ဒို့ပြည်ကြီးကို အဆိပ်ခတ်ခံတော့မလို့လား အရေးကြီးတဲ့အတွက် လူကြီးမင်းများမြင်အောင် ရှယ်ပေးကြပါ

မြစ်ဆုံထက်ပိုပီး မြန်မာပြည်က တရုတ်ကြီး လိုချင်နေတဲ့ အရာ

ဧရာဝတီ ဦးခေါင်းကစ အဆိပ်ခတ်ခံလိုက်ရပြီလား။ မြစ်ဆုံထက်ပိုပီး မြန်မာပြည်က တရုတ်ကြီး လိုချင်နေတဲ့ အရာ။ ၁၉၉၄ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဖီမော် စင်ကြိုင်၊ ကန်ပိုင်တီစတဲ့ ဒေသတွေမှာ တရုတ် ကုမ္မဏီတွေက Rare Earth တွေရှာဖွေတူးဖော်နေခဲ့ကြပါတယ်။ တူးဖော်ပုံက Rare Earth ထွက်တဲ့ လုပ်ကွက်မှာ မြေကျင်း တွင်းဝ အကျယ် ၆ လက်မ၊ အနက် ၁၂ မီတာအထိ

တူးပြီး အဲဒီကျင်းထဲကို အမိုနီယမ်ဆာလ်ဖိတ် (NH4)2 SO4 တွေ၊ အက်စစ်တွေအပါအဝင် တခြား chemical compound ရောထားတဲ့ အရည်တွေ ထည့်တယ်။ အဲဒီဓာတ်‌ပေါင်းရည်တွေနဲ့ ဓာတ်ပြုပြီး ထွက်လာတဲ့ ပျော်ရည် တွေကို ကျင်းတွေအောက်မှာ ဂလှိုဏ်ဖောက်ပြီး သတ္တုရည်တွေ ကို ၁၀-၂၀ လောက်အကျယ်ရှိပြီး မိုးကာစ ခံထားတဲ့ သိုလှောင်ကန်တွေထဲကို ထည့်‌လှောင်ပါတယ်။ လှောင်ထားပြီး မြေရှားရည်တွေ အနည်ထိုင်လာတဲ့အခါ

အပေါ်ယံ ရေကြည်တွေကို ပြန်စုပ် ထုတ်တယ်၊ ရလာတဲ့ အနည် အစိုတွေ ကိုတော့ အနည် သိုလှောင်ကန်ထဲကို ထည့်ပြီး အခြောက်ခံထား တယ်လို့ သိရပါတယ်။ သိုလှောင်ထားတဲ့ အနည်တွေခြောက်သွားပြီ ဆိုရင်တော့ မြေရှားလို့ ခေါ်တဲ့သတ္တုကို ရရှိပြီဖြစ်လို့ အိတ်တွေထဲ ကို ထည့်ပြီး တရုတ်နိုင်ငံကို ကားကြီးတွေနဲ့ သယ်ယူသွားပါတယ်။ နိုင်ငံတကာမှာ ဘယ်လိုနည်းနဲ့ ထုတ်ယူကြတယ် မသိပေမယ့် အဲဒီနေရာမှာတော့ တရုတ်တွေက

အဲဒီလိုနည်းတွေနဲ့ ထုတ်ယူနေကြတာပါ။ မြေရှားသတ္တုတူးဖော်တဲ့အခါသုံးတဲ့ ဓာတ်ပေါင်းရည်နဲ့ တူးဖော်နည်းကို မြင်ယောင်ကြည့်လိုက်ပါ ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ။ ဒီလိုတူးဖော်မှုတွေကြောင့် အဲဒီ ဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီး၊ သက်ရှိတွေ အဆိပ်သင့် သေကျေ ပျက်စီးရတာ မနည်းပါဘူး အခုထိလည်း ခံစားနေကြရတုန်းပါ လမ်းပန်းအဆက်အသွယ်ခက်ခဲတဲ့ဒေသ ဖြစ်နေတဲ့အတွက်

တခြားလူတွေသိပ်မသိခဲ့ကြတာပါ။ ကမ္ဘာပေါ် မြေရှားသတ္တု ထွက်ရှိတဲ့နိုင်ငံ‌တွေ ရှိပေမယ့် နိုင်ငံအများစုက မထုတ်ယူကြပါဘူး ဘာကြောင့်လဲ ဆိုရင် သတ္တု‌တူးဖော်မှုမှာ မြေရှားတူးဖော်မှုက သဘာဝဝန်းကျင် ထိခိုက်ပျက်စီးစေဆုံးဖြစ်နေလို့ပါ ဒါကြောင့် မြေရှားရှိတဲ့နိုင်ငံအများစုက သူတို့ ကိုယ်တိုင် တူးဖော်မှုမလုပ်ကြပဲ သူများဆီကနေပဲ ဝယ်ကြတာများ ပါတယ်။

ခေတ်မီနည်းစနစ်တွေနဲ့ စနစ်တကျတူးဖော်တဲ့ နိုင်ငံတွေတောင် ဒီလို လက်ရှောင်ကြတဲ့ မြေရှားသတ္တုကို မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာတော့ မြေကြီးထဲက တီတူးတာထက်ကို လွယ်လွယ်ကူကူ တူးဖော်နေကြ ပေါပေါများများခွင့်ပြုပေးနေတာပါ။ အခုလည်း မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူး မြို့နယ်ရှိ မြေဧက ၃ သိန်းခန့်မှာ ရွှေ၊ ကြေးနီနှင့်

ဆက်စပ် သတ္တုများ ရှာဖွေရေး စမ်းသပ်တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ခွင့် ကို Fortuna Metals Co,Ltdကို ပြီးခဲ့တဲ့ မေလ ချပေးလိုက်ပြန်ပါပြီ။ ရွှေ၊ ကြေးနီနဲ့ ဆက်စပ် သတ္တုရှာဖွေခွင့်မှာ ဆက်စပ်သတ္တုဆိုတာ ပါနေတဲ့ အပြင် Rare Earth ထွက်တဲ့ ဒေသ၊ တူးဖော်နေကြတဲ့ နေရာဖြစ်နေတဲ့အတွက် Rare Earth ရှာဖွေစမ်းသပ်ဖို့က ရာခိုင်နှုန်းပိုများ နေတယ်လို့ ထင်ပါတယ်။ လက်ရှိချပေးတာက

ရှာဖွေစမ်းသပ်ခွင့်ဆိုပေမယ့် သတ္တုဥပဒေအရဆိုရင် ရှာဖွေစမ်းသပ်ခွင့်ရတဲ့ ကုမ္မဏီကပဲ တူးဖော်ခွင့်ရမှာဖြစ်ပြီး ဆက်စပ်သတ္တုလို့ ဆိုထားတဲ့ အတွက်လည်း Rare Earth တွေ့ခဲ့ရင် တူးဖော်ခွင့်ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ တကယ်လို့ Rare Earth တွေ့ခဲ့မယ်၊ တူးဖော်ခဲ့မယ်ဆိုရင် ဘယ်လိုနည်းနဲ့ တူးဖော်ထုတ်လုပ်မှာလဲ။ အပေါ်မှာရေးခဲ့သလို နည်းနဲ့သာဆိုရင်

မြန်မာတစ်နိုင်ငံလုံးကို အဆိပ်ခတ်လိုက်တာနဲ့ အတူတူပါပဲ။ ဘာကြောင့်လဲဆိုရင် ခေါင်လန်ဖူးဒေသဟာ မြန်မာ့အသက်သွေးကြောဧရာဝတီရဲ့ ရေဝေရေလဲဒေသဖြစ်နေလို့ပါ။ ဧရာဝတီ ဦးခေါင်းကစ အဆိပ်ခတ် ခံလိုက်ရပြီလား။ ဘယ်လိုနည်းနဲ့ပဲထုတ်ထုတ် သေချာတာကတော့ အဲဒီနေရာမှာသာ Rare Earth ထုတ်ခဲ့ရင် အနည်းအများ အဆိပ်သင့်ကြရမှာပါပဲ။ Rare Earth မထုတ်ပဲ

တခြားသတ္တုတူးဖော်မယ် ဆိုရင်တောင် နောက်ဆက်တွဲအနေနဲ့ သစ်တောပြုန်းတီးမယ် သတ္တုတူးဖော်တဲ့နေရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေလည်း ဧရာဝတီထဲ ရောက်လာမှာ အသေအချာပါ။ Save The Ayeyarwaddy လို့အော်ခဲ့ကြတဲ့ လူတွေလက်ထက်မှာ မှ မြန်မာ့အသက်သွေးကြော ဧရာဝတီလည်း ဦးခေါင်းကစ အဆိပ်ခတ် ခံလိုက်ရပြီလား တွေးမိပြီး စိတ်မကောင်းဖြစ် ရပါတယ်။ ခရက်ဒစ် Phay Nyein