မနိုးရုံးကျေးရွာတွင်(၁၁)နှစ်အရွယ် ကလေးငယ် ကို မိကျောင်းကိုက်ချီ သတ်ခြင်းခံရ

မနိုးရုံးကျေးရွာတွင်(၁၁)နှစ်အရွယ် ကလေးငယ် ကို မိကျောင်းကိုက်ချီ သတ်ခြင်းခံရ

အမှုဖြစ်စဉ်မှာ ၂၂.၆.၂၀၂၀ရက် နေ့လည် ၃နာရီ၃၀မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု၁ မနိုးရုံးကျေးရွာနေ မောင်ညီညီထွေး(၁၁)နှစ်၊ ကျောင်းသားနှင့် မောင်ဝေယံချစ်(၁၁)နှစ်၊ကျောင်းသားတို့ နှစ်ဦးသည် မနိုးရုံး ကျေးရွာအနောက်ဘက်

(၃) ဖာလုံခန့်အကွာရှိ မနိုးရုံးချောင်းတွင် ရေဆင်းကူးပြီးလှေဆိပ်နေရာအရောက် တွင်အရှည်(၁၀)ပေခန့်ရှိ မိကျောင်းတစ်ကောင်မှမောင်ညီညီထွေးအား ဆွဲယူကိုက်ချီသွားခဲ့ပြီး မောင်ဝေယံချစ်သည် ကမ်းစပ်ပေါ်သို့ အော်ဟစ်ပြေးတက်သွားသည်ကို ဓနိဖက်ခုတ်ရာမှလက်လှော်လှေငယ်ဖြင့် ပြန်လာသူ ဦးခင်မောင်ဝင်း (၅၃)နှစ်

မနိုးရုံးကျေးရွာနေသူမှ တွေ့မြင်ရသဖြင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းမြင့်သိန်းထံ အကြောင်းကြားခဲ့ရာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများမှ မောင်ညီညီထွေးအား လိုက်လံရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။ နီနီလှိုင်(ပြည်ကြီးမဏ္ဍိုင်)S .H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်