ကချင်ပြည်နယ်တွင် ဆေးကြောင်နေသောသားမှ လက်သီးနဲ့ထိုးသဖြင့် မိခင်ဖြစ်သူ သေဆုံ

ကချင်ပြည်နယ်တွင် ဆေးကြောင်နေသောသားမှ လက်သီးနဲ့ထိုးသဖြင့် မိခင်ဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့စုရပ်ကွက်၌ ယမန်နေ့က မူးယစ်ဆေးစွဲနေသော သားဖြစ်သူမှဆေးကြောင်ကာ မိခင်ဖြစ်သူအားလက်သီးနှင့်ထိုးကြိတ်ခဲ့ရာမှ မိခင်ဖြစ်သူသေဆုံးခဲ့သည်။

မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်နေ မအေးနု သည် အရှေ့စု (၆)လမ်း အိမ်အမှတ် (၄၇၀)တွင်နေထိုင်သည့်မိခင်ထံသို့ လာရောက်စဉ် နေအိမ်တံခါးပွင့်နေသဖြင့် မိခင်၏အိပ်ခန်းအတွင်းဝင်ရောက်ကြည့်ရှုရာ မိခင်ဖြစ်သူ ဒေါ်အဲလှအောင်သည် အိပ်ခန်းအဝင်မြေပြင်၌ လဲကျသေဆုံးနေသည်ကိုတွေ့ရသည်။

မအေးနုမှာ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ရာအိမ်မှူးဦးမြင့်သိန်းရောက်ရှိလာပြီး အခြေအနေကိုသိရှိကာ မိုးညှင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် မိုးညှင်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်မင်းနိုင်နှင့် တပ်ဖွဲ့ဝင်များရောက်ရှိလာကာ သေဆုံးသူ ဒေါ်အဲလှအောင်၏

ဒဏ်ရာအားစစ်ဆေးရာ ဝဲဘက်မျက်လုံးဖူးယောင်ညိုမည်းဒဏ်ရာ ပါးစပ်မှသွေးထွက်ညိုမည်းဒဏ်ရာ ဝဲဘက်နားထင်ဖူးယောင်ဒဏ်ရာ ယာဘက်တံတောင်ဖူးယောင်ဒဏ်ရာများတွေ့ရှိရပြီး အနီးတွင် FLOWER စာတန်းပါပန်းရောင်ဓါတ်ဗူးအကွဲ တွေ့ရှိရပြီးပန်ဝန်းကျင်တွင်စုံစမ်းမှုပြုရာ သားဖြစ်သူ ဇော်ဇော်ဦး သည်

မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲသူဖြစ်ပြီး မကြာခဏ မိခင်အားရန်ပြုသဖြင့်မိခင်ဖြစ်သူမှာ ထွက်ပြေးရလေ့ရှိကြောင်း ၊ အခင်းဖြစ်သည့်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ဇော်ဇော်ဦးမှ မိခင်ဖြစ်သူအားအော်ဟစ်ရန်ပြုနေသည့်အသံကြားရကြောင်း စုံစမ်းသိရှိရသည်။

ထို့နောက် ဒုရဲအုပ်ကျော်မင်းနိုင်မှ ရဲဆေးစာဖြင့်သေဆုံးသူ ဒေါ်အဲလှအောင်၏ အလောင်းအား မိုးညှင်းခရိုင်ဆေးရုံသို့ပို့ဆောင်ကာ မအေးနုမှ တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သဖြင့် ဇော်ဇော်ဦး (၃၁)နှစ် (ဘ)ဦးတုံလု အိမ်အမှတ်(၄၇၀) အရှေ့စုရပ်ကွက် (၆)လမ်း မိုးညှင်းမြို့နေထိုင်သူအား

မိုးညှင်းမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၄/၂၀၂၀ (ပ)၇၈/၂၀၂၀ပုဒ်မ ၃၀၂ဖြင့် အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။