





သရုပ်ဆောင်ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းကို အမျိုးသားရေးအဖွဲ့ ရှေ့နေကြီး ဦးအေးပိုင်မှ တရားစွဲ ဆိုလိုက်ပြီ

ပန်ချီကား ရေးဆွဲရာ၌ ဘာသာရေးနှင့် ပတ်သက် ၍ အကြောင်းအရာများကြောင့် သရုပ်ဆောင် ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းကို အမျိုး သားရေး အဖွဲ့ ရှေ့နေကြီး ဦးအေးပိုင်မှ တရားစွဲ ဆို ထားကြောင်းကို သင်္ကန်းကျွန်း မြို့နယ်ရဲ တပ်ဖွဲ့ တာဝန်ရှိသူများက PeopleMedia ကို အတည်ပြု့ ပြောဆိုပါတယ်။

ဖြစ်စဉ်မှာ ပန်ချီးကားရေးဆွဲပြီး လူမှုကွန်ယက်၌ တင်ခဲ့သည့် ချစ်သုဝေ အကောက်ပိုင်ရှင်ဖြစ်သူနှင့် ဦးဇော်ဝင်းတို့ကို ယနေ့ ဇွန် (၂၅) ရက်နေ့၌ ရှေ့နေ ဦးအေးပိုင်မှ သင်္ကန်းကျွန်း မြို့နယ်တရား ရုံးသို့ ဦးတိုက်

လျောက်ထားခဲ့ပြီး မြို့နယ် တရားသူကြီးမှ ကျင့်၂၀၂ အရ စစ်ဆေးရန် မြို့နယ်ရဲတပ်ဖွဲ့ကို ချထားပေးလိုက်တာ လည်းဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးအေးပိုင်က “ချစ်သုဝေနဲ့သူ၏ ဖခင်ကို တရားစွဲလိုက်တာ မှန်ပါတယ်။ ရုံးချိန်းက ဇူလိုင်လ ၉ရက်နေ့ ဖြစ်ပါတယ်”လို့ PeopleMedia ကို ပြောပါတယ်။ Photo – credit (PeopleMedia / ဦးအေးပိုင်)

Add a Comment

Your email address will not be published. Required fields are marked *