တနေ့မှာခေါင်းဆောင်ဖြစ်မဲ့သူဆိုတာ ဖိနပ်တိုက်သမားဘဝ ကတည်းက အမြင်ကွာပါတယ်

တနေ့မှာ ခေါင်းဆောင်ဖြစ်မဲ့သူဆိုတာ ဖိနပ်တိုက်သမားဘဝ ကတည်းက အမြင်ကွာပါတယ်…

ဆင်းရဲတဲ့ လူငယ်လေး(၃)ဦးဟာ ကျောင်းအားချိန်မှာ ဖိနပ်တိုက်တဲ့ အလုပ်ကို လုပ်ပြီး အိမ်ကိုထောက်ပံ့နေကြတယ်… တနေ့တော့ သူတို့ ထံကို လူဂုဏ်တန်တစ်ယောက် ဖိနပ်တိုက်ဖို့ ရောက်လာပါတယ်…သူတို့သုံးယောက်ရဲ့ မျက်လုံးအိမ်မှာတော့ မျှော်လင့်ချက်တွေအပြည့်နဲ့… အားလုံးဟာ ပိုက်ဆံလိုချင်လို့ အလုပ်လုပ်နေကြရတဲ့သူတွေကိုး…

ရောက်လာတဲ့သူဟာ ဘယ်သူ့ကို ဖိနပ်တိုက်ခိုင်းရမလဲ မသိဘဲ ဖြစ်နေတယ်… နောက်ဆုံးတော့ သူဟာ သူ့ရဲ့ လက်ထဲမှာ ပိုက်ဆံ နှစ်ထောင် ကိုကိုင်ပြီး ဖိနပ်တိုက်ခ နှစ်ထောင်ပေးမယ် … ဘယ်သူတိုက်မလဲလို့ မေးလိုက်တယ်…ဖိနပ်တခါတိုက်ရင် နှစ်ရာပဲ ရတာ အခု သူဌေးကြီးက နှစ်ထောင်ပေးမယ်ဆိုတော့ လူငယ်လေးသုံးယောက်ရဲ့ မျက်လုံးလေးတွေဟာ ရချင်စိတ်နဲ့အရောင်တွေ တောက်လာပါတယ်…

လူငယ်လေးတစ်ယောက်က… “ကျွန်တော်တိုက်ပါရစေ… ကျွန်တော်မနက်ကတည်းက ဘာမှမစားရသေးပါဘူး ကျွန်တော်အစာမစားရရင် သေသွားနိုင်ပါ တယ်” လို့ ပြောလိုက်ပါတယ်…နောက်တစ်ယောက်က… “ကျွန်တော်တို့အိမ်မှာ ပိုက်ဆံပြတ်နေတာ သုံးရက်ရှိသွားပါပြီ… အမေလည်း နေမကောင်းဘူး… ဒါကြောင့် ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ”လို့ ပြောလိုက်ပါတယ်…သူဟာ နောက်ဆုံးလူငယ်လေး ကိုကြည့်လိုက်ပါတယ်

လူငယ်လေးဟာ သူ့လက်ထဲက ပိုက်ဆံနှစ်ထောင်ကို သေချာကြည့်ပြီး…“တကယ်လို့ ကျွန်တော်သာ ဖိနပ်တိုက်ခွင့် ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ထောင်ဆီပေးလိုက်ပါမယ်..သူတို့က ကျွန်တော့ရဲ့သူငယ်ချင်းတွေပါ…သူတို့တကယ်ဒုက္ခ ရောက်နေကြတာပါ… ကျွန်တော်ကတော့ မနက်က ထမင်းကြမ်းလေး နည်းနည်း စားထားရလို့ ဖိနပ်တိုက်ဖို့ အားရှိပါတယ်… သူဌေးဖိနပ်ကို ကျွန်တော်တိုက်ပါရစေ…” လို့ ပြောလိုက်ပါတယ်…

လူဂုဏ်တန်နဲ့ လူငယ်လေးရဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အံ့အားသင့်နေချိန်မှာပဲ လူငယ်လေးဟာ လူဂုဏ်တန်စိတ်ကျေနပ်တဲ့အထိ ဖိနပ်ကို သေချာစွာတိုက်ပေးလိုက်ပါတယ်.. ပြီးတော့ သူပေးလာတဲ့ ပိုက်ဆံ နှစ်ထောင်ယူပြီး သူ့သူငယ်ချင်းနှစ်ယောက်ကို ချက်ချင်းဘဲ ခွဲဝေပေးလိုက်ပါတယ်…အဲဒီလူငယ်လေးသုံးဦးဟာ အမြင်မတူကြပါဘူး…နှစ်ယောက်ကတော့ သူဌေးကြီးလက်ထဲက

ပိုက်ဆံဟာသူတို့ ၀မ်းရေးအတွက် အရေးကြီးဆုံးအရာ မရှိမဖြစ်လိုအပ်နေတဲ့ အရာလို့ သူတို့မြင်ခဲ့တယ်… (သူတို့အမြင်မှန်ပါတယ်..တကယ်လဲ ဒုက္ခရောက်နေကြတာကိုး) ကျန်တဲ့ လူငယ်လေးကတော့ သူကိုယ်တိုင်လည်း ဆာလောင်နေတာ မှန်ပေမဲ့ သူ့အတွက်ထက် သူတပါးအတွက်ကို အလေးထားပြီးမြင်ပေးခဲ့တယ်.. သူမြင်တာက ပိုက်ဆံ မဟုတ်ဘူး.. ဆာလောင်နေတဲ့ သူ့သူငယ်ချင်းတွေကို မြင်ခဲ့တာပါ.. သူ့ရဲ့ အမြင်ဟာ ကျန်တဲ့ နှစ်ယောက်နဲ့ မတူခဲ့ပါဘူး…

အဲဒီလူငယ်လေးဟာ တချိန်မှာ ဘရာဇီးနိုင်ငံရဲ့ ၃၅ ယောက်မြောက် သမ္မတ (Luiz Inacio Lula da Silva) ဖြစ်လာခဲ့ပါတယ်…

Add a Comment

Your email address will not be published. Required fields are marked *