ပဲခူးၿမိဳ႕တြင္ KTV တစ္ခု၌ အမ်ိဳးသားတစ္ဦး အေမာေဖာက္ေသဆုံး ခဲ့တဲ့ျဖစ္ရပ္

ပဲခူးၿမိဳ႕တြင္ KTV တစ္ခု၌ အမ်ိဳးသားတစ္ဦး အေမာေဖာက္ေသဆုံး ခဲ့တဲ့ျဖစ္ရပ္

ယခု သတင္းကို ( ေမာင္ေအး ) စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္

ပဲခူးၿမိဳ႕တြင္ KTV တစ္ခု၌ အမ်ိဳးသားတစ္ဦး သီခ်င္း ဆိုေနစဥ္ အေမာေဖာက္ ေသဆုံးခဲ့ေၾကာင္း သိရသည္ ။

ဇြန္ ၂၃ ရက္ ည ၁၁ နာရီခြဲခန့္က ပဲခူးၿမိဳ႕ရွိ KTV တြင္ သီခ်င္းဆိုေနေသာ အမ်ိဳးသား တစ္ဦးမွာ အေမာေဖာက္၍ ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဥသာၿမိဳ႕သစ္ေန အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးသည္ မဇင္းရပ္ကြက္ ပဲခူးၿမိဳ႕ေန သူငယ္ခ်င္း ျဖစ္သူႏွင့္အတူ ဇြန္ ၂၃ ရက္ည ၉ နာရီခြဲခန့္က ေကတီဗြီသို႔ ေရာက္ရွိၿပီး သီခ်င္းသီဆိုကာ DUNFIFE ဝီစကီအရက္ ႏွစ္ပုလင္းႏွင့္ ကိုကာကိုလာ အခ်ိဳရည္ဘူးႀကီးႏွစ္ဘူး မွာယူေသာက္ခဲ့ေၾကာင္း၊

ထိုသို႔ အရက္ေသာက္စား သီခ်င္းသီဆိုေနစဥ္ ည ၁၁ နာရီခန့္တြင္ ေသဆုံးသူမွာ အသက္ရႈၾကပ္ၿပီး အေမာေဖာက္လာသျဖင့္ ပဲခူးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ လမ္းတြင္ေသဆုံး သြားေၾကာင္း သိရသည္။

ေသဆုံးသူ၏ ဇနီးျဖစ္သူ ေျပာၾကား ခ်က္မ်ားအရ ေသဆုံးသူ အမ်ိဳးသားမွာ ေသြးတိုးေရာဂါ အခံရွိသူ ျဖစ္ေၾကာင္း သိရၿပီး ပဲခူးၿမိဳ႕ အမွတ္ (၃) နယ္ေျမရဲစခန္းတြင္ ေသမႈေသခင္း

အမွတ္စဥ္ ၁၁/၂၀၂၀ ျဖင့္ အမႈဖြင့္ထားကာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ေမာင္ေအး

(Unicode version) ပဲခူးမြို့တွင် KTV တစ်ခု၌ အမျိုးသားတစ်ဦး အမောဖောက်သေဆုံး ခဲ့တဲ့ဖြစ်ရပ်

ယခု သတင်းကို ( မောင်အေး ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

ပဲခူးမြို့တွင် KTV တစ်ခု၌ အမျိုးသားတစ်ဦး သီချင်း ဆိုနေစဉ် အမောဖောက် သေဆုံးခဲ့ကြောင်း သိရသည် ။

ဇွန် ၂၃ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးမြို့ရှိ KTV တွင် သီချင်းဆိုနေသော အမျိုးသား တစ်ဦးမှာ အမော ဖောက်၍ သေဆုံး သွားခဲ့ခြင် းဖြစ် ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥသာမြို့သစ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသား တစ်ဦးသည် မဇင်းရပ်ကွက် ပဲခူးမြို့နေ သူငယ်ချင်း ဖြစ်သူနှင့်အတူ ဇွန် ၂၃ ရက်ည ၉ နာရီခွဲခန့်က ကေတီဗွီသို့ ရောက်ရှိပြီး သီချင်းသီဆိုကာ DUNFIFE ဝီစကီအရက် နှစ်ပုလင်းနှင့် ကိုကာကိုလာ အချိုရည်ဘူးကြီးနှစ်ဘူး မှာယူသောက်ခဲ့ကြောင်း၊

ထိုသို့ အရက်သောက်စား သီချင်းသီဆိုနေစဉ် ည ၁၁ နာရီခန့်တွင် သေဆုံးသူမှာ အသက်ရှုကြပ်ပြီး အမောဖောက်လာသဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံး သွားကြောင်း သိရသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ ပြောကြား ချက်များအရ သေဆုံးသူ အမျိုးသားမှာ သွေးတိုးရောဂါ အခံရှိသူ ဖြစ်ကြောင်း သိရပြီး ပဲခူးမြို့ အမှတ် (၃) နယ်မြေရဲစခန်းတွင် သေမှုသေခင်း

အမှတ်စဉ် ၁၁/၂၀၂၀ ဖြင့် အမှုဖွင့်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ မောင်အေး

Tags: