အရေးပေါ် တားဆေး Ecee2 ကို တစ်ယောက်တစ်လုံး သောက်လိုက်မိတဲ့ ၁၅ နှစ်ကောင်လေးနဲ့ အသက်၂၀ ကောင်မလေးတို့ရဲ့ အဖြစ်

အရေးပေါ် တားဆေး Ecee2 ကို တစ်ယောက်တစ်လုံး သောက်လိုက်မိတဲ့ ၁၅ နှစ်ကောင်လေးနဲ့ အသက်၂၀ ကောင်မလေးတို့ရဲ့ အဖြစ်








(Unicode version) Ecee2 ကို တစ်ယောက်တစ်လုံး သောက်လိုက်မိတဲ့ ၁၅နှစ်ကောင်လေးနဲ့ အသက်၂၀ကောင်မလေးတို့ရဲ့ အဖြစ်

 

ကောင်လေးက (၁၅)နှစ် ကြည့်လိုက်တာနဲ့ က လေးရုပ် သူ့ဘေးမှာ မိန်းကလေး တစ်ယောက်ပါတယ် အသက်(၂၀) ကျော် ကောင်လေးနဲ့ ကောင် မလေးက ချစ်သူတွေတဲ့ မနေ့ကမူးပြီး အတူတူ နေလိုက်မိတယ်တဲ့…လက်တွေသွက်ချက်..

အဲ့တာ မနက်မိုးလင်း ချင်းချင်းတဲ့ သူတို့ကြားဖူးတဲ့ ECee2 အရေးပေါ် တားဆေးကို ဝယ်သောက် လိုက်တယ်တဲ့..အဲ့တာအခုအရမ်း မူးပြီး နေရခက်နေလို့တဲ့ ဆိုပြီး ဆေးခန်းလာပြကြတာ..

ဘာပဲဖြစ်ဖြစ် နို့နံ့စင်တာမစင်တာ ခနထား အမှန်အ တိုင်းပြောပြ တာတင် ကျေးဇူးတင်မိနေပြီ..ကိုယ်က ကဲ ညီမလေး ခုတင်ပေါ်တက် ဆိုတော့မှ..မဟုတ်ဆရာ နေရခက်‌ပြီး မူးနေတာ သားပါ ဆိုပြီ ဟိုကောင်လေး ကပြောတယ်.

ဟမ် ဘယ်လိုတုန်း..ဆေးသောက်တာ ကောင်မ လေးလေ မင်းကဘာလို့မူး သူကသောက် ပေမယ့်ဘာမှ မဖြစ်ဘူးလေ ကျွန်တော် သောက်တဲ့ အလုံးကြောင့် ဖြစ်တာ ထင်တယ်တဲ့ ဟင် မင်းသောက်တယ် ဘာသောက် ထားတာလဲ..

ဟာ Ecee 2 လေ ဟင် ဘယ်လိုဘယ်လို ..ဆေး ဆိုင်ကနေ ဆေးဝယ်ပြီး တစ်ယောက် တစ်လုံး သောက်လိုက် တာလေ.. ပေါက်တကရတွေ ကောင်မလေးပဲ ‌နှစ်လုံးလုံး သောက်ရတာလေ ဘယ်လို ဖြစ်လို့မင်းပါသောက်ရတာလဲဟ..

မသိဘူးလေ နှစ်လုံးဆိုတော့ တစ်ယောက် တစ်လုံး သောက်ရ မယ်ထင်လို့…ဖြစ်မှ ဖြစ်ရလေကွာ..အဲ့တာ သောက်မိတာလေ ကျွန်တော် နို့တွေကြီး လာမာလားဟင်..ကျွန်တော့်ကို ကယ်ပါဦး..

လခွမ်း ဘာအခုမှ ကြောက်ပါပြီ လာလုပ်နေတာတုန်း ကောင်းမလေးကို ဆေးနှစ်လုံးဝယ် ထပ်သောက်ခိုင်း လိုက် မင်းကိုတော့ အမူးပြေ‌‌ဆေး ထိုးပေးမယ် တခုခုဆိုပြန်လာပြ..သောက်ကျိုးနည်း ဗဟုသုတတွေနဲ့…

Tags: