ပန်းပဲတန်းမြို့နယ်တွင် လူနေတိုက်ခန်း အနောက်ဘက်ခြမ်း ပြိုကျမှု ဖြစ်ပွား…ပုံကိုနှိပ်ပြီးအပြည်စုံဖတ်နိုင်သည်

ရန်ကုန် ပန်းပဲတန်းမြို့နယ်တွင် လူနေတိုက်ခန်း အနောက်ဘက်ခြမ်း ပြိုကျမှု ဖြစ်ပွား…

ပန်းဘဲတန်းမြို့နယ်တွင် ယမန်နေ့ည (၁၀) နာရီ (၂၀) မိနစ်အချိန်ခန့်က အမှတ်(၆) ရပ်ကွက်၊ လမ်း ၃၀ အောက်လမ်းရှိ အမှတ် ၄၆/၄၈ နှစ်ခန်းတွဲ သုံးထပ်အဆောက်အဦ ပထမထပ် နောက်ဖေး မီးဖိုချောင် ကြမ်းခင်း ၂၀x၁၀ ပေ ခန့် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အဆောက်အဦသည် လွန်ခဲ့သော ၇ နှစ်ခန့်မှ စတင်၍ မြို့နယ်စည်ပင်သာယာမှ အန္တရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်ထားခဲ့သဖြင့် ပထမထပ်နှင့် ဒုတိယထပ်တွင် လူနေထိုင်မှုမရှိကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်

အဆောက်အဦ ပထမထပ် (ဝဲဘက်)တွင် အိမ်ငှားနေထိုင်သူမိသားစုများ အန္တရာယ် ကင်းဝေးစေရန်အတွက် ဆက်လက်နေထိုင်ခြင်းမပြုရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးမှာ ကြားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိ ပြိုကျမှု ဖြစ်ပွားတဲ့ တိုက်က နေထိုင်သူတွေကို ဝင်ရောက်နေထိုင်ခွင့် မပြုတော့ပဲ တိုက်ကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။