(Unicode version) စစ်တွေ နည်းပညာ တက္က သိုလ် ကျောင်းအနီးမှာ AA အကြမ်းဖက် သောင်း ကျန်း သူအဖွဲ့မှ မိုင်းခွဲတိုက်ခိုက် မပေါက်သေးကွဲ သောမိုင်းများ ထပ်မံတွေ့ရှိ
စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာ၊ နည်းပညာ တက္က သိုလ်ကျောင်းအနီး AA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့မှ မိုင်းခွဲတိုက်ခိုက် မပေါက်သေး သောမိုင်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ ၂၀၂၀ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နေ့ ခင်းပိုင်း ၁နာရီ ၂၅ မိနစ်အချိန်ခန့်တွင် AA အကြမ်းဖက် သောင်းကျန်း သူများမှ ရခိုင်ပြည် နယ်၊ အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာအနီးရှိ GTC ကျောင်းရှေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး
လုံခြုံရေး ဝန်ထမ်းများမှ လိုက်လံ၍ ရှင်းလင်းခဲ့ရာ ကျောင်းအနီးတွင် မပေါက်ကွဲသေးသော မိုင်းများထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
နေ့ခင်း ၁ နာရီခွဲလောက် GTC ကျောင်းနားမှာ ကွဲတာ၊ အရပ်သား ထိခိုက်မှု ရှိမရှိတော့မသိဘူး၊ ကျောင်းနားမှာ မိုင်းတွေထပ်တွေ့ တယ်လို့တော့ ကြားတယ် စစ် ကြောင်းတွေ လည်းမရှိဘဲ ဒီအတိုင်းခွဲတာ ကိုယ့်လူ မျိုးတွေ အများကြီး ရှိတဲ့နေရာမှာ
ဒီလိုခွဲတာတော့ မဖြစ်သင့်ဘူး ဖြစ်ချင်ရင် တောထဲ သွားဖြစ်ပေါ့ဗျာ အခုကလူထုကို အကြောက်တရား ဖြစ်အောင် အကြမ်းဖက်သမား ဆန်ဆန်လုပ်လာ တာတော့ လွန်နေပြီ ဟု ရေချမ်းပြင် ကျေးရွာသား တစ်ဦးမှ May Yu Htar Nay သို့ အတည်ပြု ပြောဆိုသည်။
ထိုကဲ့သို့ AA အကြမ်းဖက် သောင်းကျန်းသူများမှ လူထူထပ်ရာ နေရာတွင် အကြမ်းဖက် မိုင်းဖောက်ခွဲခဲ့တာကြောင့် ဒေသခံများမှ စိုးရိမ်ထိတ် လန့်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။ Source – May Yu Htar Nay
Tags: