မႏၲေလးၿမိဳ႕လယ္ေခါင္မာ သမီးရည္းစားစုံတြဲအား ေသနတ္ျဖင့္ ပစ္ခတ္သူကို ဖမ္းမိၿပီ

မႏၲေလးၿမိဳ႕လယ္ေခါင္တြင္ သမီးရည္းစားစုံတြဲအား ေသနတ္ျဖင့္ ပစ္ခတ္သူကို ဒီပဲယင္းခြဲတြင္ ဖမ္းမိ

မႏၲေလးၿမိဳ႕လယ္ေခါင္ ျဖစ္သည့္၂၆လမ္း  ၇၈ လမ္း ႏွင့္ ၇၉ လမ္းၾကားတြင္ ဇြန္ (၂၇) ရက္ ညပိုင္းက သမီးရည္းစားစုံတြဲ ဆိုင္ကယ္အား ေနာက္မွ ေသနတ္ျဖင့္ ပစ္ခတ္မႈ က်ဳးလြန္သူေလးဦးအနက္ ေသနတ္ျဖင့္ပစ္သူကို စစ္ကိုင္း တိုင္းေဒသႀကီး၊ ဒီပဲယင္းခြဲေက်း႐ြာတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

“က်ဳးလြန္ သူေတြထဲက သုံးဦးကိုေတာ့ အမွတ္ (၉) မွာ ဖမ္းထားၿပီး ေအာင္ေျမသာစံၿမိဳ႕နယ္ကို လႊဲေပးခဲ့တယ္။ ဒီဘက္ေရာက္ ေတာ့ က်န္တဲ့တစ္ဦးကို စစ္ကိုင္းတိုင္းမွာ ထပ္ၿပီးဖမ္းမိတာ။ စုစုေပါင္း ေလးဦးေပါ့”ဟု ေအာင္ေျမသာစံၿမိဳ႕ နယ္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ ဇြန္လ ၂ရရက္ေန႕ ည(၈)နာရီခြဲအခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈ(၁)ေန အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳး သား သည္ ရည္းစားျဖစ္သူႏွင့္အတူ ဆိုင္ကယ္ျဖင့္ က်ဳံးေတာင္ဘက္ျခမ္း အေရွ႕မွအေနာက္ ၂၆လမ္းအတိုင္း ေမာင္းႏွင္လာစဥ္ ၇၈ လမ္းႏွင့္ ၇၉လမ္းၾကားအေရာက္ မီးပြိုင့္တြင္ မီးနီ၍ ရပ္ေစာင့္ေနစဥ္

အမည္မသိ အမ်ိဳးသားႏွစ္ဦးစီးႏွင္းလာသည့္ ဆိုင္ကယ္ တစ္စီး ၄င္းတို႔ေနာက္မွေရာက္ရွိလာကာ ေသနတ္ဟု ယူဆရေသာအရာျဖင့္ ပစ္ခတ္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတြင္ နံေဘးေဖာက္ဝင္ ထိခိုက္ဒဏ္ရာတစ္ခ်က္ရရွိခဲ့ၿပီး မႏၲေလး ျပည္သူ႕ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ၍ ေဆးဝါးကုသမႈခံယူလ်က္ရွိသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဒဏ္ရာရသူ၏ ဖခင္က အမွတ္(၂) နယ္ ေျမရဲစခန္းတြင္ အမႈဖြင့္ကာတိုင္ တန္းခဲ့သျဖင့္ ရဲစခန္းက (ပ)၁၁၆/၂၀၂၀၊ရာဇ သတ္ႀကီးဥပေဒပုဒ္မ-၃၀၇/၃၂၆ တို႔ျဖင့္ အမႈဖြင့္ လွစ္ေပးခဲ့ၿပီး က်ဳးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့သည္။

အခင္းျဖစ္ပြားၿပီးေနာက္ တိုင္းေဒသႀကီးႏွင့္ ခရိုင္မႈခင္း အကူဌာနစိတ္၊ မႏၲေလးၿမိဳ႕ေပၚရွိ ရဲစခန္းမ်ားမွ နယ္ထိန္း တပ္ဖြဲ႕ဝင္မ်ားက ခ်က္ ခ်င္းလိုက္ လံဖမ္းဆီးရာ လမင္းနိုင္ (ခ)ဝမ္းဝမ္း၊ စိုင္းသူရဦး၊ မင္းသူရိန္ခန႔္တို႔အား မဟာေအာင္ ေျမၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ေသနတ္ျဖင့္ပစ္ခဲ့သူ ရဲမာန္(ခ)ေဝယံေက်ာ္ကို စစ္ကိုင္းတိုင္းေဒသႀကီး၊ ေညာင္ပင္ဝန္း နယ္ေျမရဲစခန္ဘးအပိုင္ျဖစ္ေသာ ဒီပဲယင္းခြဲေက်း႐ြာတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။ဦးရာဇ

(Unicode version) မန္တလေးမြို့လယ်ခေါင်တွင် သမီးရည်းစားစုံတွဲအား သေနတ်ဖြင့် ပစ်ခတ်သူကို ဒီပဲယင်းခွဲတွင် ဖမ်းမိ

မန္တလေးမြို့လယ်ခေါင် ဖြစ်သည့်၂၆လမ်း  ၇၈ လမ်း နှင့် ၇၉ လမ်းကြားတွင် ဇွန် (၂၇) ရက် ညပိုင်းက သမီးရည်းစားစုံတွဲ ဆိုင်ကယ်အား နောက်မှ သေနတ်ဖြင့် ပစ်ခတ်မှု ကျုးလွန်သူလေးဦးအနက် သေနတ်ဖြင့်ပစ်သူကို စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းခွဲကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျုးလွန် သူတွေထဲက သုံးဦးကိုတော့ အမှတ် (၉) မှာ ဖမ်းထားပြီး အောင်မြေသာစံမြို့နယ်ကို လွှဲပေးခဲ့တယ်။ ဒီဘက်ရောက် တော့ ကျန်တဲ့တစ်ဦးကို စစ်ကိုင်းတိုင်းမှာ ထပ်ပြီးဖမ်းမိတာ။ စုစုပေါင်း လေးဦးပေါ့”ဟု အောင်မြေသာစံမြို့ နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂ရရက်နေ့ ည(၈)နာရီခွဲအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)နေ အသက်(၁၇)နှစ်အရွယ် အမျိုး သား သည် ရည်းစားဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် ကျုံးတောင်ဘက်ခြမ်း အရှေ့မှအနောက် ၂၆လမ်းအတိုင်း မောင်းနှင်လာစဉ် ၇၈ လမ်းနှင့် ၇၉လမ်းကြားအရောက် မီးပွိုင့်တွင် မီးနီ၍ ရပ်စောင့်နေစဉ်

အမည်မသိ အမျိုးသားနှစ်ဦးစီးနှင်းလာသည့် ဆိုင်ကယ် တစ်စီး ၄င်းတို့နောက်မှရောက်ရှိလာကာ သေနတ်ဟု ယူဆရသောအရာဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အသက်(၁၇)နှစ်အရွယ် အမျိုးသားတွင် နံဘေးဖောက်ဝင် ထိခိုက်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ၍ ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရသူ၏ ဖခင်က အမှတ်(၂) နယ် မြေရဲစခန်းတွင် အမှုဖွင့်ကာတိုင် တန်းခဲ့သဖြင့် ရဲစခန်းက (ပ)၁၁၆/၂၀၂၀၊ရာဇ သတ်ကြီးဥပဒေပုဒ်မ-၃၀၇/၃၂၆ တို့ဖြင့် အမှုဖွင့် လှစ်ပေးခဲ့ပြီး ကျုးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် တိုင်းဒေသကြီးနှင့် ခရိုင်မှုခင်း အကူဌာနစိတ်၊ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများမှ နယ်ထိန်း တပ်ဖွဲ့ဝင်များက ချက် ချင်းလိုက် လံဖမ်းဆီးရာ လမင်းနိုင် (ခ)ဝမ်းဝမ်း၊ စိုင်းသူရဦး၊ မင်းသူရိန်ခန့်တို့အား မဟာအောင် မြေမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး သေနတ်ဖြင့်ပစ်ခဲ့သူ ရဲမာန်(ခ)ဝေယံကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ညောင်ပင်ဝန်း နယ်မြေရဲစခန်ဘးအပိုင်ဖြစ်သော ဒီပဲယင်းခွဲကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဦးရာဇ