သရုပ်ဆောင်ချစ်သူ့ဝေနှင့်၎င်း၏ ဖခင် ဦးဇော်ဝင်းကို အမျိုးသားရေးအဖွဲ့ ရှေ့နေကြီး ဦးအေးပိုင်မှ တရားစွဲဆိုလိုက်

သရုပ်ဆောင်ချစ်သူ့ဝေနှင့်၎င်း၏ ဖခင် ဦးဇော်ဝင်းကို အမျိုးသားရေးအဖွဲ့ ရှေ့နေကြီး ဦးအေးပိုင်မှ တရားစွဲဆိုလိုက်

ရန်ကုန်၊ဇွန်-၂၅(PeopleMedia) ပန်ချီကားရေးဆွဲရာ၌ ဘာသာရေးနှင့် ပတ်သက်၍ အကြောင်းအရာများကြောင့်

သရုပ်ဆောင်ချစ်သူ့ဝေနှင့်၎င်း၏ ဖခင် ဦးဇော်ဝင်းကို အမျိုးသားရေးအဖွဲ့ ရှေ့နေကြီး ဦးအေးပိုင်မှ

တရားစွဲဆိုထားကြောင်း သင်္ကန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများက PeopleMedia ကို အတည်ပြု့ပြောဆိုပါတယ်။

ဖြစ်စဉ်မှာ ပန်ချီးကားရေးဆွဲပြီး လူမှုကွန်ယက်၌ တင်ခဲ့သည့် ချစ်သူ့ဝေ အကောက်ပိုင်ရှင်ဖြစ်သူနှင့်

ဦးဇော်ဝင်းတို့ကို ယနေ့ ဇွန်(၂၅)ရက်နေ့၌ ရှေ့နေဦးအေးပိုင်မှ သင်္ကန်းကျွန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ပြီး

မြို့နယ်တရားသူကြီးမှ ကျင့်၂၀၂ အရ စစ်ဆေးရန် မြို့နယ်ရဲတပ်ဖွဲ့ကို ချထားပေးလိုက်တာလည်းဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအေးပိုင်က “ချစ်သူ့ဝေနဲ့သူ၏ ဖခင်ကို တရားစွဲလိုက်တာ မှန်ပါတယ်။

ရုံးချိန်းက ဇူလိုင်လ ၉ရက်နေ့ ဖြစ်ပါတယ်”လို့ PeopleMedia ကို ပြောပါတယ်။

အသေးစိတ်ဆက်လက်ဖော်ပြမည်။ Photo-credit PeopleMedia ဦးအေးပိုင်

Add a Comment

Your email address will not be published. Required fields are marked *