မိခင်အရင်းက(၁၅)နှစ်အရွယ် သမီးကိုရောင်းစား ပုံကိုနှိပ်ပြီး အပြည့်အစုံ ဖတ်နိုင်ပါသည်

မိခင်အရင်းက(၁၅)နှစ်အရွယ် သမီးကိုရောင်းစား

ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်မှာနေထိုင်ထိုင်တဲ့ မိခင်  အရင်းက သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် သားမယား အဖြစ်ပေါင်းသင်းစေရန်ရောင်းချခဲ့တဲ့ဖြစ်စဉ်တခု ဇွန်လ ၂၀ ရက်နေ့က ပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ခန့်က မိခင်ဖြစ်သူမှ သမီးဖြစ်သူကို ဖခင်ဖြစ် သူဟာလားရှိုးဆေးရုံတက်နေတယ်။သွားကြည့်ဟု ဆိုကာ အမျိုးတစ်ဦးထည့်ပေးလိုက်တာဖြစ်ပြီး

လားရှိုးမြို့ ကို ရောက်တဲ့အခါ ဖခင်ဖြစ်သူနဲ့မတွေ့ရဘဲ တရုတ်အမျိုးသား ( ၁)ဦး အမျိုးသမီး (၂)ဦးတို့နဲ့အတူ ရွှေလီမြို့ကို ဆက်လက် ခေါ်ဆောင်သွားခဲ့ကြောင်း ရွှေလီမြို့ကိုရောက်တဲ့အခါ ၎င်းကို တရုတ်အမျိုးသားနှင့်လက်ထပ်ရမည်ဖြစ်ကြောင်း အသက်မေးရင် (၁၈)နှစ်လို့ဖြေရမယ့် အကြောင်းပြောရာ ၎င်းမှတရုတ်အမျိုးသားနှင့် လက်မထပ်လိုကြောင်းပြောရာ

ကျောက်မဲမြို့မှာရှိတဲ့မိခင်အရင်းက ဖုန်းနဲ့ဆက်သွယ်လာပြီး တရုတ်အမျိုးသားနဲ့ကောင်းကောင်းယူရန် ထွက်ပြေးခြင်းမပြုရန်ပြောခဲ့ပြီး ပထွေးဖြစ်သူကလဲ တရုတ်အမျိုးသားနဲ့ ယူရမယ် ဒီကနေပိုက်ဆံတွေလဲပို့ပေးမယ်လို့ပြောကြောင်း အဲဒီနောက် တရုတ်ပြည်ရှင်းမီမြို့မှာနေထိုင်တဲ့ အသက်(၃၀) ခန့် အမျိုးသားနဲ့ထည့်ပေးလိုက်ကြောင်း အဲ့ဒီတရုတ်အမျိုးသားနဲ့

တစ်နှစ်နဲ့လေးလလောက် ပေါင်းသင်းနေထိုင်ခဲ့ရပြီး အဲ့ဒီအမျိုးသားက ဆက်လက်မပေါင်းချင်တော့ကြောင်းပြောတဲ့အခါ ၎င်းကပြန်ဖို့ပိုက်ဆံတောင်းရာ တရုတ်အမျိုးသားကပိုက်ဆံမပေးနိုင်ကြောင်း ခေါ်လာစဉ်က တရုတ်ငွေ (၈၀၀၀၀)ပေးပြီးဝယ်ယူခဲ့တာဖြစ်ကြောင်း နောက်ထပ်မပေးနိုင်ကြောင်းပြောဆိုကာ ကွေကျုံရဲစခန်းကိုအကြောင်းကြားခဲ့ရာ ထောင်(၇)လကျခံခဲ့ရကြောင်း

အဲ့ဒီကမှကိုဗစ်ကာလဖြစ် တဲ့တွက် တရုတ်ပြည်မှမြန်မာနိုင်သို့ပြန်လည်လွှဲပြောင်းပေးရာမှာ ဇွန်(၂၀)ရက်နေ့မှာ ကျောက်မဲမြို့ အသွားအလာကန့် သတ် ကျန်းမာရေးစောင့်ကြည့်စင်တာသို့ ပြန်လည်ရောက်ရှိလာတာဖြစ်ကြောင်း ရောင်းစားခြင်းခံရသူအမျိုးသမီးကပြော ပြပါတယ်။ အခုအခါ လိမ်လည်ပြီးတရုတ်အမျိုးသားထံရောင်းစားခဲ့တဲ့ လူကုန်ကူးပွဲစား ၊

မိခင်ဖြစ်သူနဲ့ပထွေးဖြစ်သူသုံးဦးကို (ပ) ၅၇/၂၀၂၀ လူကုန်ကူးမှုတားစီးနှိမ်နှင်းရေးဥပဒေပုဒ်မ- ၂၄/၃၂တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိတယ်လို့ ကျောက်မဲမြို့မရဲစခန်းကနေသိရပါတယ်။ Mg Htwe