နေကြတ်ခြင်းဖြစ်စဉ်ပြီးနောက် နက္ခတ်ဗေဒပညာအရ မြန်မာပြည်၏ကံကြမ္မာ ပိုမိုကောင်းမွန်လာ

နေကြတ်ခြင်း ဖြစ်စဉ်ပြီးနောက် နက္ခတ်ဗေဒပညာအရ မြန်မာပြည်၏ ကံကြမ္မာ ပိုမိုကောင်းမွန်လာ

နေကြတ်ခြင်း ဖြစ်စဉ်ပြီးနောက် နက္ခတ်ဗေဒပညာအရ မြန်မာပြည်၏ ကံကြမ္မာ ပိုမိုကောင်းမွန်လာနိုင်ကြောင်း တွေ့ရှိ…

ပြီးခဲ့တဲ့ရက်ပိုင်းက နေကြတ်ခဲ့တဲ့အတွက် နက္ခတ်ဗေဒပညာအရ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ကံကြမ္မာပိုမိုကောင်းမွန် လာမယ်လို့ မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန် ကပြောပါတယ်။

ဇွန်လ ၂၁ ရက် ၁၃ နာရီ ၄၅ မိနစ်မှာ နေကြတ်ခဲ့တာဖြစ်ပြီး နေကြတ်ချိန်ကို နက္ခတ်ဗေဒပညာနဲ့ တွက်ချက်ကြည့်ရာမှာ အနာဂတ်မှာမြန်မာပြည်ရဲ့ ရေကြောင်းလေကြောင်းလိုင်းတွေ ပိုမိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ပြောပါတယ်။

‘နေကြတ်လိုက်တဲ့အချိန်က ကန်လဂ်။ ကန်လဂ်ဆိုတော့ လေကြောင်း၊ ရေကြောင်းနဲ့ဆိုင်တဲ့ ဂြိုဟ်ကြီးက မြင့်မြတ်တဲ့အနေနဲ့ ကြီးသွားတယ်။ ကြီးသွားတဲ့အတွက်ကြောင့်မို့ နိုင်ငံတကာလို ကိုယ်ပိုင်လေကြောင်းတွေ၊ လေယာဉ်ကြီးတွေဝယ်ပြီးတော့ ကိုယ်ပိုင်တွေဖြစ်လာလိမ့်မယ်။ ကန်လဂ်မှာနေကြတ်သွားတာတော့ ရှိတဲ့ ဂြိုဟ်တွေက အနေအထားအရ အကုန်ကောင်းတယ်။

ဆရာမတို့ ဆိုးနေတဲ့အခု စစ်ပွဲတွေဖြစ်တယ်။ အခက်အခဲအကြပ်အတည်းတွေဖြစ်တယ်။ နောက်လုပ်ဖော်ကိုင်ဘက်အချင်းချင်း အတိုက်အခံတွေများတယ်။ အဲဒီ့ကိစ္စတွေကလည်း ဂြိုဟ်အမြင်ပြန်မြင်ပြီးတော့ ကောင်းတဲ့ဂြိုဟ်တွေမှာ ပြန်မြင်တာဖြစ်တဲ့အတွက် တိုင်းပြည်မှာပြန်ကောင်းမှာဖြစ်ပါတယ်” လို့ ဒေါ်ကြည်ကြည်စိန်က ဆိုပါတယ်။

ဒီ့အပြင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာအရ ၂၀၂၀ ခုနှစ်စက်တင်ဘာလ ၂၄ ရက်ကနေစပြီးတော့ ရောဂါတွေပျောက်ကင်းတာ၊ ခေတ်မီဆေးဝါးတွေထောက်ပံ့ကူညီမယ့်သူတွေပေါ်ပေါက်တာတွေ ကြုံတွေ့ရမှာဖြစ်ပြီး စီးပွားရေးတွေလည်းပြန်ပွင့်လမ်းလာလိမ့်မယ်လို့ ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ဟောကိန်းထုတ်ထားပါတယ်။