


မနက် ၇ နာရီ ၈ နာရီလောက်ဆို ဆိုင်ကယ်နဲ့ လာပို့တယ် ည ၈ နာရီလောက် ပြန်တယ် အမေလို ယူဆရတဲ့ အုပ်ထိန်းသူ လေးငါးခြောက်ယောက်က နာရီစင် ပန်းခြံကနေ စောင့်ကြည့်နေတယ် လေးငါးအုပ်စုရှိတယ် ရောက်တာ တစ်လလောက်ရှိပြီဟု








(Unicode version) အုပ်ထိန်သူများ ကိုယ်တိုင်က ကလေးငယ်များကို ပဲခူးမြို့ နာရီစင်အနီးတစ် ဝိုက်၌ တောင်းစားခိုင်း နေတဲ့ဖြစ်ရပ်

ပဲခူးမြို့ လူစည်ကားရာ နေရာတစ်ခု ဖြစ်သည့် နာရီစင်အနီးတွင် တောင်းရမ်း စားသောက်နေသည့် ကလေးငယ်များမှာ ၎င်းတို့၏ မိဘဟု ယူ ဆရသော အုပ်ထိန်း သူများကိုယ်တိုင် တောင်း စားခိုင်း ထားခြင်းဖြစ်သည်ဟု နာရီစင် အနီးတစ် ဝိုက်တွင် နေထိုင်ပြီ နေစဉ်တွေ့မြင် သူများမှပြော ကြားသည်။

မနက် ၇ နာရီ ၈ နာရီလောက်ဆို ဆိုင်ကယ်နဲ့ လာပို့တယ် ည ၈ နာရီလောက် ပြန်တယ် အမေလို ယူဆရတဲ့ အုပ်ထိန်းသူ လေးငါးခြောက်ယောက်က နာရီစင် ပန်းခြံကနေ စောင့်ကြည့် နေကြတယ် လေးငါးအုပ်စုရှိတယ် ရောက်တာတစ်လလောက် ရှိပြီဟု

နာရီစင်အနီး စတိုးဆိုင်တွင် လုပ်ကိုင်နေသည့် အမျီုးသမီးတစ်ဦးမှ ၎င်းနေစဉ် မြင်တွေ့နေရသည် များကိုပြောပြသည်။ နာရီစင်အရှေ့တွင် ICON ဈေးဝယ်စင် တာတည်ရှိသဖြင့် လူစည်းကား လျက်ရှိပြီ ICON သို့လာသည့် သူများအားအဓိ ကထား တောင်ရမ်းခြင်း ဖြစ်သည်။

ပဲခူးမြို့လယ်ခေါင် နာရီစင်အနီးပိုက်ဆံ လိုက်တောင်း နေသော ကလေးအုပ်စုများ တော်တော်လေး အခြေ အနေ ဆိုးနေကြတယ်ဟု ICON ဈေးလာဝယ် သူတစ်ဦးကဆိုသည်။ တစ်နေ့က လူကလည်း အရေးကြီး မပေးအားတော အန်တီအကြွေ မရှိဖူးပြောတော အန်းမယ် ပြောတယ်ဟု အတောင်းခံရသည့် အမျီုးသမီးတစ်ဦးမှ ရင်ဖွင့်သည်။

ဟိုတစ်လောက အမမှာအကြွေ မရှိဘူးပြောတာ အမ်းပေးမယ်တဲ့ဟု ၎င်းအားပြန်ပြောသည်ဟု အတောင်းခံရသူ မကြယ်စင်မှ ပြောကြားသည်။ Icon ပေါ်ကလဆင်းလာတာနဲ့ အတင်းလက်တွေ လိုက်ဆွဲပြီးတောင်းတာ ကြောက်တောင် ကြောက်တယ် အခုအချိန်မျိုးက လူတွေနဲ့ ခပ်ခွာခွာနေရ တာမဟုတ်လားဟု ဈေးဝယ် သူတစ်ဦးကပြောကြားသည်။

ICON အရှေ့တည့်တည့်တွင် ခရီးသည်တင် ကားများရပ်၍ ခရီးသည် စောင့်ဆိုင်းနေစဉ် ကားပေါ်တွင် ပါ လာသည့် ခရီးသည်များထံ တောင်းခံနေသည်ကို တွေ့ရှိရပြီး ယင်းကဲ့သို့ ခရီးသည်တင် ကားများရပ်ထား သဖြင့်ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေသည်။

နာရီစင်ပန်းခြံ ICON ဆေးဆိုင် ၂၉ လမ်း လိပ် ပြာကန်မှာ အခြေကျ နေတာညဘက် ၃၁ လမ်းထိပ်မှာတော့ ပြည်တန်ဆာ တွေစုနေတယ် မြို့လယ်ကောင်မှာ ဖြစ်နေတာကို လူကြီးတွေ မသိချင်ယောင် ဆောင်နေတာ အံ့ဩတယ်ဟု ယင်းပန်ဝန်ကျင်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းနေရာ တစ်ဝိုက်တွင် ၁၀နှစ်ဝန်ကျင် ကလေးငယ် ၂၀ ခန့်‌ တောင်းစား နေသည်ကို တွေ့ရှိရပြီး ကလေးငယ်တစ်ဦး အားခေါ်ယူ မေးမြန်းရာ ၎င်းတို့သည် ဖောင်တော်ဦး ဘုရားအနီး သုဿန်တွင် နေထိုင်သည်ဟုဆိုသည်။

စနေ တနင်္ဂနွေဆိုရင် တစ်သောင်း လောက်ရတယ် ကြား ရက်ဆိုရင်တော့ ငါးထောင်လောက် ရတယ်ဟု တောင်းစားသည့် ကလေးငယ် နောက်တစ်ဦးက ပြောကြားသည်။ ယခုကဲ့သို့ တောင်း ရမ်းနေခြင်းနှင့်ပတ် သက်ပြီး လူကယ်ပြန်သို့ တိုင်ကြားရန် ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲဝင် ဒေါ်မြင့်မြင့်ဝေမှ အကြံပြုသည်။

Add a Comment

Your email address will not be published. Required fields are marked *