ထိုင်းတွင် သင်္ကြအစားထိုးပိတ်ရက် ၄ ပိတ်ပေးမည် သို့သော် နောက်ကွယ်တွင် မြန်မာအလုပ်သမားများအတွက် စိုးရိမ်စရာ

ထိုင်းတွင် သင်္ကြအစားထိုးပိတ်ရက် ၄ ပိတ်ပေးမည် သို့သော် နောက်ကွယ်တွင် မြန်မာအလုပ်သမားများအတွက် စိုးရိမ်စရာ

ထိုင်းမှာ အလုပ်(4)ရက် ပိတ်လို့ အရမ်းဝမ်းသာမနေကြနဲ့၊ တချို့သော အခြေအနေမကောင်းတဲ့ အလုပ်ရုံကြီးတွေက အစိုးရသတ်မှတ်တဲ့ ပိတ်ရက်ကို ဆိုက်ကားတွဲပြီး တချို့ရုံက တစ်လနှစ်လ တချို့ရုံက ရက်ရှည်အလုပ်က ရပ်နားကြဖို့ ပြင်ဆင်နေတယ် တချို့ရုံတွေက ရက်ရှည်ပိတ်ဖို့ ကြိုတင် ပြောထားတာတွေတောင် ရှိနေပြီ လို့

AAC အမာခံတွေက သတင်းပို့လာကြပါတယ်။ ဒီတော့…. အလုပ်သမားတွေကို အလုပ်ကဖြုတ်ချင်ပေမယ့် လျော်ကြေးမပေးချင်တဲ့ အလုပ်ရုံကြီးတွေက အစိုးရပိတ်ရက် ကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချသွားနိုင်ပါတယ်၊ ထိုင်းအစိုးရအချက် ထိုင်းအလုပ်ရှင်တွေ အကွက် ဖြစ်သွားနိုင်ပါတယ်၊ ထိုင်းအစိုးရနဲ့

ထိုင်းအလုပ်ရှင်တွေ ဆိုတာ မတဲ့သလိုလိုနဲ့ အစည်းအဝေးပွဲတွေမှာ လက်ဆွဲ နူတ်ဆက်နေကြသူတွေပါ။ ထိုင်းရောက်မြန်မာတွေ သတိကြီးကြီးထားပါ။ ထိုင်းအစိုးရဟာ သူတို့ အလုပ်ရှင်တွေကို နာအောင် ဘယ်တော့မှ မလုပ်ဘူး ပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ယခုလောက် သဘောကောင်းနိုင်ပါ့မလား….

ပြီးတော့ အစားထိုးပိတ်ရက်တွေက ထိုင်းအစိုးရ သတ်မှတ်တာဆိုတော့ အလုပ်ရှင်တွေက ခံစားခွင့် ဘယ်နှစ်ရက်စာ ပေးမလဲ….. ??? အလုပ်သမားရေးကို အခြားသူတွေ မမြင်နိုင်တဲ့ ရှုထောင့်စုံကနေ အမြဲတွေးတောကြံဆ သုံးသပ်နေတဲ့…. ရဲမင်း(AAC group) Thailand အလုပ်သမားရေးလှုပ်ရှားသူ…