




နယ်ထိန်း စည်သူမောင် ဆိုသူကလာခဲ့ပြီး တံတားပေါ်ကနေ ခါးထောက်ကြည့်သွားပါသတဲ့ ယခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောစရာ ၃ချက်ရှိပါတယ် ပထမအ ချက်က မြို့နယ်အဆင့် အစည်းအဝေးတွေမှာ ရဲနဲ့ပတ်သက်တဲ့ အရေးကိစ္စ (ကြီး/ငယ်)ရှိခဲ့ရင်






၂၄ နာရီ အချိန်မရွေး ဖုံးဆက်ပါဆိုတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကြီးကို ပြောပြီ အားကိုးစရာ ကောင်းလိုက်တဲ့ ရေးမြို့နယ်က ရဲတပ်ဖွဲ့ နဲ့ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးကြီးတဲ့

တစ်ကယ်ကြီး ကိုပါပဲဗျ ဖြစ်စဉ်က ၂၈-၆-၂၀၂၀ ရက်နေ့ည ၉ နာရီကျော်အချိန်က ရန်ကုန်- မြိတ် လမ်းးမကြီး ရေးမြို့ အဏ္ဏဝါရပ် ညောင်ချောင်းတံတား (အဏ္ဏ ဝါတံတား) ဘေးကနေ ကားတစ်စီးက ချောင်းထဲထိုးကျလို့ အများပြည်သူတွေရဲ့ အဆင့်ဆင့် သတင်း ပေးပို့ချက်အရ လူနာတင်ကားတွေ၊ လူမှုအဖွဲ့အစည်းတွေ ကူညီကယ်ဆယ်ပေးနိုင်ဖို့ ရောက်ရှိသွားချိန်မှာ

ရဲလုပ်ငန်းအရ လုပ်ဆောင်နိုင်ဖို့ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ကြီးကို ဖုံးအကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လုံးဝမ ကိုင်ခဲ့ပါဘူး အဲ့ဒါနဲ့ပဲ လူမှုအဖွဲ့အစည်း တွေအနေနဲ့ ကူ ညီကယ်ဆယ်နိုင်ဖို့ ချောင်းထဲကိုဆင်းပြီး

ကားကို ဝိုင်းဝန်းရှာဖွေ ကြည့်မိတဲ့ အချိန်ကျမှ အရပ်ဝတ်နဲ့ ရဲယာဉ် စစ်တပ်ကြပ်ကြီးတစ်ဦး ရောက်ရှိလာပြီး အဖြစ်အနေနဲ့ ပူးပေါင်းလုပ် ဆောင်ပါတယ် ထပ်ပြီး သိရတာကတော့ ကျွန်တော်တို့ အဖွဲ့တွေနဲ့ လူနာတင် ယာဉ်မရောက်မီ မိနစ်အနည်းငယ်မှာ

နယ်ထိန်း စည်သူမောင် ဆိုသူကလာခဲပြီ တံတား ပေါ်ကနေ ခါးထောက်ကြည့်သွားပါသတဲ့ ယခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောစရာ ၃ချက်ရှိပါတယ် ပထမအ ချက်က မြို့နယ်အဆင့် အစည်း အဝေးတွေမှာ ရဲနဲ့ပတ်သက်တဲ့ အရေးကိစ္စ (ကြီး/ငယ်)ရှိခဲ့ရင်

၂၄ နာရီ အချိန်မရွေး ဖုံးဆက်ပါလို့ အကြိမ်ကြိမ်ပြောခဲ့တဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဟာ ကျွန်တော်တို့ရဲ့ သတင်း ပေးပို့ချက်ကို ဖုံးဝင်ပါလျက် လက်ခံဖြေကြား ပြော ဆိုခြင်း မရှိခဲ့တာပါ၊ ဒုတိယက ဖြစ်စဉ်ကို တွေ့ရှိတဲ့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ တာဝန်အရလုပ်ဆောင်ရမဲ့ ( ဖြစ်စဉ်စိစစ်ခြင်း

ကယ်ဆယ်ခြင်း ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း သက် သေခံ ရယူခြင်း) တွေကို အရေးတယူ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ တွေ့မြင်ရတာပါ၊ (ဒီမှာ အကြောင်း ပြစရာ များစွာရှိနိုင်) တတိယကတော့ လိုင်စင်မဲ့ကားတွေကို တရားမဝင်သုံးစွဲခွင့်ကို နည်းမျိုးစုံနဲ့ ခွင့်ပြုပေး ထားတဲ့ကိစ္စပါ

(သက်သေပြစရာတွေရှိ) ဒီနေ့ ဖြစ်စဉ်ဖြစ်တဲ့ကားဟာ လိုင်စင်မဲ့ကား (Toyota VOXY ) အမဲရောင် ဖြစ်ပါတယ် ဒီအတွက် ဒီကားပိုင်ရှင် ဖြစ်စဉ်ရဲ့ တရားခံတွေကို သိရှိပြီးများ ဖြစ်လေမလား ဆိုတာရယ် မသိဟန် ဆောင်ဖို့ တက်တက်ကြွကြွ တာဝန်ကျေစွာ မလုပ်လေသလား ဆိုတာတွေအပေါ် သံသယ ဖြစ်မိပါတယ်

ထားပါတော့ဗျာ ခုလိုပြောရတာကလည်း အတှေ့အကွုံနဲ့ ရထားပြီးဖြစ်တဲ့ အထောက် အထားတွေအရ ထုံးစံအတိုင်းပဲ ဖြစ်နေမလားလို့ စဉ်းစားမိတာပါ၊ အဓိက ပြောချင်တာကတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးကြီးအနေနဲ့ သတင်းပေးပို့/ အကြောင် းကြား တာကို လက် ခံမပြောလိုလျင် ဖုံးနံပါတ်ကို ဟန်ပြအနေနဲ့ ခဏခဏ မပေး/မပြောပါနဲ့ဗျ။

မှတ်ချက်အနေနဲ့ ထပ်ပြောပါရစေ၊ ရန်ကုန်-မြိတ်လမ်း မကြီး ရေးမြို့ တင်ပလ္လင်နှစ်ဆူမီးပွိုင့်က လမ်းလယ်တုံးတွေကိုလည်း ဒီညပဲ ကားတစ်စီးက ဝင်အုန်းထားတာ အားလုံးကြေမွနေပါတယ်၊

Aung Naing Win

Tags: