ေၾကာင္သားဟင္း လုပ္ဖို႔ ဟိုတယ္ စားေသာက္ ဆိုင္ တစ္ခုမွာ ပိတ္ေလွာင္ခံထားရတဲ့ အိမ္ေမြးေၾကာင္ေလး ၇၀၀

ေၾကာင္သားဟင္း လုပ္ဖို႔ ဟိုတယ္ စားေသာက္ ဆိုင္ တစ္ခုမွာ ပိတ္ေလွာင္ခံထားရတဲ့ အိမ္ေမြးေၾကာင္ေလး ၇၀၀

ယခုသတင္းသည္ SYL Video Page မွ ေရးသားထားေသာ သတင္း ျဖစ္သည္။ ေၾကာင္ေပါင္း ၇၀၀ ဝန္း က်င္ေလာက္ဟာ လူေတြစားသုံးရန္ ‌‌ေၾကာင္သားဟင္း တစ္ခြက္ျပဳ လုပ္ဖို႔ သတ္ျဖတ္ ခံရခါနီးမွာပဲ ကံ ေကာင္းစြာနဲ႕ပဲ ကယ္တင္ျခင္း ခံခဲ့ရပါတယ္။

တ႐ုတ္ျပည္ ေျမာက္ပိုင္း ဟိုတယ္ စားေသာက္ ဆိုင္ တစ္ခုရဲ႕ ညစ္ညမ္းေနတဲ့ ေနာက္ေဖးမွာ ထိုေၾကာင္ေလးေတြ ပိတ္ေလွာင္ျခင္း ခံ‌ေနရတာကို ရွာေတြခဲ့တာျဖစ္ပါတယ္။ တိရိစာၦန္ ခ်စ္သူေတြ အတြက္ေတာ့ အင္မတန္မွ ရင္နင့္စရာ ေကာင္းတဲ့ ပုံရိပ္တစ္ခုပဲ ျဖစ္ပါတယ္။

ေလွာင္အိမ္ က်ဥ္းက်ဥ္းေလးထဲမွာ ေၾကာင္ေလးေတြ မ်ားစြာဟာ သြတ္ထည့္ ပိတ္ေလွာင္ ခံခဲ့ရတာေၾကာင့္ နာက်င္စြာနဲ႕လည္း ေအာ္ေနၾကပါတယ္။ ဒီေၾကာင္ေလးေတြ အမ်ားစုဟာ ခိုးယူခံခဲ့ရ ပုံေပၚပါတယ္။ တိရိစာၦန္ ကုန္ကူး‌တဲ့ သူေတြကလည္း ေၾကာင္ေတြကို ဖမ္းၿပီး စားေသာက္ဆိုင္ေတြမွာ

ေရာင္းစားၾက ပါတယ္။ MailOnline သတင္း အရင္း အျမစ္‌ ေတြအရ ေၾကာင္ေတြဟာ အသားအျဖစ္ ခ်က္ ျပဳတ္ဖို႔အတြက္ ခုတ္သတ္ခံရေတာ့မွာ ျဖစ္ပါတယ္။ ဒီလို ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ျမင္ကြင္းကို တိရိစာၦန္ခ်စ္သူတစ္ဦးျဖစ္တဲ့ Li အမည္ရ အမ်ိဳးသမီးက မွတ္တမ္းတင္ၿပီး အြန္လိုင္းေပၚကို မွ်ေဝခဲ့တာျဖစ္ပါတယ္

Ms.Li ဟာ ေၾကာင္ေလးေတြကို ဟိုတယ္စားေသာက္ ဆိုင္တစ္ခုရဲ႕ ေနာက္ေဖးမွာ အလုပ္လုပ္ေနတဲ့ အလုပ္ သမား တစ္ခ်ိဳ႕ရဲ႕ ေျပာသံေတြေၾကာင့္ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္ ထိုအမ်ိဳးသမီးရဲ႕ ေျပာၾကားခ်က္အရ တိရိစာၦန္ ေလးေတြဟာ ေနရာအစုံမွ ဖမ္းယူျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

တိရိစာၦန္ ကယ္ဆယ္ေရး အဖြဲ႕တစ္ခုဟာ Ms.Li တင္ထားတဲ့ ပုံကို ျမင္ျမင္ၿပီး ခ်င္ခ်င္းပဲ ေၾကာင္ေလးေတြကို အခ်ိန္မွီ ကယ္တင္ဖို႔ ထိုဟိုတယ္ကို ခ်က္ခ်င္းဆိုသလို ေရာက္ရွိခဲ့ပါတယ္။ ထိုသို႔ ကံေကာင္းစြာနဲ႕ပဲ သနားဖြယ္ ေၾကာင္ေလးတြကို ကယ္တင္ရရွိခဲ့ၿပီး

မၾကာခင္မွာပဲ သူတို႔ရဲ႕ သက္ဆိုင္ရာ ပိုင္ရွင္ေတြဆီကို ျပန္ပို႔ဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္။ ေၾကာင္ ၇၀၀ ေက်ာ္ အကုန္လုံးကို ေၾကာင္အိမ္ တစ္ခုခ်င္းစီရဲ႕အ တြင္းသို႔ ေ႐ြ႕ေျပာင္းခဲ့ၿပီးပါၿပီ..အစာနဲ႕ ေရေတြလည္း ေကြၽးထားပါတယ္…

တိရိစာၦန္ေဆးကု ဆရာ‌ဝန္ေတြကလည္း ဒဏ္ရာရာ ေနမေကာင္းျဖစ္ေနတဲ့ ေၾကာင္ေလးေတြ ရွိမရွိ စစ္ ေဆးေနပါတယ္’ လို႔ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ထိုဟိုတယ္ စားေသာက္ဆိုင္ကို ရဲေတြလည္း ေရာက္ရွိခဲ့ၿပီး ျဖစ္စဥ္ကို ဆက္လက္ စစ္ေဆးေနပါတယ္

အခု စာဖတ္ေနတဲ့ သူေတြထဲမွာလည္း တိရိစာၦန္ ခ်စ္တဲ့သူပဲ ျဖစ္ျဖစ္ မခ်စ္တဲ့သူ ေတြလည္း အခုလိုေတ ရက္စက္တဲ့ အျပဳအမႈေတြ မျပဳလုပ္ၾကဖို႔ တိုက္တြန္း ခ်င္ပါတယ္။ တိရိစာၦန္ေတြကလည္း လူေတြနည္းတူ အသက္တစ္ေခ်ာင္းနဲ႕ပဲမို႔ ကိုယ္ခ်င္းစာ တရားထားၿပီး သူတို႔ကို နာက်င္ေအာင္ ႏွိပ္စက္ သတ္ျဖတ္တာေတြ မလုပ္တာဟာ အေကာင္းဆုံး ျဖစ္ပါတယ္။ SYL Video ( Writer – MOE )

(Unicode version) ကြောင်သားဟင်း လုပ်ဖို့ ဟိုတယ် စားသောက် ဆိုင်တစ်ခုမှာ ပိတ်လှောင်ခံထားရတဲ့ အိမ်မွေးကြောင်လေး ၇၀၀

ယခုသတင်းသည် SYL Video Page မှ ရေးသားထားသော သတင်း ဖြစ်သည်။ ကြောင်ပေါင်း ၇၀၀ ဝန်း ကျင်လောက်ဟာ လူတွေစားသုံးရန် ‌‌ကြောင်သားဟင်း တစ်ခွက်ပြု လုပ်ဖို့ သတ်ဖြတ် ခံရခါနီးမှာပဲ ကံ ကောင်းစွာနဲ့ပဲ ကယ်တင်ခြင်း ခံခဲ့ရပါတယ်။

တရုတ်ပြည် မြောက်ပိုင်း ဟိုတယ် စားသောက် ဆိုင် တစ်ခုရဲ့ ညစ်ညမ်းနေတဲ့ နောက်ဖေးမှာ ထိုကြောင်လေးတွေ ပိတ်လှောင်ခြင်း ခံ‌နေရတာကို ရှာတွေခဲ့တာဖြစ်ပါတယ်။ တိရိစ္ဆာန် ချစ်သူတွေ အတွက်တော့ အင်မတန်မှ ရင်နင့်စရာ ကောင်းတဲ့ ပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။

လှောင်အိမ် ကျဉ်းကျဉ်းလေးထဲမှာ ကြောင်လေးတွေ များစွာဟာ သွတ်ထည့် ပိတ်လှောင် ခံခဲ့ရတာကြောင့် နာကျင်စွာနဲ့လည်း အော်နေကြပါတယ်။ ဒီကြောင်လေးတွေ အများစုဟာ ခိုးယူခံခဲ့ရ ပုံပေါ်ပါတယ်။ တိရိစ္ဆာန် ကုန်ကူး‌တဲ့ သူတွေကလည်း ကြောင်တွေကို ဖမ်းပြီး စားသောက် ဆိုင်တွေမှာ

ရောင်းစားကြ ပါတယ်။ MailOnline သတင်း အရင်း အမြစ်‌ တွေအရ ကြောင်တွေဟာ အသားအဖြစ် ချက် ပြုတ်ဖို့အတွက် ခုတ်သတ်ခံရတော့မှာ ဖြစ်ပါတယ်။ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို တိရိစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ Li အမည်ရ အမျိုးသမီးက မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ်ကို မျှဝေခဲ့တာဖြစ်ပါတယ်

Ms.Li ဟာ ကြောင်လေးတွေကို ဟိုတယ်စားသောက် ဆိုင်တစ်ခုရဲ့ နောက်ဖေးမှာ အလုပ်လုပ်နေတဲ့ အလုပ် သမား တစ်ချို့ရဲ့ ပြောသံတွေကြောင့် တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ထိုအမျိုးသမီးရဲ့ ပြောကြားချက်အရ တိရိစ္ဆာန် လေးတွေဟာ နေရာအစုံမှ ဖမ်းယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

တိရိစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့တစ်ခုဟာ Ms.Li တင်ထားတဲ့ ပုံကို မြင်မြင်ပြီး ချင်ချင်းပဲ ကြောင်လေးတွေကို အချိန်မှီ ကယ်တင်ဖို့ ထိုဟို တယ်ကို ချက်ချင်းဆိုသလို ရောက်ရှိခဲ့ပါတယ်။ ထိုသို့ ကံကောင်းစွာနဲ့ပဲ သနားဖွယ် ကြောင်လေး​ေတွကို ကယ်တင်ရရှိခဲ့ပြီး

မကြာခင်မှာပဲ သူတို့ရဲ့ သက်ဆိုင်ရာ ပိုင်ရှင်တွေဆီကို ပြန်ပို့ဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ကြောင် ၇၀၀ ကျော် အကုန်လုံးကို ကြောင်အိမ် တစ်ခုချင်းစီရဲ့အ တွင်းသို့ ရွေ့ပြောင်းခဲ့ပြီးပါပြီ..အစာနဲ့ ရေတွေလည်း ကျွေးထားပါတယ်…

တိရိစ္ဆာန်ဆေးကု ဆရာ‌ဝန်တွေကလည်း ဒဏ်ရာရာ နေမကောင်းဖြစ်နေတဲ့ ကြောင်လေးတွေ ရှိမရှိ စစ် ဆေးနေပါတယ်’ လို့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့ပါတယ်။ ထိုဟိုတယ် စားသောက်ဆိုင်ကို ရဲတွေလည်း ရောက်ရှိခဲ့ပြီး ဖြစ်စဉ်ကို ဆက်လက် စစ်ဆေးနေပါတယ်

အခု စာဖတ်နေတဲ့ သူတွေထဲမှာလည်း တိရိစ္ဆာန် ချစ်တဲ့သူပဲ ဖြစ်ဖြစ် မချစ်တဲ့သူ တွေလည်း အခုလိုတေ ရက်စက်တဲ့ အပြုအမှုတွေ မပြုလုပ်ကြဖို့ တိုက်တွန်း ချင်ပါတယ်။ တိရိစ္ဆာန်တွေကလည်း လူတွေနည်းတူ အသက်တစ်ချောင်းနဲ့ပဲမို့ ကိုယ်ချင်းစာ တရားထားပြီး သူတို့ကို နာကျင်အောင် နှိပ်စက် သတ်ဖြတ်တာတွေ မလုပ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ SYL Video ( Writer – MOE

Tags:

Add a Comment

Your email address will not be published. Required fields are marked *