက်ဖို့လုပ်‌ နေတာမြင်လို့ တံတားထိပ်ကနေဆိုင်ကယ်ကို အမြန်မောင်းပြီး သူရှိတဲ့နေရာဆီသွားတယ်။ ရောက်တော့ ဟေ့ ဘာလုပ်နေတာလည်း ဆိုင်ကယ်ပေါ်က အတင်းဆင်းခိုင်းဆွဲချပြီးမေးတယ်။

ကျွန်တော် စိတ်ညစ်စရာ များတယ် ကျွန်တော်ကိုသွားခွင့်ပြုပါလို့ ပြောတယ်။ မင်းက ဘယ်ကလည်း ဘာစိတ်ညစ် စရာရှိလဲလို့ ကျွန်တော်မေးတော့ မန္တလေးမြို့က လို့သိရတယ်။ ဆိုင်ကယ်ကိုအင်း၀တံတားလာယူ ငါသွားပြီလို့ သူ့ရဲ့ သူငယ် ချင်းကိုဖုန်းဆက်

မက်ဆေ့ခ်ျပို့ထားတာ‌ တွေ့လို့ သူ့ကို ကျွန်တော်တို့ တံတားရဲကင်း ဆီ‌ဆွဲခေါ်ခဲ့တယ် သူစိတ်ပြေအောင် အားပေးစကား တွေပြောခဲ့တယ်။ နောက်စခန်းကိုခေါ် သူ့မိဘတွေကို အကြောင်းကြားခဲ့ပြီ းမိဘတွေဆီ လက်ရောက် အပ်ခဲ့ပါတယ်” ဟု စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင် ကပြောကြားသည်။

အင်း၀တံတားနှင့်ရတနာပုံတံတား ပေါ်မှခုန်ချသက်သေမှု များရှိလာသောကြောင့်စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ အဆိုပါတံတားနှစ်စင်းတွင်လှည့်ကင်း၊ပတ်ကင်းများချ၍စောင့်ကြည့်နေရကြောင်း၊ ၎င်းအနေဖြင့် တံတားပေါ်မှ ခုန်ချရန်ကြံစည်မှု ငါးကြိမ်အား အချိန်မှီတားဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ် အေးသက်မောင်ကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်းဝတံတား (စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတ နာပုံ) ပေါ် မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး

ယခုနှစ် ၂၀၂၀ အတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ခုန်ချသေဆုံးမှု တစ်ကြိမ်၊ အင်း၀တံတားပေါ်မှ အမွှာ ညီအမနှစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ စောရန်ပိုင် ဓာတ်ပုံ- ဒုရဲအုပ် အေးသက်မောင် #ဇေယျာတိုင်းမ် #အင်း၀တံတားမှ ခုန်ချရန်ကြံစည်မှုဖြစ်ပွာ

Tags: