တီးတိန္ၿမိဳ႕နယ္မွ အိႏၵိယျပန္ ကိုရိုနာဗိုင္းရပ္စ္ သံသ ယ လူနာတစ္ဦး ေသဆုံးသြားၿပီ

တီးတိန္ၿမိဳ႕နယ္မွ အိႏၵိယျပန္ ကိုရိုနာဗိုင္းရပ္စ္ သံသ ယ လူနာတစ္ဦး ေသဆုံးသြားၿပီ

အိႏၵိယနိုင္ငံကျပန္လာၿပီး ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕ နယ္ ဒိမ္ပီးေက်း႐ြာမွာ အသြားအလာ ကန႔္သတ္ထားတဲ့ သံသယလူနာ အမ်ိဳးသားတစ္ဦးဟာ ဇြန္လ ၂၆ ရက္ေန႕ မနက္ပိုင္းက ေသဆုံးသြားတယ္လို႔ တီးတိန္ၿမိဳ႕နယ္ေဆး႐ုံအုပ္ႀကီးက RFA ကို အတည္ျပဳ ေျပာ ဆိုပါတယ္။

အဲဒီအမ်ိဳးသားဟာ ဒိမ္ပီးေက်း႐ြာမွာ ဇြန္လ ၁၀ ေန႕ကစၿပီး အသြားအလာ ကန႔္သတ္ေနထိုင္ေနတာ ျဖစ္ခဲ့ၿပီး ဇြန္လ ၂၅ ရက္ေန႕က ကိုယ္အပူခ်ိန္ ျမင့္တက္လာတဲ့အတြက္ တီးတိန္ၿမိဳ႕ ျပည္သူ႕ေဆး႐ုံကို ပို႔ေဆာင္ၿပီး ေဆးကုသမႈ ခံယူေနတာျဖစ္ပါတယ္။

“မေန႕က ကိုယ္အပူခ်ိန္ တအားတက္ေတာ့ ညေနပိုင္းမွာ တီးတိန္ၿမိဳ႕ေဆး႐ုံကို သယ္လာၾကတယ္။ ဒါေပမဲ့ ဒီေန႕ မနက္ပိုင္းမွာ ဆုံးသြားတယ္၊ သူ႕မွာ အရင္ကတဲက ငွက္ဖ်ားေရာဂါအခံ ရွိတယ္လို႔သိရတယ္’’ လို႔ တီးတိန္ၿမိဳ႕ Covid-19 အ‌ေရးေပၚေကာ္မတီ (Emergency Committee Volunteer) အဖြဲ႕က ကိုမုန္နိုးက ေျပာပါတယ္။

အဲဒီလူနာကို တီးတိန္ၿမိဳ႕ CMBC သခၤ်ိဳင္းမွာ ေန႕ခ်င္းၿပီး ေျမျမႇုပ္သျဂၤိုဟ္ခဲ့တယ္လို႔ သိရပါတယ္။ေသဆုံးသူရဲ႕ အာေခါင္တို႔ဖတ္ (Swab) ကို ဓာတ္ခြဲစစ္ေဆးဖို႔အတြက္ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ေဝဘာဂီ) ေဆး႐ုံကို ပို႔ထားတယ္လို႔ ဆိုပါတယ္။

တီးတိန္ၿမိဳ႕ကေန ႏွစ္မိုင္ေလာက္ေဝးတဲ့ ဒိမ္ပီးေက်း ႐ြာမွာ ေသဆုံးသူ အမ်ိဳးသားနဲ႕အတူ အသြားအလာ ကန႔္သတ္ ေနထိုင္ေနသူ ေလးဦး ရွိတယ္လို႔လည္း သိရပါတယ္။ RFA BURMESE

(Unicode version) တီးတိန်မြို့နယ်မှ အိန္ဒိယပြန် ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာတစ်ဦး သေ ဆုံးသွားပြီ

အိန္ဒိယနိုင်ငံကပြန်လာပြီး ချင်းပြည်နယ် တီးတိန်မြို့ နယ် ဒိမ်ပီးကျေးရွာမှာ အသွားအလာ ကန့် သတ်ထားတဲ့ သံသယလူနာ အမျိုးသားတစ်ဦးဟာ ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားတယ်လို့ တီးတိန်မြို့နယ်ဆေးရုံအုပ်ကြီးက RFA ကို အတည်ပြု ပြော ဆိုပါတယ်။

အဲဒီအမျိုးသားဟာ ဒိမ်ပီးကျေးရွာမှာ ဇွန်လ ၁၀ နေ့ကစပြီး အသွားအလာ ကန့်သတ်နေထိုင်နေတာ ဖြစ်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့က ကိုယ်အပူချိန် မြင့်တက်လာတဲ့အတွက် တီးတိန်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။

“မနေ့က ကိုယ်အပူချိန် တအားတက်တော့ ညနေပိုင်းမှာ တီးတိန်မြို့ဆေးရုံကို သယ်လာကြတယ်။ ဒါပေမဲ့ ဒီနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်၊ သူ့မှာ အရင်ကတဲက ငှက်ဖျားရောဂါအခံ ရှိတယ်လို့သိရတယ်’’ လို့ တီးတိန်မြို့ Covid-19 အ‌ရေးပေါ်ကော်မတီ (Emergency Committee Volunteer) အဖွဲ့က ကိုမုန်နိုးက ပြောပါတယ်။

အဲဒီလူနာကို တီးတိန်မြို့ CMBC သင်္ချိုင်းမှာ နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူရဲ့ အာခေါင်တို့ဖတ် (Swab) ကို ဓာတ်ခွဲစစ်ဆေးဖို့အတွက် ရန်ကုန်မြို့ အမျိုး သားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ဝေဘာ ဂီ) ဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။

တီးတိန်မြို့ကနေ နှစ်မိုင်လောက်ဝေးတဲ့ ဒိမ်ပီးကျေး ရွာမှာ သေဆုံးသူ အမျိုးသားနဲ့အတူ အ သွားအလာ ကန့်သတ် နေထိုင်နေသူ လေးဦး ရှိတယ်လို့လည်း သိရပါတယ်။ RFA BURMESE