ပိုးသတ်ဆေးကျွေးကာ နာကပ်ဖြုတ်ယူခဲ့တဲ့ အိမ်နီး ချင်းကြောင့် သေဆုံးသွားသည့် ပန်းတနော် မြို့နယ်က သနားစဖွယ် ၉ နှစ် သမီးလေး

ပိုးသတ်ဆေးကျွေးကာ နာကပ်ဖြုတ်ယူခဲ့တဲ့ အိမ်နီး ချင်းကြောင့် သေဆုံးသွားသည့် ပန်းတနော် မြို့နယ်က သနားစဖွယ် ၉ နှစ် သမီးလေး

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေး ရွာအုပ်စု သော်ကဇင်း ကျေးရွာ၌ ဇွန်လ တတိယပတ် အတွင်းက အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး

ပိုးသတ်ဆေး ကျွေးခံရကာ ရွှေနားကပ်လုယူ ခံရပြီး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

သေဆုံးသူ မတွယ်တာဦး (ခေါ်) မိကောက်ကို တစ်ရွာတည်းနေ အိမ်နီးနားချင်းဖြစ်သူ အသက် ၂၈ နှစ်အ ရွယ် မသင်းသင်းဝေက ပိုတက် ပိုးသတ်ဆေး ကွှေးကာ

တန်ဖိုး ၁၅၀,၀၀၀ ကျပ်ခန့်ရှိ ရွှေနားကပ်ယူခဲ့ကြောင်း၊ ပိုးသတ်ဆေး အကျွေးခံရ သည့်အတွက် မတွယ်တာဦး (ခေါ်) မိကောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း

တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက The Voice Daily သို့ ပြောကြားသည်။ “ကလေးက တူတူ ပုန်းတမ်းဆော့ရင်း ပျောက်သွားတာ။ အိမ်အနောက်ဘက် ပေ ၃၅၀ မှာ လဲကျနေတာ ပြန်တွေ့တော့ မိန်းက လေးပါးစပ်က သွေးတွေထွက်နေပြီ။

အသက်မရှိ တော့ဘူးလို့ သိရတယ်။ သူ့ အမေကိုယ် တိုင် ရဲစခန်းကို အမှုလာဖွင့်တာ။ တရားခံကိုလည်း ဖမ်းမိထားပါပြီဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သေဆုံးသူ မိန်းကလေးငယ်ကို ငရုတ်သီး ခူးရန်ဟုဆိုကာ ခေါ်ဆောင်လာပြီး သကြားလုံးပုံစံ ပြုလုပ်ထားသော ပိုတက် (ပိုးသတ်ဆေး) ကြွေးခဲ့ကြောင်း၊ မိန်း ကလေးငယ် သတိလစ်ပြီး လဲကျသွားစဉ် နားကပ်ကိုဖြုတ်ယူခဲ့ကြောင်း မသင်းသင်းဝေက ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆို ထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မိန်းကလေးငယ်အား ပိုးသတ်ဆေး ကျွေး ၍ သေဆုံးစေခဲ့ပြီး ရွှေနားကပ် လုယူခဲ့သော မသင်းသင်းဝေအား ပန်းတနော် မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၂ တို့ဖြင့် အမှုဖွင့်ဖမ်းဆီး ထားကြောင်း ဧရာဝတီ တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ The Voice

Tags: