ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ ယနေ့ ငလျင်လှုပ်တာကြောင့် ပျက်စီးမှု့ပုံရိပ်များ

ရိခေါ်ဒါရ်မြို့မှာ ငလျင်လှုပ်တာကြောင့် ပျက်စီးမှုအချို့ရှိ

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ မှာ ဇွန်လ(၂၂) ရက်မနက်ပိုင်းက ငလျင်လှုပ်ခတ်တာ ကြောင့် နေအိမ်နဲ့ အစိုးရရုံး အချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ခဲ့ရုံး အဆောက်အဦ ကတေ့ ရိခေါဒါရ်မြို့ ပြန်ဆက် ဦးစီးဌာနရုံး ဖြစ်ပြီး အမှတ် (၂) ရက်ကွက်က နေအိမ်နှစ်လုံးပါ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပြေကြား ပါတယ်။

ဒီကနေ့မနက် မြန်မာစံတော်ချိန် မနက် (၅)နာရီ ဝန်းကျင်မှာ ဟားခါးမြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် (၄၂)မိုင် ခန့်အကွာ မြန်မာနိုင်ငံ ပြည်ပ (Myanmar-India Border Region)

နေရာက အနက် (၄) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၉)အဆင့် အင်အားအသင့်အတင့်ရှိ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထား ပါတယ်။ သတင်း- ရဲမြင့်အောင်(ကေမသုမ်)